သံလျင်ရေနံချက်စက်ရုံ ဗုံးခွဲမှုကိစ္စ ဦးခင်ညွန့် ဖွင့်ချလိုက်ပြီ




သူတို့က NLD အဖွဲ့ဝင်တချို့ပါပဲ။ သူတို့က မတရား စွပ်စွဲ ထောင်ချခံရတာပါလို့ တစိုက်မတ်မတ် ပြောလာကြသူတွေပါ။

သူတို့ကို နှိပ်စက်ညှင်းပန်းပြီး ထောင်ထဲပို့ခဲ့တာ စစ်ထောက်လှမ်းရေးတွေများလား။

စစ်ထောက်လှမ်းရေး ထိပ်သီး ၂ ဦးကတော့ ဒီကိစ္စကို အတိအလင်း ငြင်းလိုက်ပါပြီ။

"သံလျင်ရေနံချက်စက်ရုံ ဗုံးခွဲတဲ့ကိစ္စကို အမှန်က ကျွန်တော်တို့ထောက်လှမ်းရေးက ကိုင်တာ မဟုတ်ဘူး။ သတင်းတပ်ဖွဲ့က ဖော်ထုတ်သွားတာ"
လို့ ထောက်လှမ်းရေး ဗိုလ်မှူးကြီးဟောင်း ဦးစန်းပွင့်က ပြောဆိုတယ်လို့ စက်တင်ဘာလ (၂၇) ရက်နေ့ထုတ် မော်နီတာသတင်းဂျာနယ်မှာ ရေးထားပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကလည်း အခုလို ပြောပါတယ်။

"အမှန်ပဲဗျ။ အက်စ်ဘီက လုပ်သွားတာပဲ။ အဲဒီအချိန်က အက်စ်ဘီတပ်ဖွဲ့မှူးက ဗိုလ်မှူးဖုန်းမြင့်၊ ကျွန်တော် ခေါ်ပြီးတော့ မေးတယ်။ 
မင်းက ဘယ်က အထောက်အထားတွေနဲ့ လာတာလဲ ဆိုတော့ သေချာပါတယ်ဗိုလ်ချုပ် တဲ့။ ငါတို့လူတော့ မသိဘူးနော်။ မင်းတို့လုပ်တာ လို့။ ငါတော့ မသိဘူးကွ လို့။ မင်းတို့ သွားတင်ပြကွာ ဆိုတော့ သူတို့ ပြည်ထဲရေးဝန်ကြီးကို သွားတင်ပြတယ်။ အဲဒီတုန်းက ပြည်ထဲရေးဝန်ကြီးက ဗိုလ်ချုပ်ဘုန်းမြင့်။ အဲဒီတော့ ကျွန်တော်တို့ မလုပ်တာတွေလည်း အများကြီးရှိတယ်ဗျ"

စစ်ထောက်လှမ်းရေးက လုပ်ခဲ့တာမဟုတ်ဘူး လို့ ထိပ်သီး ၂ ဦးက ဖွင့်ချလိုက်ပါပြီ။
အက်စ်ဘီ လို့ ခေါ်ကြတဲ့  သတင်းတပ်ဖွဲ့က လုပ်ခဲ့တာ ဖမ်းခဲ့တာ ထောင်ထဲ ထည့်ခဲ့တာပါ တဲ့။

နိုင်ငံရေးသမားတွေကို နှိပ်စက်ညှင်းပန်းပြီး ထောင်ထဲပို့ခဲ့တာ စစ်ထောက်လှမ်းရေးချည်းပဲ မဟုတ်ဘူး၊ ဟိုကောင်တွေလည်း အများကြီး ပါပါတယ် လို့ သဘောပေါက်မိပါတယ်။

လွယ်လွယ် ဥပမာ ပေးရရင် သံလျင်က စွပ်စွဲခံရသူတွေ။
အက်စ်ဘီ လို့ ခေါ်ကြတဲ့  သတင်းတပ်ဖွဲ့က အခုချိန်ထိ ရှိနေသေးတယ် ဆိုတော့ ... ဒီလူတွေကို ထောင်ထဲထည့်ခဲ့တာ သက်သေ အထောက်အထား ခိုင်လုံတယ် ဆိုတာ ကြေညာနိုင်ပါတယ်။
အထောက်အထား မခိုင်လုံဘူး၊ အကွက်ဆင်ပြီး ပညာပေးခဲ့တာပါ ဆိုရင် အဲဒီအမှုကို ပြန်စစ်ဆေးဖော်ထုတ်သင့်ပါတယ်။
ဒါမှ ညစ်ခဲ့ ကလိမ်ကျခဲ့သူတွေကို အပြစ်ပေးနိုင်မယ်။
မတရားစွပ်စွဲခံရပြီး ထောင်ထဲ အနှစ် ၂ဝ ဝန်းကျင် သွားနေခဲ့ရသူတွေကို ပြန်လည် တောင်းပန်ဖို့ သို့မဟုတ် နစ်နာကြေး ပေးဖို့ လမ်းစ ပေါ်လာမှာ ဖြစ်ပါတယ်။
အက်စ်ဘီ/သတင်းတပ်ဖွဲ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဌာနကြီးတခုပါ။
အမည်းစက်ရှိတယ်ဆိုရင် လုပ်သင့်တာတွေကို ရဲရဲ လုပ်ကိုင် ဖြေရှင်းပါမှ အများပြည်သူရဲ့ လေးစားမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ ရရှိမှာဖြစ်ပါတယ်။

မတရားစွပ်စွဲခံရတဲ့ ကိုညီညီဦးက ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးမှာ ... 
"စစ်ကြောရေးဝင်တယ်၊ တွေ့တွေ့ချင်း ထိုးကြိတ်တော့ တာပဲ၊ စစ်ခုံရုံးကို သက်သေအတုတွေ တင်ပြပြီး ဇူလိုင် ၂၇ရက်မှာ သေဒဏ်ချလိုက်ပါတယ်" လို့ ပြောပြပါတယ်။
 ဒီမှာ မှာ အင်တာဗျူး အပြည့်အစုံကို ဖတ်နိုင်ပါတယ်။

ဗုံးကိစ္စနဲ့ မပတ်သက်ဘဲ ထောင်ထဲ ၂၃ နှစ် နေခဲ့ရသူ ကိုသန်းဇော်နဲ့ ဧရာဝတီ အင်တာဗျူးထားတာကိုတော့  ဒီမှာ ပြန်လည် ကြည့်ရှုနိုင်ပါတယ်။


ဆက်စပ်ဗိုလ်ချုပ်ကြီးခင်ညွန့်သို့ အိတ်ဖွင့်ပေးစာ (၁)
http://blog.irrawaddy.org/2012/01/blog-post_2371.html

Related

article 7696818359540682223

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item