အချမ်းပြေဖို့ ကိုယ့်တဲလေးကို မီးမလှုံပစ်လိုက်ပါနဲ့  (သူ့ အမြင်)



အကြောင်းအရာတခုရေးဖို့ ခေါင်းစဉ်ရွေးရိုးရိုးနဲ့  အချိန်တော်တော်ကြာသွားတယ်။ ဒီခေါင်းစဉ်က ကျနော်ရေးချင်တဲ့အကြောင်းအရာနဲ့ ကိုက်ညီမယ်ထင်လို့ ရွေးလိုက်တာပါ။ ကိုယ်ဆိုလိုချင်တာတခြား သူများနားလည်တာကတခြား ဖြစ်သွားမှာကိုလဲစိုးရိမ်တယ်။ လောကကြီးမှာ ဆွံ့ အ..နားမကြားတွေ၊ တစွတ်ထိုးသမားတွေက များသားဆိုတော့ သာမန်နားလည်လွယ်တဲ့ စကားနဲ့  ရေးသွားမှာပါ။

 ပြီးခဲ့တဲ့အပါတ်က Fbမှာ စိတ်မသက်သာစရာ (လူပါးဝတဲ့ကွန်မန့် လို့ မပြောချင်ပါ။ဆင်ခြင်တုံတရားကင်းမဲ့တဲ့လုပ်ရပ်လို့ လဲ မပြောလိုပါ။) comment တခုတွေ့ လိုက်တယ်။ စိတ်မသက်သာစရာလို့ပြောတာက ကွန်မန့် ရေးတဲ့သူကို သနားလို့ ပါ။ အသက်အရွယ်ကလဲ အမွေးတွေဖြူလို့ (ဆံပင်)ကျွတ်တောင်ကျွတ်တော့မယ်။အတန်းစာကလဲ ABC ထက်ကျော်သွားပါပြီး။
သူ့ ရဲ့ တွေးခေါ်မှုက ဒီလောက်ဘဲ ရှိရသလား။ လူသားတွေရဲ့ တွေးခေါ်မှုက အသက်အရွယ်နဲ့ စာနဲ့  မသက်ဆိုင်လို့ ဖြစ်မှာပါ။

 နောက်တခုကတော့ ဒီလိုလူမျိုးနဲ့ အပေါင်းပါတွေကြောင့် လူမှုအသိုင်းအ၀ိုင်းတခု၊ အဖွဲ့ အစည်းတခု သမိုင်းကွေးသွားမှာကို အရမ်းစိုးရိမ်မိလို့ စိတ်မသက်သာစရာ ဖြစ်ရတာပါ။ ဒါနဲ့ အမြင်မတော်လို့  တစ်လုံးပြန်ထည့်ပေးလိုက်တာ ပွဲတော်တော်ဆူသွားပါတယ်။တပြိုင်နက်တည်း ကျနော့် ထည့်ပေးလိုက်တဲ့ Comment ကို ပြန်ဖျက်ပေးဖို့ လူတချို့  မေတ္တာရပ်ခံ အကြောင်းလာပါတယ်။
ကွန်မန့် အစရေးတဲ့သူ ကာယကံရှင်တော့မဟုတ်။ ဒီကွန်မန့် တွေကြောင့် မိမိတို့ ရဲ့ အဖွဲ့ အစည်း၊
မိမိတို့ လူမျိုးကို ထိခိုက်နစ်နာမှာကို စိုးရိမ်စိတ်ရှိတဲ့သူတွေ ဖြစ်မှာပါ။ ယိုသူမရှက် မြင်သူရှက်စကားအတိုင်း ကွန်မန့် အစချီ မီးစမွေးတဲ့ ကာယကံရှင်ကိုယ်စား သူတို့ မျက်နှာပူတာလဲပါမယ်၊ ရှက်တာလဲ ပါမယ်ထင်တယ်။ ဟုတ်ပါတယ်…
လူမှန်ရင်အရှက်တရားတော့ရှိရမယ်လေ...အရှက်တရားမရှိဘဲ ကိုယ့်ကိုယ်ကို လူလို့ သတ်မှတ်သေးရင် ဒါဟာစိတ်ပိုင်းဆိုင်ရာရောဂါ တခုခု စွဲကပ်နေလို့ ဘဲ။

