MKO သတင်း
https://albanykarennews.blogspot.com/2013/10/mko.html
ဒီကနေ့ (19/10/2013) နံနက် ၁၂နာရီ အချိန်တွင် Sin Chew Media Corporation Berhad မှ Helen Ten (feature reporter) သည် မလေးရှားတွင် နေထိုင် သော ကရင် ဒုက္ခသည်များ၏လူဦးရေ၊နေ့စဉ်နေ့တိုင်းကရင်လူမျိုးများ၏အဓိကရင်ဆိုင်နေရသည့်ပြဿနာများ၊လုံခြုံရေး၊အမျိုးသမီး များရဲ့ အန္တရယ် စိန်ခေါ်မှု ပြဿနာများ၊ ပညာရေး အကြောင်းများကို MKO ရုံးခန်းတွင် လာရောက်မေးမြန်းဆွေးနွေးခဲ့ပြီး ဥက္ကဌ မန်းဒုံယောင်း ၊ အတွင်းရေးမှူး စောထင်အောင်၊ (ဒု) အတွင်းရေးမှုး နော်အဲ့ဖိုး တို့က မလေးရှားတွင် နေထိုင် ကြသော ကရင်းများအားလုံး၏ ဘဝရပ်တည် ရေး အခက်အခဲမျိုးစုံကို ပွင့်လင်းမြင်သာ စွာဖြင့် ပြန်လည် ဖြေကြားသွားခဲ့ပါသည်။
ထို့နည်းတူ Dr Kirsten McConnachie (Refugee Studies Centre, Oxford Department of international Development) မှလည်း တိုက်တိုက်ဆိုင်ဆိုင် 03:12 pm အချိန်တွင် အလားတူ မလေးရှားတွင်နေ ထိုင်သော ကရင်တိုင်းရင်းသား များ၏ စားဝတ်နေရေး အခြေခံ အကြောင်းအရာ များကို အသေးစိတ် မေးမြန်းသွားခဲ့ပါသည်။
Post a CommentDefault CommentsFacebook Comments