ဇေကမ္ဘာခေတ်ပျက် သနားစရာ ကမူးရူးထိုး ဦးခင်ရွှေ

အောင်သိန်းလင်းရဲ့ လမ်းတခြမ်းခင်းတဲ့ခေတ်ကုန်တဲ့နောက်မှာ ဖယောင်းတိုင်ထွန်းပါ၊ ထမင်းတနပ် လျှော့စားပါတို့ ပေါ်လာပါသေးတယ်။ အခု တင်ပြချင်တာက ဇေကမ္ဘာခေတ်ပျက် 
သနားစရာ ကမူးရူးထိုး လက်သစ်သူပုန် ဦးခင်ရွှေရဲ့ ပြောစကားတွေပါ။

ပုဂ္ဂလိက လုပ်ငန်းများအား ဦးတည်၍ လှုံ့ဆော်သူအချို့အပေါ် အစိုးရမှ မည်သည့်အတွက် အရေးမယူကြောင်း ဇေကမ္ဘာဦးခင်ရွှေ မေးခွန်းထုတ်

Hot News, February 19, 2013

မြေသိမ်းမှုများ၌ အမှန်တကယ်သိမ်းယူသော အိုးအိမ်ဦးစီးဌာနအား ရည်ရွယ်ဦးတည်ခြင်း လုံးဝမရှိဘဲ ယင်းအိုးအိမ်ဦးစီးဌာနမှ လုပ်ကိုင်ခွင့်ပြန်ချပေးသော ပုဂ်္ဂလိကလုပ်ငန်းများအား ပြည်သူများမှ အထင်လွှဲမှားလာစေရန် ရည်ရွယ်၍ နိုင်ငံရေးလှုံ့ဆော်သူအချို့ရှိနေပြီး၊ ယင်းသို့သော နိုင်ငံရေးလှုံ့ဆော်သူအား အစိုးရမှ မည်သည့်အတွက်ကြောင့် ထိရောက်စွာ ထိန်းသိမ်းအရေးယူခြင်း မပြုရကြောင်းကို ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေမှ မေးခွန်းထုတ် ပြောကြားလိုက်သည်။

“ကျွန်တော်အနေနဲ့ နိုင်ငံရေးတိုက်ကွက်ကြီးကို ကောင်းကောင်းခံနေရတယ်။ ပြောရရင် နိုင်ငံရေးလှုံ့ဆော်နေသူတွေက နည်းနည်းလေးပါ။ အဲဒီမှာ ရန်ကုန်မှာဆို နေမျိုးဝေနဲ့ ၀င်းချို။ အဲဒီလူတွေကို ထိန်းလိုက်ရင် ဒီကိစ္စကပြတ်ပြီ သူတို့က နည်းနည်းဆို ဇေကမ္ဘာမြေသိမ်းတယ်။ 


ဇေကမ္ဘာမတရားလုပ်တယ်ဆိုပြီး လှုံ့ဆော်ကြတာ။ ဇေကမ္ဘာ မတရားလုပ်တာ ဘာမှမရှိပါဘူး။ ဒီရက်ထဲမှာ နေမျိုးဝေက စာအုပ်ကြီး ထုတ်လိုက်တာ။
အဲဒီမှာ ဇေကမ္ဘာက မတရားလုပ်တယ်ဆိုပြီး ပါရော။ ဇေကမ္ဘာ မတရားလုပ်တာ လုံးဝ မရှိပါဘူး။ နည်းနည်းဆို ခင်ရွှေ၊ ဇေကမ္ဘာ၊ ခရိုနီ လွှတ်တော်ကိုယ်စားလှယ်ပြီးတော့ အကြောင်းကြောင်းတွေလည်း ရှိတယ်။
အဓိကက လှုံ့ဆော်နေတဲ့သူ ၄ ယောက်လောက်လေးပါ။ ဒီလေးယောက်လောက်ကို နိုင်ငံတော်က ဘာကြောင့် မထိန်းနိုင်သလဲ ဆိုတာတော့ ကျွန်တော်လည်း စဉ်းစားလို့ မရဘူးဗျာ” ဟု ဇေကမ္ဘာ ဦးခင်ရွှေမှ လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်နှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲ၌ ပြောကြားသွားခဲ့သည်။

ဇေကမ္ဘာ ဦးခင်ရွှေ ရှေ့မှ ဆက်လက်ပြောကြားရာ၌ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၄ ၌ ယခင်အစိုးရ လုပ်ဆောင်ထားသည်များအား ယခုအစိုးရမှ ပြုရမည့်သဘောရှိကြောင်း လက်ရှိလုပ်ငန်းစီမံကိန်းများမှာ ယခင် အစိုးရလုပ်ထားသည့်လုပ်ငန်းများဖြစ်သည့်အတွက် ယခုအစိုးရမှ ကမကဌ ပြုလုပ်ပေးရမည်ဖြစ်ကြောင်းနှင့် ယင်းသို့ နိုင်ငံရေးလှုံ့ဆော်မှုများ၊ လယ်သမားများအား မြှောက်ပင့်နေမှုများနှင့် အခြားသောကိစ္စများအတွက် မိမိအနေဖြင့် တရားစွဲဆိုထားသော အမှုပေါင်း၂၀ ခန့်ရှိနေပြီး ယင်းအမှုများအားလည်း တရားရုံးများ မကိုင်ရဲ၊ ရဲစခန်းမှလည်း ဘာမှ မလုပ်ပေးသည့်အတွက် တရားဥပဒေစိုးမိုးရေးဟူသည် မရှိတော့ပြီလားဟု ထပ်မံမေးခွန်းထုတ် ပြောကြားသွားခဲ့သည်။


ခန့်ခန့်(ဒဿနိက)

Related

article 6335651354277418247

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item