အဲဒီသတင်းကို ဒီမှာနှိပ်ပြီး ဖတ်နိုင်ပါတယ်။

 ဒီသတင်းကို အဖွဲ့ ဝင်တယောက်က fb မှာ တဆင့်ပြန်လည်ဖေါ်ပြတာကို ကျေးဇူးရှင်ကြီး ကွန်မန့် ဝင်ရေးတာပါ။  Comment အပြည့်အစုံကတော့… (Angela Aung ). Thanks a lot …KIC…
ယနေ့ ကစပြီး တချို့  OKRSO ရဲ့ လူကြီးတွေက ပညာရေးဆိုတာ ဘယ်လောက်အထိ လူ့ ဘ၀အတွက် အရေးကြီးတယ်ဆိုတာ နားလည်နေကြပြီး..အရမ်းဘဲဝမ်းသာမိပါတယ်.... Fb နာမည်ပါထည့်ရေးတာ personal အရ ထိခိုက်နစ်နာစေချင်တာမဟုတ်ဘဲ မိမိပြုတဲ့အမှု(အလုပ်) ကို ပြန်လည်တာဝန်ယူတတ်ဖို့ အတွက်ဘဲ။ တကယ်တော့ သတင်းထဲမှာပါတဲ့ အဖွဲ့ အစည်းလှုပ်ရှားမှုမှာ အဆိုပါ မီးစမွေးသူရဲ့  အရည်အချင်း၊ လုပ်ဆောင်ချက်နည်းနည်းမှမပါ။ အချိန်တန်ရင် စင်ပေါ်တက်မယ်၊ မိုက်ခွက်ကိုက်ပြီး အာရိုက်မယ်၊ ဖဲကြိုးဖြတ်မယ်။ဒီလောက်ပါဘဲ။ ဒီကွန်မန့် အရကြည့်မယ်ဆိုရင် ရေးတဲ့သူက တော်တော်သွေးနားထင်ရောက်တဲ့ပုံဘဲ။ ကြေးစွပ်လိုက်တိုက်သဘောပေါ့။

 ပြီးတော့ ရန်ငြိုးစိတ် အတော်ကြီးမားပုံရတယ်။ ဒါဟာ သူ့ ရဲ့ ကိုယ်ပိုင်အတွေးအခေါ်နဲ့ လား ၊ သူ့ ရဲ့  ဆရာသမားတွေ သွန်သင်ဆုံးမမှုကြောင့်လား။ ဒါမှမဟုတ် နှစ်ခုစလုံးကြောင့်လားဆိုတာ ကာယကံရှင်ကိုယ်တိုင်ဘဲသိမယ်။ ခေါင်းတစ်လုံးထဲနဲ့ မီးစမွေးတာတော့မဟုတ်တန်ရာ။ တဦးတယောက်ထဲ အာဘော်လဲမဟုတ်။ တကယ်တော့ လူမှုအသိုင်းအ၀ိုင်းတခု၊ အဖွဲ့ အစည်းတခုကို အမဲဖျက်သလို ဖျက်စားဖို့ အုပ်လိုက်နဲ့ ကို စုမိနေကြတဲ့ အပေါင်းပါတွေပါ။

 ဒီအုပ်စုထဲမှာ ဒေ၀ဒတ်လိုဆရာသမားတွေရှိတယ်။ အဖွဲ့ အစည်းကို နှစ်ပေါင်းများစွာ ခုတုံးလုပ်ရိုက်စားလာခဲ့တယ်။ ၀င်လာတုန်းက ကိုယ့်လူမျိုးကိုချစ်လို့ ၊ အဖွဲ့ အစည်းအလုပ်ကို ၀ိုင်းလုပ်ဖို့ အတွက်ရောက်လာတာမဟုတ်ဘဲ မိမိရဲ့ စီးပွါးရေး ဈေးကွက်အတွက်ရောက်လာခြင်းဖြစ်တယ်။မိမိကိုယ်ကိုယ် တကယ့်အဖွဲ့ အစည်းအမာခံလိုလို အပြင်မှာလိုက်ကြွားတတ်ပြီး တကယ်တော့ အဖွဲ့  အစည်းမှာ သာမန်လူမှုကယ်ဆယ်ရေးလုပ်ငန်းတောင် တခါမှလုပ်ခဲ့ဘူးသူမဟုတ်ပါ။ အဖွဲ့ အစည်းတွင်းမှာ သြဇာရှိချင်တယ်၊ အရှက်တရားကင်းမဲ့တဲ့ အငြင်းသန်တဲ့သူ။.တာဝန်ကြီးကြီးပေးတော့လဲမယူရဲ၊ ခေါင်းမခံရဲ။ ယူရင်သူ့ စီးပွါးရေးထိခိုက်မှာစိုးလို့ ။

