ပြည်တွင်း ပေါက်ကွဲ မှုသည် KNU လက်ချက် မဟုတ်ကြောင်း ငြင်းဆန်


ပြည်တွင်း ဗုံးဖေါက်ခွဲ မှုနှင့် ထရိတ်ဒါး ဗုံးပေါက်ခွဲ မှုသည် KNU လက်ချက်ဟု စွပ်စွဲ ခဲ့လျှင် မည်သည့် အချက် အလက်ဖြင့် စွပ်စွဲ နေသည်ကို သိလိုကြောင်း၊ KNU စစ်ဦးစီးရုံး တာဝန်ခံ ဗိုလ်မှူးချုပ် ရော်ဂျာခင်က ထုတ်ဖေါ်ပြောကြား ခဲ့ပါသည်။




“ KNU မှာ ပြည်တွင်းမှာ ဗုံးဖေါက် ခွဲဖို့ ပေါ်လစီ မရှိဘူး။ လုပ်လည်း မလုပ်ဘူး။ တကယ်လို့ စွပ်စွဲမယ် ဆိုရင် ဘယ်သူက စွပ်စွဲတာလဲ ဘယ်အချက် အလက် အပေါ် အခြေခံပြီး စွပ်စွဲ တာလဲ ကျနော်တို့ ဆန်းစစ်မယ်။ မဟုတ်ဘူး ဆိုရင်တော့ အဲဒီ စွပ်စွဲ ချက်ကို ဘယ်သူ တာဝန်ခံ မှာလဲ သိချင်တယ်။ မဟုတ်ရင် KNU ကို သိက္ခာ ချဖို့ ဖန်တီး နေတာလား ဆိုတာ ဖြေရှင်း လိုတယ်” ဟု ဆိုပါသည်။

အလားတူ KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီကလည်း စွပ်စွဲချက်ရှိခဲ့လျှင် KNU ကလည်း အဖြစ်မှန်ကို ဖေါ်ထုတ် ချင်ပါသည်ဟု ဆိုပါသည်။

ယခု ဗုံးဖေါက် ခွဲမှုသည် လက်ရှိ နိုင်ငံရေး အခြေအနေအား သဘောမကျ သူများက ဖေါက်ခွဲ သည်လည်း ဖြစ်နိုင်ကြောင်း၊ တချို့ ကမူ ရည်ရွယ်ချက် တခုဖြင့် ဆီးဂိမ်း လုံခြုံရေးကို ထိုးစစ် သဘော တရားဖြင့် တပ်လှန့် ခြင်းသာ ဖြစ်သည့် အတွက် အစိုးရ လက်ချက်ဟု ပြောကြကြောင်း၊ တချို့ကမူ ဗုံးပေါက်မှု သမိုင်းကို အခြေခံပြီး တပ်တွင်း ပြသနာလည်း ဖြစ်နိုင်ကြောင်း သုံးသပ် ကြပါသည်။

ယခင် နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေး ခေတ်က ဗုံးပေါက်ကွဲ မှုများသည် အများ စုသည် လက်သည် မပေါ်သဖြင့် အစိုးရ အပေါ်သံသယ ပွားကြ ပါသည်။ KNU ကမူ ယခုကဲ့သို့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ကာလတွင် KNU အား စွပ်စွဲ လာခြင်း ဖြစ်လာ ပါက စွပ်စွဲချက် အပေါ် အလေးအနက် ထားမည် ဖြစ်ကြောင်း ဆိုပါသည်။

အထူး သဖြင့် KNU တပ်မဟာ (၅) ၏ လက်ချက် ဖြစ်သည်ဟု သတင်များ ထွက်ပေါ်နေသော်လည်း တိကျသော စွပ်စွဲမှု မရှိသေးကြောင်း ဆိုပါသည်။ ဖြစ်နိုင်ခြေ ရှိသည်မှာ ဆီးဂိမ်း အားကစားပွဲ လုံခြုံရေး အတွက် အာရုံလွှဲ ပြောင်းခြင်း ဖြစ်နိုင် ကြောင်း၊ ယခု အချိန်အထိ ဟိုလိုလို သည်လိုလိုသာ ရှိနေ သေးသည်ဟု ထုတ်ဖေါ်ပြောဆို ခဲ့ပါသည်။

KNU သည် မြန်မာ နိုင်ငံ ပြုပြင် ပြောင်းလဲရေးကို ထောက်ခံသည့် အဖွဲ့ ဖြစ်ကြောင်း၊ နိုင်ငံရေး ပြသနာကို နိုင်ငံရေးအရ ဖြေရှင်းလိုသည့်အတွက် အပစ်အခတ် ရပ်စဲ ခဲ့ကြောင်း၊ အပစ်အခတ် ရပ်စဲ ရာတွင် KNU နှင့် သဘောတူ ထားသည့် အချက်များ အစိုးရဖက်မှ လိုက်လံ အကောင် အထည် ဖေါ်ခြင်း မရှိသော်လည်း ပြေလည်မှု ရသည် အထိ ဆွေးနွေး သွားမည်ဟု ခံယူ ထာေးကြာင်း ဆိုပါသည်။

ဤကဲ့သို့ သဘောထား ရှိသည့် KNU အား ဗုံးဖေါက်သည့် အဖွဲ့ဟု စွပ်စွဲ လာပါက စွပ်စွဲမှုကို တာဝန်ခံ ရမည် ဖြစ်ကြောင်း၊ ဤကဲ့သို့ ဖြစ်လာ ပါက အပြုသဘောဖြင့် KNU မှ လေးနက်စွာ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဆိုပါသည်။

ရွှေဟင်္သာ

Related

news 134128159777084954

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item