New York မြို့မှ စမတ်ရဲကားများ
https://albanykarennews.blogspot.com/2013/12/new-york.html
မကြာမီ မှာ New York မှာ အသုံးပြုမယ့် ရဲကားများ ဟာ သာမာန်ရဲကားများထက်ထူးခြားတဲ့ စွမ်းဆောင်ရည် များပါရှိတဲ့ စမတ်ရဲကားများဖြစ်လာတော့မှာဖြစ်ပါတယ်။ အခြားကားများရဲ့ လိုင်စင် နံပါတ်များကို ဖတ်ရှုစစ်ဆေးနိုင်ခြင်း၊ သတင်းအချက်အလက်များကို စုဆောင်းနိုင်ခြင်း စတာတွေကို ပြုလုပ်နိုင်တဲ့ ကွန်ပြူတာ ကားများဖြစ်လာပါတော့မယ်။
New York Police Department (NYPD) က စိတ်ကူးယဉ် ဆန်တဲ့ နည်းပညာ တွေကို အမှန်တကယ် ဖြစ်လာအောင် ပြုလုပ်နေကြပြီဖြစ်ပါတယ်။ Smart Car Prototype ကို New York ရဲဌာန မှ ၂၀၁၂ ခုနှစ် က စတင် စမ်းသပ်နေတာဖြစ်ပြီး ရာဇ၀တ်မှုများကို နှိမ်နင်းနိုင်ဖို့ရည်ရွယ်ထားပါတယ်။
သာမာန်ရဲကားများမှာ လေကာမှန် ၊ မီးသတ်ဆေးဗူး ၊ စွမ်းဆောင်ရည်မြင့် ဓါတ်မီး ၊ အရေးပေါ်ဆေးသေတ္တာ စတာတွေပါရှိပေမယ့် ဒီထက်ပိုပြီး စမတ် ကျမယ့် နည်းပညာမြင့် ပစ္စည်းများလိုအပ်နေပါတယ် လို့ NYPD ရဲ့ အကြီးတန်း ရဲအရာရှိ ဖြစ်သူ Brandon del Pozo မှ ပြောကြားပါတယ်။
Del Pozo မှာ NYPD ရဲ့ နည်းပညာမြင့် ရဲကားများကို အုပ်ချုပ်ရတဲ့သူလည်းဖြစ်ပါတယ်။ နောက်ပြီး ရဲဌာန က တီထွင်နေတဲ့ စမတ်ရဲကားများ စီမံကိန်းကိုလည်း တာဝန်ယူထားရသူဖြစ်ပါတယ်။
စမတ်ရဲကားများမှာ Infrared Monitor ပါရှိပြီး အခြားကားများရဲ့ လိုင်စင်နံပါတ်များကို အလိုအလျှောက် ဖတ်ရှုမှတ်သားနိုင်ပြီး မှုခင်း Database နဲ့ တိုက်ဆိုင်စစ်ဆေးပေးနိုင်ပါတယ်။ ခိုးယူထားသည့်ကား ဒါမှမဟုတ် ယာဉ်မောင်းသူဟာ ရာဇ၀တ်မှု ကျူးလွန်ထားသလားဆိုတာ စစ်ဆေးပေးနိုင်တာဖြစ်ပါတယ်။ မှုခင်း Database ထဲမှာ မပါရှိရင်လည်း အချိန်အတိုင်းအတာတစ်ခုအထိ အဆိုပါ လိုင်စင် နံပါတ်ကို မှတ်သားထားမှာဖြစ်ပြီး အနာဂတ် မှုခင်းများမှာ တိုက်ဆိုင်စစ်ဆေးမှာဖြစ်ပါတယ်။
ကားရဲ့ အနောက်ဘက်မှာ Radiation Detector တပ်ဆင်ထားပြီး လေထု ညစ်ညမ်း မှု ကို တိုင်းတာပေးနိုင်ပြီး NYPD ဌာန ကို သတင်းအချက်အလက်ပေးပို့နိုင်ပါတယ်။ ကားရဲ့ Dashboard ပေါ်မှာ စောင့်ကြည့်စစ်ဆေးရေး ကင်မရာ တပ်ဆင်ထားပြီး ရဲဌာန ကနေ တိုက်ရိုက်ဗီဒီယိုတွေကို ကြည့်ရှုနိုင်ပါတယ်။
အနာဂတ် စမတ်ရဲကားများမှာ Fingerprint Scanner , Facial Recognition နည်းပညာ များတပ်ဆင်မယ်လို့ Del Pozo မှ ပြောကြားပါတယ်။
ယခုလက်ရှိ နမူနာ ရဲကားပုံစံ ကို New York မြို့ရဲ့ နယ်မြေအချို့ မှာ စတင်အသုံးပြုနေတာ တစ်နှစ်ကြာပြီဖြစ်ပါတယ်။ ဘယ်အချိန်မှာ အဆိုပါ ရဲကားများကို တွင်ကျယ်စွာ အသုံးပြုမလဲဆိုတာ ကိုတော့ မသိရသေးပေမယ့် NYPD က မကြာမီ လာမည် မျှော် ဟု ပြောကြားပါသည်။

Post a CommentDefault CommentsFacebook Comments