အဖွဲ့ အစည်းညီညွတ်သွားမှာလဲအရမ်းကြောက်တဲ့သူ...သူ့ လေပေါကို နားထောင်တဲ့သူမရှိမှာစိုးလို့ …ဒါကြောင့် အဖွဲ့ အစည်းကို အမြဲတမ်း သူ ကုန်းချောမှုတွေလုပ်တယ်။ အဖွဲ့ အစည်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ သူကိုယ်ယောင်ဖျောက်ပြီး အဖွဲ့ အစည်းအခြေအနေကောင်းတဲ့အချိန်မှာ သူမျက်နှာပြန်လာပြတတ်ပြီ ဟိုဟာ ဟိုလိုလုပ် ဒီဟာဒီလိုလုပ်နဲ့ ဆရာကြီးစတိုင်နဲ့ ပြန်လာပွါးတတ်တယ်။ရိုးသားတဲ့၊ အားနာတတ်တဲ့အသိုင်းအ၀ိုင်းတွေကြားမှာ သူကဆရာကြီးတဆူ။

တကယ်တော့ သူဟာ အမျိုးသားရေးအပေါ်၊ အဖွဲ့ အစည်းအပေါ် ဘာမှခံယူချက်ရှိတာမဟုတ် ။
သူ့ စီးပွါးရေးအဆင်ပြေဖို့ က အရေးကြီးတယ်။ဘာဘဲချနင်းရ ချကျွေးရပေါ့။ဘနဖူး သိုက်တူးသမား။ ဒီအုပ်စုထဲမှာ ပျော့ပျောလေးနဲ့ နံတဲ့ ကြောင်ချီးလိုလူစားမျိုးလဲရှိတယ်။။ သူလဲ အဖွဲ့ အစည်းအခြေအနေ ကောင်းမကောင်းပေါ်မူတည်ပြီးတော့ ပေါ်လိုက်ပျောက်လိုက်ဘဲ။သူကတော့ အဖွဲ့ တွေ အတော်များများထဲမှာ လိုက်ပါတာ အတော်စိတ်ဝင်စားတယ်။ ဒါပေမဲ့ ပေးဆပ်ဖို့ တော့မဟုတ် ။ သူ့ အတွက် တခုခုလိုအပ်လာရင် ဘယ်အဖွဲ့ အစည်းနဲ့ အသုံးတည့်မလဲဆိုတဲ့သဘော။

နောက်ဆုံးတော့ ကိုယ့်ဘက်ကိုယ်ယက်တဲ့ လိပ်မျိုး။ ဒီအုပ်စုထဲမှာ ရယူမှုတခုတည်းနဲ့ အဖွဲ့ အစည်းထဲမှာ ရောက်လာတဲ့သူတွေလဲ ရှိတယ်။ကိုယ်ဘာလူမျိုးလဲမသိ၊ ကိုယ်ဝင်တဲ့အဖွဲ့ အစည်း ဘာအဖွဲ့ မှန်းလဲမသိ။ ကိုယ့်အတွက်အဆင်ပြေရင် ကိုယ့်လူမျိုးမျက်နှာ ကိုယ့်အဖွဲ့ အစည်းကို ကြည့်တတ်တဲ့သူမဟုတ်။ ဒီအုပ်စုထဲမှာ ကိုယ်ဘ၀ရှေ့ တလှမ်းတက်ဖို့ အရေး ကိုယ့်ကြမ္မာကို အပေါင်ခံထား ထားတဲ့သူတွေလဲရှိတယ်။ကိုယ့်ကျင့်တရားနဲ့ အခွင့်အရေးကို အလဲအလှယ်လုပ်ရမဲ့သဘော။ ဒီအုပ်စုတွေထဲမှာ ဟိုးအနောက်တိုင်းကနေပြီးတော့ ကရင်လူမျိုးတွေကို ကိုယ့်အသက်ထက်ပိုပြီး လာချစ်ပြတဲ့သူလဲ ရှိတယ်။နိုင်ငံခြားသားတယောက်က က၇င်လူမျိုးကို ဘယ်လောက်ဘဲချစ်တယ်ပြောပြော ကရင်လူမျိုးကိုချစ်တဲ့ ကရင်တယောက်ရဲ့ အချစ်နဲ့ ဘယ်လိုယှဉ်ပြမလဲ။ နိုင်ငံခြားသားက ကိုယ့်လူမျိုးကို လာချစ်တာ သူ့ ကိုယ်ကျိုးမရှိဘဲနဲ့ တော့ မဖြစ်နိုင်ဘူးနဲ့ တူတယ်။အားလုံးကိုမဆိုလိုပါ။ ဒီအုပ်စုထဲမှာ….. ဒီအုပ်စုထဲမှာ… ထားပါတော့…

