ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနှင့် အစိုးရ တိုက်ပွဲဖြစ်
http://albanykarennews.blogspot.com/2013/02/blog-post_8155.html
ကိုထွေး DVB ဖေဖော်ဝါရီ ၁၉၊ ၂၀၁၃
အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးထားတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ အစိုးရတပ်ဖွဲ့တွေ ရှမ်းပြည်နယ် တန့်ယန်းမြို့နယ် မိုင်းကောင်မှာ ဒီနေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၃ နာရီခွဲကနေ ၅ နာရီလောက်အထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ပြောခွင့်ရ ဗိုလ်မှူး စိုင်းလက ဒီဗွီဘီကို ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေးလုပ်ထားပြီးမှ ဒီလိုတိုက်ပွဲတွေ ဖြစ်ပွားလာတာဟာ ဆွေးနွေးပွဲကို ထိခိုက်နိုင်တယ်လို့ သူက အခုလို ပြောပါတယ်။
“ပန်ယန်းမြို့နယ်ထဲမှာ အရင်တုန်းက တိုက်ပွဲဖြစ်ပြီး ၇ မိုင်စခန်းကို သူတို့အခြေပြုထားတယ်။ တပ်မဟာ ၃၆ လက်အောက်ခံ တပ်ရင်း ၁၉၉ ရှိတဲ့ တောင်ကုန်းပွိုင့်ကို သူတို့ဆက်တိုက်တယ်။ ခမရ ၃၄၂ ပါ။ ကချင်ဘက်ရပ်ပြီး ကျနော်တို့ဘက်လာတိုက်တာ စဉ်းစားစရာပဲ။ ပစ်ခတ်မှုတွေဖြစ်တော့ ဆက်ဆွေးနွေးဖို့ အဟန့်အတားဖြစ်တာပေါ့။”
ရှမ်းပြည်တပ်မတော်မြောက်ပိုင်းန
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဟာ ထိုင်းနိုင်ငံချင်းမိုင်မှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ
Post a CommentDefault CommentsFacebook Comments