ဗမာ့နိုင်ငံရေးပရိယါယ်နှင်စပ်လျဉ်း၍ စောဖိုးသိန်းမှ UNFC လူကြီးမင်းများထံသို့ 

ဗမာတို့၏ နိုင်ငံရေး ပရိယါယ်ကို အထင်သေး၍ မရပေ။ ဗမာလူမျိုးများသည် လှည့်စားရာ၌ မဖြစ်လျှင် ဖြစ်သည့် နည်းဖြင့်၊ မနိုင်လျှင်နိုင်မည့်နည်းဖြင့်၊ မရလျှင် ရသည့်နည်းဖြင့်၊ ကုပ်ကတ် တွယ်ဖက်တတ်သည့် နိုင်ငံရေး ပရိယါယ်ရှိသော လူမျိုးဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ မျိုးရိုးဗီဇ နေရာဒေသ ဆင်းရဲ၍ဖြစ်သည်။ သမိုင်းအဆက်ဆက် ရှမ်းတို့ကို လိမ်လှည့်၍ အယုံသွင်းကာ နောက်လိုက်အဖြစ် သိမ်းသွင်းထားနိုင်ခဲ့သည်။ နားဋောင်းမှ ပတ္တမြား အရောင်ထွက်သော စောမွန်လှကို ဗမာတို့ ကစုန်းမဟုဆိုကာ နန်းမှ နှင်ထုတ်ခဲ့သည်ကိုလည်း ရှမ်းတို့သည် ဗမာကို ခွင့်လွတ် ခဲ့လေသည်။ ထို့ပြင် သိုဟန်ဘွားကို ဗမာတို့သတ်ခဲ့သော်လည်း ဗမာတွေ ကို ရှမ်းတို့ ယုံကြည် ခဲ့ကြပြန် လေသည်။

ဗမာတို့သည် ရခိုင်ဘုရင် ဆောင်းသော သရဖူ ဦးသျှောင်တော်ကို ပုံတူပြုလုပ်၍ (မဟာမြတ်မုနိ ဘုရားတွင်ဆောင်းသော မကိုဋ်ပုံ) ဗောင်းတော်ကို ခြေသုတ် ရာတွင်ထားကာ နံနှိပ် ယတြာ လုပ်ခဲ့ကြသည်။ ထို့ပြင် ဘိုးတော်ဦးဝိုင်းသည် ဗိုလ်ငခိုင်လှကိုဦးစီးစေ၍ ငလှဖေါ်၊ ငအောင်လာ၊ ငချင်း ၊အမည်မသိ၊ စုစုပေါင်း ၅ဦဦးကို အထုတ်သည် (ပစ္စည်းမျိုး စုံရောင်းသူ) ဟန်ဆောင်၍ မဟာမြတ်မုနိ ဘုရားကို အသရေ ညိုးနွမ်း စေခြင်းငှါ မဟာမုနိ ကုန်းတွင် ကိုယ်ဝန်သည် မယ်ကုဝဏ်ရုပ်တု အရက်သမား ကိုကြီးကျော်ရုပ်တု တို့ကိုထားကာ အရက်ဆွမ်းနှင့် ကိုဝန်သည်မ၏ စားကြွင်းစားကျန်များကို ဆွမ်းတင်ရန် အတွက် ဒါယိကာ အဖြစ် ထားခဲ့ လေသည်။ ရခိုင်တို့သည် ဗမာကို တုပ၍ မလုပ်ခဲ့ပေ။ ရခိုင်သည် နှစ်ပေါင်း ငါးထောင် ကျော်ပတ်လုံး ဗမာပြည်ကို ကျုးကျော်ရန်စ တိုက်ခိုက်ခဲ့ခြင်း မရှိခဲ့ပေ။ (နတ်ရှင်နောင်၊ မင်းဖလောင်၊ မဟာပညာကျော်၊ဟံသာဝတီ စစ်ပွဲကိုရှုပါ)။

ဗမာဘုရင်ခေတ် အဆက်ဆက်တွင်လည်း ကချင် ကရင် ချင်း ကယား မွန် ရှမ်း ရခိုင် ၊ တို့ကို မြှောက်စား၍တဖုံ၊ပင့်၍တလှည့်။မီးထိုး၍တဖုံ စစ်ရေးနှင့်တမျိုး၊ သွေးထိုး ရန်တိုက်၍တဖုံ၊ လှည့်ဖျားကာ နိုင်ငံရေး ကစား ခဲ့သည့်အစဉ်အလာများရှိခဲ့လေသည်။

အင်္ဂလိပ်ထံမှ လွပ်လပ်ရေးမရမှီကာလ တခြားတိုင်းရင်းသားလူမျိုးတို့များက ဗမာကိုများကို အယုံအကြည့်မရှိသည်များကိုသိသော ဗမာတို့သည် ဆယ်နှစ်ကြာလျှင် ခွဲထွက်ခွင့်ရှိသည်ဟူသော မက်လုံးပေးသော အနေဖြင့်အခါးပေါ် သကာလောင်းသော ဗမာတို့ ၏စကားကို ယုံ၍ တိုင်းရင်းသားတို့သည် ဗမာနှင့်အတူ လွပ်လပ်ရေးကို ရယူခဲ့ကြသည်။

ပြည်ထောင်စုခေတ်တွင် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရန် တိုင်ရင်းသားတို့ တောင်းဆို လာကြသောအခါ ဦးနုသည် ဗိုလ်ချုပ်နေ၀င်းအား အာဏါအပ်၍ တိုင်းပြည်မှ ထွက်သွား လေသည်။

ဦးးနုအစိုးရသည် ကရင်တို့နှင့်တိုက်ရာတွင် အရေးနိမ့်နေသောအခါ ဦးနု၏ ရန်သူ ဗကပ သခင်သန်းထွန်းသည် ကရင်တို့ကို နောက်ကြောမှ ၀င်ရောက်တိုက်ခိုက် ကူညီပေးလေသည်။ ဤသို့ဖြင့် ဗမာတို့၏ နိုင်ငံရေး ပရိယာယ်သည် တိုင်းရင်းသားတို့အပေါ် ရိုးသားမှုမရှိကြောင်းကို သမိုင်းတွေကထင်ရှား သက်သေရှိနေပေသည်။

နိုင်ငံရေးပရိယာယ်တွင် ဗမာကို အထင်မသေးသင့်ပေ။ ဂျပန်ကိုခေါ်၍ ဂျပန်ကို ပြန် တိုက်သော ဗမာ၊ ပြင်သစ်နှင့် ပေါင်း၍ အင်္ဂလိပ်ကို တိုက်ရန်ကြံသောဗမာ၊ စသည့် ယခင် ခေတ်မှယ္ခုခေတ် အဆက်ဆက်တိုင် ဗမာတို့၏ စစ်ဝါဒ ရှိခဲ့လေရာ ဗမာလူမျိုးတို့ ကို ယုံကြည်၍ မရ ကြောင်းကို သက်သေအထောက်အထားများက သက်သေပြနေ သကဲ့သို့ ရှိနေပေတော့သည်။ ဤသို့ဖြစ်နေသည်မှာ ဗမာဟူသော လူမျိုးတမျိုးသည် ခေတ်တလျှောက်လုံး ရိုးဖြောင့်သော နိုင်ငံရေးမရှိဘဲ နိုင်ငံရေးလိမ်လည်ရန် သာ အားထုတ်ခြင်းကြောင့် ဖြစ်လေသည်။

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item