………….. ကွန်မန့် ပါ အဖွဲ့ အစည်းနာမည်ကို ကြည့်ရအောင်…သက်တမ်းအားဖြင့် နှစ် 20 ကျော်ပါပြီး။ သက်တမ်းတလျှောက် တာဝန်သိတဲ့မျိုးဆက်သစ် ဆင့်ဆင့်လူငယ်တွေ ပုခုံးပြောင်းတာဝန်ယူတယ်။ တာဝန်ထမ်းဆောင်သွားတဲ့ နောင်တော်တွေ အစ်မကြီးတွေရဲ့ လုပ်ဆောင်ချက်တွေကို လေးစားအသိအမှတ်ပြုကြတယ်။ အကြံဥာဏ်တွေ ရယူတယ်။ဒီလိုမျိုး အစော်ကားခံရတာ အဖွဲ့ အစည်းရဲ့ သက်တမ်း နှစ် 20 ကျော်အတွင်း ဒါဟာ ပထမဆုံးအကြိမ်ဘဲ။

ဒီအဖွဲ့ အစည်းဟာ လူငယ်ဘွဲ့ ရပညာတတ်တွေ အများကြီးမွေးထုတ်ခဲ့ဘူးပါတယ်။ အချို့ တွေ အဖွဲ့ အစည်းကို ပြန်လည်ဝိုင်းလုပ်တာရှိသလို အချို့ တွေ သူတို့ ရောက်တဲ့အရပ်ဒေသမှာ(ပြည်တွင်း/ပြည်ပ)အမျိုးသားရေး လူမှုရေးတာဝန်တွေ တတ်နိုင်သမျှ ထမ်းရွက်ကြတယ်။ အခြေအနေအရ အဖွဲ့  အစည်းကို မပြန်ကူညီနိုင်တာဘဲဖြစ်ဖြစ်၊ အမျိုးသားရေး၊ လူမှုရေးတာဝန်တွေ မထမ်းဆောင်နိုင်တာဘဲဖြစ်ဖြစ် ၊ ကိုယ့်ခေါင်းဆောင်ဟောင်းတွေကို ပြန်စော်ကားတာ၊ ကိုယ့်အဖွဲ့ အစည်းကို ပြန်ဖျက်ဆီးတာ တခါမှ ရာဇ၀င်မရှိခဲ့ဘူး။ အခုမှ ပထမဆုံးအကြိမ်ပါ။

 လူမှုအသိုင်းအ၀ိုင်းတချို့ မှာ လိမ်တာများရင် အဟုတ်လို့ ထင်လာကြတာ…အမှားလုပ်ပြတာများရင် အဲဒီအမှားကို အမှန်လို့ ထင်လာတတ်ကြတာတွေ ကြုံဆုံခဲ့ဘူးတဲ့သူရှိမှာပါ။ ဒီလိုအနေအထားမျိုး ဖေါ်ပြပါ OKRSO အဖွဲ့ တွင်းမှာ မဖြစ်ရလေအောင် ၊အဖွဲ့ အစည်းအပေါ် ၊ စေတနာ၊ စိတ်ဓါတ်မှန်ကန်တဲ့ အဖွဲ့ ဝင်၊အမာခံတွေအပေါ် အထင်မှား အမြင်မှားမဖြစ်ရလေအောင် အဖွဲ့ နဲ့ ပတ်သက်ခဲ့ဘူးသူတယောက်အနေနဲ့  ကိုယ့်ရဲ့ အမြင်တွေကို ဖေါ်ပြသင့်တယ်ထင်ပါတယ်။

တကယ်ဆို personal ကိစ္စတွေဆိုရင် စိတ်လိုက်မာန်ပါ ပြောသင့်ရင်လဲ ပြောလိုက်မိမှာပါ။ အခုဟာက အဖွဲ့ အစည်းကိစ္စ၊ ကိုယ့်အမျိုးသားရေးကိစ္စ၊ ပြီးတော့ ဒီစော်ကားမော်ကားလုပ်ရပ်ဟာ တယောက်ထဲမကဘူး၊ အသွင်တူသူ အုပ်စုလိုက်နဲ့ အဖွဲ့ အစည်းအရေခြုံထားတဲ့ လူတန်းစားတွေပါ။ ဒါကြောင့် စာနဲ့ ပေနဲ့ ရေးရတာပါ။

 ဒါပေမဲ့ အရှက်တရားကင်းမဲ့ပြီး ကျွဲပါးဆောင်းတီးသဘောဖြစ်သွားရင်လဲ သူတို့ သဘောဘဲ။ မရှက်တတ်ရင်လဲ ရှေ့ ဆက်တို့ ပေါ့။ပြောဖို့ ရေးဖို့ က ကိုယ့်တာဝန်လို့ ခံယူတယ်။ လူမှုအသိုင်းအ၀ိုင်းတခုက လူသားအကျိုးတွေကို ဆက်လက်သယ်ပိုးနိုင်ဖို့ အတွက်က အရေးကြီးတယ်။ 

ဒီလိုရေးပြတဲ့နေရာမှာ လူ personal အရ၊ အဖွဲ့ အစည်း တဖွဲ့ အရ ပုံကြီးချဲ့ ချီးမွမ်းထောပနာခန်း ဖွင့်ဖို့ အတွက်လဲမဟုတ်ပါဘူး။ ထိခိုက်နစ်နာအောင်လုပ်ဖို့ အတွက်လဲ မဟုတ်ပါ။ ကိုယ့်ရဲ့ အမြင်နဲ့  သုံးသပ်ခြင်းသာဖြစ်တယ်။ ဆိုတော့....ဆက်ပြောပါရစေ..

