မိုးစက်ဝိုင် နေရာ မှာ လူစား မထိုး ရ ဘူး လို့  နေရွှေသွေးအောင် ညွှန်ကြားထား



ဘယ်လောက် ပဲ ဆန္ဒ ပြ ပြ မိုးစက်ဝိုင် က လွဲ ပြီး အခြား သူ တစ်ဦးဦး ကို အစား ထိုး တာ မျိုး မလုပ် ရ ဘူး လို့  နေ ရွှေသွေးအောင် က ညွှန်ကြားထား တယ်လို့  ယဉ်ကျေးမှုဝန်ကြီးဌာန က အမည် မဖော် လို တဲ့ အရာရှိ တစ်ဦး မှ FNG ကို ပြောသည်။

၂၀၁၃ ခုနှစ် အောက်တို ဘာလ နှောင်း မှ နိုဝင်ဘာ လ ဆန်း အထိ ရုရှား နိုင်ငံ မော်စကို မြို့  ခရိုကပ်(စ) စီတီးစင်တွင် ကျင်း ပမည့် မယ်စကြာဝဠာ ပြိုင်ပွဲ အတွက် စီစဉ် ရွေးချယ် ခွင့် ရသည့် ယဉ်ကျေးမှုဝန်ကြီးဌာန သည် တရုတ် လူမျိုး တစ်ဦး ဖြစ်သည့် ဝေေ၀ခိုင် ခေါ် မိုးစက်ဝိုင် ကို နိုင်ငံ ကိုယ်စား ပြု စေလွှတ် ရန် ရွေးချယ် ထား ပြီး ဖြစ်သည်။

အသက် ၂၆ နှစ် အရွယ် ရှိ ပြီ ဖြစ်သည့် မိုးစက်ဝိုင်သည် တရုတ် လူ မျိုး တစ်ဦး ဖြစ်သည့် အတွက် နိုင်ငံ နှင့် လူ မျိုး ကို နိုင်ငံ တကာ မှ အထင် မှား သွား စေ နိုင် သည် ဆိုသည့် အတွက် ကြောင့် ကြာသပတေး နေ့  ညနေ ၅ နာရီ အချိန် တွင် ရန်ကုန် မြို့  မြို့  တော် ခန်းမ ရှေ့ ဉ် ကန့် ကွက် ဆန္ဒ ပြရန် စီစဉ် ထား ကြသည်။

" ဘယ်လောက်ပဲဆန္ဒ ပြပြ လူစား လဲ တာ မလုပ် ဖို့  ၀န်ကြီး ကို နေရွှသွေးအောင် က ဖုန်းဆက် ပြောထား တယ် " လို့  ယဉ်ကျေးမှုဝန်ကြီးဌာန က အရာရှိ တစ်ဦး မှ FNG ကို ပြောသည်။

အချို့  သတင်း များ အရ မိုးစက်ဝိုင် ၏ ဖခင် သည် ကွယ်လွန် သူ ဘိန်းဘုရင် လော်စစ်ဟန် နှင့် ရင်းရင်းနှီးနှီး သိကျွမ်း ခဲ့ဖူး ပြီး ဘိန်းမှောင် ခို လုပ် ငန်း များ နှင့် ပါဝင် ပတ်သက် ဖူးသည် ဟု သိရသည်။

မိုးစက်ဝိုင် သည် အမေရိကန် နိုင်ငံ သို့  ကျောင်းသား ဗီဇာ ဖြင့် လာရာ တွင် သူမ ၏ ဖခင် အမည် ကို လွှဲ ပြောင်းထား သည် ဟု သိရသည်။

Freedom News Group(Burma)

Related

news 7925769264954579861

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item