ပရဟိတမယ် ခင့်ဝင့်ဝါ

(၇) ရက်သော သားသမီးများတို့အား အမှူးထားပြီး Miss Supranational Internet ဆု၊ Missosology Website မှ ပေးအပ်သည့် People Choice Award, Face of Miss Supranational 2013, Belarus Webste မှ ပေးအပ်သည့် Most Beautiful Girl in the World အစရှိသည့် ဆု (၄) ဆု ဆွတ်ခူး ရယူခဲ့သူ ခင်ဝင့်ဝါသည် အမိမြန်မာပြည်သို့ ပြန်လည်ရောက်ရှိခဲ့ချိန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ၆.၇.၂ဝ၁၃ ရက်နေ့တွင် မိသားစုနှင့်အတူ အလှူငွေ ၅ဝဝဝဝဝိ/- (ငါးသိန်းကျပ်) တိတိတို့အား လာရောက် လှူဒါန်းခဲ့ရာ ဥက္ကဋ္ဌ ဦးကျော်သူမှ ဂုဏ်ပြုမှတ် တမ်းလွှာ များ ပြန်လည်ပေးအပ်ခဲ့သည်။ 


 ဦးကျော်သူမှ အသင်း၏ လုပ်ဆောင်ပေးဆပ်မှုများ (နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး ကူညီမှုနှင့် အရေးပေါ်ကယ်ဆယ်ရေး) အစရှိသည်တို့အား လိုက်လံရှင်းလင်း ပြသခဲ့ပြီး ၇.၁ဝ.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၂ဝ၁၃ ခုနှစ် တစ်နှစ်တာအတွင်း နာရေးကူညီမှု (တစ် သောင်းပြည့်) အစီအစဉ်အား ကျင်းပပြုလုပ်ရန်ရှိကြောင်း ပြောကြားခဲ့ရာ ခင်ဝင့်ဝါမှ ယင်းနေ့တွင် စာမေးပွဲ တစ်ခု ဖြေဆိုရန်ရှိနေသည့်အတွက် စာမေးပွဲဖြေဆိုပြီးချိန်တွင် လာရောက်၍ ကိုယ်တိုင်ကိုယ်ကျ ယင်း တစ်သောင်းပြည့် နာရေးဈာပနအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ အသင်းသား/ သူများ၊ လူမှုရေးမောင်နှမများ၊ ပရဟိတ အနုပညာမောင်နှမများနှင့်အတူ လက်တွဲ၍ ကုသိုလ်ယူမည် ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

ထိုကဲ့သို့သော နုငယ်လှပသည့် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် အလှမယ်ကလေးများဖြစ်ကြသော နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ၊ ဂုဏ်ရည်အေးကျော်တို့ကဲ့သို့ လူသားတိုင်း မလွန်ဆန်နိုင်သော သေခြင်း တရား ဖြစ်သည့် နာရေးတည်းဟူသော နောက်ဆုံးခရီးစဉ်အား မိမိတို့ပိုင်ဆိုင်မှု မှတ်တိုင်ထူထားသော ဘွဲ့ထူး၊ ဂုဏ်ထူး၊ ဆုတံဆိပ်များနှင့် မသက်ဆိုင်သည်ဟု အများထင်မြင် ယူဆထားသော အယူသည်း မှုတို့ကို ရိုက်ချိုးတိုက်ဖျက်မှုအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှများစွာ လေးစားဂုဏ်ယူမိကာ သံသရာဘဝ မှ စောင့်မျှော်နေကြသော သမ္မာဒေဝါ နတ်ကောင်းနတ်မြတ်များတို့မှလည်း သာဓု .. သာဓု .. သာဓု ဟု ခေါ်ဆိုနေမည်မှာ မလွဲတော့ပေ။

 (ကျော်သူ) 





Related

news 3954713715341008566

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item