OKRSO(Overseas Karen Refugees Social Oraganization)- ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက်တဲ့ အဖွဲ့ အစည်းတခု။ စတင်ဖွဲ့ စည်းတာ 1992 ခုနှစ်ကပါ။ အခုဆိုရင် သက်တမ်းအားဖြင့် နှစ် နှစ်ဆယ်ကျော်ပြီး။ စတင်ဖွဲ့ စည်းတုန်းက လူမှုကယ်ဆယ်ရေးလုပ်ဖို့ အတွက်ဘဲ။ အနေအထားတွေရဲ့  လိုအပ်ချက်အရ ကရင့်ယဉ်ကျေးမှုပွဲတော်တွေ နှစ်စဉ်နှစ်တိုင်းဆိုသလို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပနိုင်ခဲ့ပြီး ကရင်လူမျိုးတွေကို တော်တော်လေးစုစည်းပေးနိုင်ခဲ့ပါတယ်။ အလွှာအသီးသီးက တိုင်းရင်းသားလူမျိုးများနဲ့ ကရင်လူမျိုးတွေ ဆုံစည်းခွင့်ရခဲ့တယ်။

 ပြီးတော့ ပညာရေး……. 98/99 ခုနှစ်လောက်က စလုပ်နေပြီး ..အဲဒီတုန်းက ကွန်ပျူတာတလုံးကို လူဆယ်ယောက်နှုန်းနဲ့ သင်ခဲ့ရတဲ့အခြေအနေ၊ သင်တန်းဖွင့်ပြီးဆိုရင်လဲ ဘန်ကောက်မြို့ အခြေစိုက်တဲ့ အခြားတိုင်းရင်းသားအဖွဲ့ အစည်းတွေပါ တက်ရောက်ကြပါတယ်။နိုင်ငံတကါတက္ကသိုလ်(ထိုင်းနိုင်ငံအပါအ၀င်)တွေမှာ ကျောင်းသားလူငယ်တွေ ပညာတက်ရောက်သင်နိုင်ဖို့ အတွက်လဲ အဲဒီအချိန်မှာကတည်းက စတင်လုပ်ဆောင်နေပြီး။ နယ်စပ်မှာ မူလတန်း စာသင်ကျောင်းဖွင့်လှစ်တာ၊ လူငယ်တွေ အထက်တန်းလွန်ပညာရေးဆက်လက်သင်နိုင်ဖို့ အတွက် စီစဉ်ပေးတာ စတာတွေ…ထောင့်လျှောက်ပါဘဲ။

ပညာရေးကဏ္ဍမှာ NGOs တွေရဲ့ အကူအညီရတာရှိသလို ၊ ကိုယ်ထူကိုယ်ထ နဲ့ လုပ်လာခဲ့တာလဲအများကြီးပါ။ နောက်တခုက..ဟိုးလွန်ခဲ့တဲ့ 10 နှစ်ကျော်၊ အနှစ် 20 တုန်းက ထိုင်းနိုင်ငံမှာ ယခုလို အလုပ်သမားတွေ အလုပ်လုပ်ခွင့်/ခရီးသွားခွင့်လက်မှတ်ရှိတာမဟုတ်ဘူး။ တခါတလေ ရုံးလုံးကျွတ် အဖမ်းဆီးခံခဲ့ရဘူးတာရှိတယ်။ အဖွဲ့ အစည်းဟာ ရုံးမဲ့အနေအထားနဲ့ ရပ်တည်ခဲ့ဘူးတာလဲရှိတယ်။

ဒါပေမဲ့အခက်အခဲတွေများစွာထဲက ပြည်သူအကျိုးကို များစွာသယ်ပိုးနိုင်ခဲ့တယ်။ အဲဒီတော့ ဖွဲ့ စည်းစက ယနေ့ အထိ ပညာရေးကို အားမပေးခဲ့ဘူးတဲ့ခေါင်းဆောင်၊ ပညာရေး အရေးကြီးကြောင်း နားမလည်ဘူးဆိုတာ တယောက်မှ မရှိခဲ့ဘူးပါဘူး။ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် အမြဲတမ်းပေးဆပ်နေတာဘဲ။ခေါင်းဆောင်တွေ သာမန်အဖွဲ့ ဝင်တွေ မထည့်တွက်နဲ့ အုံး။

အဖွဲ့ အစည်းမှာ စာသင်ကျောင်းဖွင့်တယ် ဆိုတဲ့သတင်း ကြားရုံလေးတင်နဲ့ အဖွဲ့ အစည်းနဲ့ ဘာမှမပါတ်သက်တဲ့ သာမန်ပြည်သူတွေတောင်မှ ကျောင်းသားတွေစားဖို့ အတွက် ဆန်လေးတအိတ်စ၊ ကြက်သွန်လေးတကီလိုစ၊ ဟင်းသီးဟင်းရွက်လေးတစည်းစ၊ သားငါးတွေ တကီလိုစ နှစ်ကီလိုစ လာပို့ ပေးကြတယ်။

တချို့ ဆိုလဲ မွေးနေ့ အလှူတွေလာလုပ်ကြတဲ့လူတွေလဲရှိတယ်။ ဒါဟာ ဘာကိုပြသသလဲဆိုရင် ကိုယ့်လူမျိုး၊ကိုယ့်အဖွဲ့ အစည်းကို ချစ်မြတ်နိုးမှု၊ ကိုယ့်လူမျိုးအချင်းချင်း ချစ်ခင်အားပေးကူညီမှုတွေပါဘဲ။ဒါဟာ ကျနော်တို့ လူမျိုးတွေရဲ့ ပင်ကိုယ်စိတ်၊ ပင်ကိုယ်စရိုက် စံနှုန်းတွေပါ။

 ဒီတော့…ပညာရေးအားမပေးဘူး/ပညာရေးဆိုတာ ဘယ်လောက်အထိ လူ့ ဘ၀အတွက် အရေးကြီးတယ်ဆိုတာ နားလည်နေကြပြီး.ဆိုတဲ့ စကားပြောခြင်းဟာ အဖွဲ့ အစည်းရဲ့ သမိုင်းကြောင်းကို မသိတာလဲပါမယ်၊ အမြင်အာရုံချို့ တဲ့ တာလဲပါချင်ပါမယ်၊ အရှက်တရား(ထိုင်းလိုပြောရင်-
 နာ့ဒန့် မိန့် ပင်) ကင်းမဲ့တာလဲပါမယ်။ကိုယ့်လူမျိုးရဲ့ စိတ်ဓါတ်၊ ကိုယ့်အဖွဲ့ အစည်းရဲ့ စိတ်ဓါတ် ရင်ထဲမှာ မကိန်းအောင်းတာလဲပါမယ်။ ဒီလေသံထွက်လာဖို့ အကြောင်းအရာဘယ်ကစသလဲ…

တကယ်တော့ဒီလေသံဟာ တဦးတယောက်ထဲ လေသံတော့မဟုတ်ဘူး။ အပေါ်ကပြောခဲ့တဲ့အတိုင်း ကိုယ့်လူမျိုး၊ ကိုယ့်အဖွဲ့ အစည်းကို ဂုတ်သွေးစုပ်တဲ့ အပေါင်းပါတွေဆီက လာတဲ့လေသံတွေပါ။ လိုရင်းတိုရှင်းဘဲပြောမယ်..OKRSO အဖွဲ့ ဟာ လွတ်လပ်တဲ့အဖွဲ့ အစည်းတခု ဖြစ်တဲ့အလျောက် အခြားဘယ်သူ့ တဦးချင်း ၊ ဘယ်အဖွဲ့ အစည်းရဲ့ သြဇာခံမှမဟုတ်ပါ။ ဘယ်သူရဲ့ ချယ်လှယ်မှုကိုမှ ခံယူမဲ့အဖွဲ့ အစည်းလဲမဟုတ်ပါ။တခါက(နှစ်ထောင်ခုနှစ်က)အဖွဲ့ မှာ ဘယ်သူဘယ်ဝါ ဥက္ကဌလုပ်ပါ။ မဟုတ်ရင် ထောက်ပံ့ကြေးဖြတ်မယ် ..ဘာညာနဲ့ NGOs တခုက အကြပ်ကိုင် ခံခဲ့ဘူးတယ်။

 ဒါပေမဲ့ အဲဒီအချိန်တုန်းက အဖွဲ့ အစည်းအတွင်းမှာ ယခုအခါလိုမျိုး အခွင့်အရေးသမားတွေသိပ်မများသေးတော့ အဖွဲ့ အစည်းစိတ်ဓါတ်ခိုင်မာတဲ့သူတွေစုပေါင်းတောင့်ခံပြီး မဖြစ်စလောက်ထောက်ပံ့ကြေး ဖြတ်ချင်လဲဖြတ် ငါတို့ လုပ်စရာရှိရင်လုပ်သွားမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တော့ အကြပ်ကိုင်တဲ့သူ အရှိုက်မိ၊ အရှက်ကွဲပြီး လက်လျှော့လိုက်တယ်။

 ယနေု့ အခြေအနေမှာတော့ သက်ဆိုင်ရာအာနာပိုင်တွေရဲ့  ဖမ်းဆီးခြင်းတွေ ကြောက်စရာမလိုတော့သလို၊ ရုံးလဲအတည်တကျရှိနေပြီး ပြည်သူတွေလဲ အခိုင်အမာရှိနေပြီး။သာမန်သင်တန်းကျောင်းဖွင့်ဖို့ လဲ ကိုယ့်အဖွဲ့ အစည်းအရည်အချင်းနဲ့ လုပ်နိုင်တယ်။ အဆင့်မြင့်တက္ကသိုလ်တက်ဖို့ အတွက်လဲ အင်န်ဂျီအို၊ ကွန်ယက်အဖွဲ့ တွေနဲ့ ချိတ်ဆက်လို့ ရနေတာဘဲ။ ဒါတောင် ကိုယ့်ရုံးကိုသူများလက်ထဲ ထည့်ပေးလိုက်ရ၊ ကိုယ့်အဖွဲ့ အစည်းကို ပြန်ဖျက်ဆီးနဲ့ ဒါဟာ ဘယ်သူညံ့လို့ လဲ။ မသိသေးတဲ့လူတွေအတွက် နည်းနည်းပြောပြမယ်…

 လွန်ခဲ့တဲ့နှစ်အနည်းငယ်က အဖွဲ့ အစည်းကို ကူညီသယောင်ယောင်နဲ့ အဖြူကောင်ငပွကြီးတယောက် ရောက်လာပါတယ်။ (အဖွဲ့ အစည်းမှာလာရောက်တဲ့ နိုင်ငံခြားသားအားလုံးကိုမဆိုလိုပါ။)အစပိုင်းမှာ စေတနာမှန်သလိုလို…ဒါပေမဲ့ ရောင်းအားကောင်းတဲ့ (ဈေးကောင်းရတဲ့)ကရင်လူမျိုး၊ OKRSO အဖွဲ့ အစည်းဟာ သူ့ အတွက် တွက်ခြေကိုက်ပြီး အိတ်ဖေါင်းလို့ စိတ်ပြောင်းသွားလားမသိဘူး။ ဇာတိပြလာပါတယ်။ လူကိုလူလိုမဆက်ဆံတော့ဘူး၊ အဖွဲ့ အစည်းကိုလဲချယ်လှယ်လာတယ်။ ယုတ်မာရိုင်းစိုင်းတဲ့အပြုအမူတွေ ၊စရိုက်တွေ…တကယ့်မာဖီးယားတယောက်လိုဘဲ။

အသက်မွေးဝမ်းကျောင်းအမှန်က ဘာလဲတော့မပြောတတ်ဘူး။ ဒါပေမဲ့ ဒီလိုမျိုးယုတ်မာရိုင်းစိုင်းပြီး မာဖီးယားစရိုက်တွေကို ကြည့်ရင် သူဟာ ကျောင်းဆရာတယောက်တော့ မဖြစ်နိုင်လောက်ဘူးထင်တယ်။အခုပြောတာမယုံရင် ငပွကြီးကို တကယ်ထောက်ခံပါတယ်ဆိုတဲ့လူ၊ ငပွကြီးဒဏ်ကိုမခံနိုင်လို့ ထွက်ပြေးသွားတဲ့သူ၊ အခြားခံခဲ့ဘူးတဲ့သူတွေလဲအများကြီးပါ။ သွားမေးကြည့်။

ယုတ်မာရိုင်းစိုင်းတဲ့အဖြူကောင် ငပွကြီးလူပါးဝတာကို အဖွဲ့ အစည်းအပေါ်၊ အမျိုးသားရေးအပေါ်စိတ်ဓါတ်ရှိတဲ့သူတွေက မခံနိုင်တော့ သူ့ ရဲ့ အကူအညီကိုမယူတော့ဘူး၊ ပညာရေးအပါအ၀င် အဖွဲ့ ရဲ့ လုပ်ငန်းဆောင်တာလည်ပတ်ဖို့ OKRSO မှာ အမာခံပြည်သူတွေ၊တိုင်းရင်းသားမဟာမိတ်အဖွဲ့ အစည်းတွေ၊ ဂုဏ်သိက္ခာနဲ့ ပြည့်ဝပြီး အဖွဲ့ အစည်းအပေါ် စေတနာရှိတဲ့ NGOs တွေနဲ့ လက်တွဲပြီး ပြည်သူအကျိုးကို ဆက်လက်သယ်ပိုးမယ်။လူ့ ဂုဏ်သိက္ခာ၊ လူမျိုးဂုဏ်သိက္ခာ၊ အဖွဲ့ အစည်းဂုဏ်သိက္ခာလဲ ရှိသေးတယ်မဟုတ်လား။ ဂုဏ်သိက္ခာစော်ကားမခံရဘဲ ယခင့်ယခင်က အဖွဲ့ အစည်းဟာ ပညာရေး၊ လူမှုကယ်ဆယ်ရေး၊စာပေနဲ့  ရိုးရာယဉ်ကျေးမှု ဖေါ်ထုတ်မြင့်တင်ထိန်းသိမ်းရေးတွေ များစွာလုပ်နိုင်တာဘဲ။ ကိုယ့်အဖွဲ့ အစည်း ကိုယ့်လူမျိုးတွေ ဂုဏ်သိက္ခာ ဒီလောက်ထိ ရောင်းစားစရာမလိုသေးပါဘူး။

 ဒါပေမဲ့ အဖြူကောင်ငပွကြီးမာဖီးယားလဲ အထာနပ်တယ်။ဝါးလာခဲ့တာလဲ ကြာပြီးလေ။အဖွဲ့ အစည်းအတွင်းမှာ ကျွန်စိတ်ပေါက်တဲ့သူတွေနဲ့ အတွဲမိသွားပြီး ထင်ရာကိုစိုင်းတော့တာဘဲ။ ဘယ်သူဘာပြောပြော ဂရုမစိုက်တော့ဘူး။ လူစကားနဲ့ ပြောတာ နားမလည်တော့ အနီးအနားမှာရှိတဲ့ အဖွဲ့ အစည်းအမာခံတွေက အာညောင်းပြီးလက်လျှော့လိုက်တယ်။

ဒါကို``ငါတို့ လုပ်တာမှန်လို့ ဘယ်သူမှ ငါတို့ ကို ဘာမှမပြောတော့ဘူးလို့ အတွေးချော်ပြီး``မာန်တွေတက်နေကြတယ်။ (တကယ်တော့ ရွံလို့ မပြောတော့တာပါ။) ပြီးတော့ အပေါ်က ဖေါ်ပြထားတဲ့ကွန်မန့် အတိုင်းပါဘဲ..ဆရာသမားတွေဆီက ယဉ်ကျေးတဲ့ရောဂါကူးစက်သွားပြီး အဖွဲ့ ဝင်ဟောင်းတွေ ၊ ခေါင်းဆောင်ဟောင်းတွေကို စော်ကားတဲ့အထိ လက်ရဲစက်ရဲလာပါတယ်။ ကြည့်ရတာတော့ ဒီလူတွေ တော်တော်အကြံကြီးပုံရပါတယ်။ ဆင်ကြံကြံနေတာတော့အမှန်ဘဲ။

ဒါနဲ့ ဆက်စပ်ပြီး ညီငယ်တယောက်ရဲ့ ပြောစကားကို သွားသတိရမိတယ်။ ဟိုတလောက သူနဲ့ ဆက်သွယ်ဖြစ်တယ်။ အဖွဲ့ အစည်းအကြောင်းမေးကြည့်တော့...သူက `` အကိုကလဲကွာ OKRSO အဖွဲ့ မုဒိမ်းကျင့်ခံထိတာကြာပြီး အကိုမသိသေးဘူးလား``တဲ့။ ရုတ်တရက် ကျနော်တချက်ကြောင်သွားတယ်။ နောက်မှ သူရဲ့ အမြင်တွေကို သူရှင်းပြပါတယ်။

အခုတက်လာတဲ့သူတွေက ထိုင်ခုံရူးရူးတဲ့(သူပြောတာကတော့ ဥက္ကဌရူး ရူးတယ်)အကြောင်းတွေ၊ ရွေးကောက်ပွဲလုပ်တာ ဥက္ကဌဟောင်းခရီးလွန်တာတောင် ပြန်ရောက်အောင်မစောင့်နိုင်ဘူး အစောတလျှင်နဲ့  ငပွကြီးအလိုတော်ကျ ပြီးစလွယ်လုပ်လိုက်တယ်၊ အခွင့်အရေးသမားတွေ အုပ်စုဖွဲ့ ပြီးတော့ အဖွဲ့ အစည်းကို အနုကြမ်းစီးယူတာ၊ နောက် အခု အဖွဲ့ အစည်းမှာ ဒုတိယနေရာ ယူထားတဲ့သူလဲ သူနေရာမရခင်တုန်းက ငပွကြီးနဲ့ အဖွဲ့ အစည်း ပြသနာရှုပ်ထွေးနေတဲ့ ပညာရေးကိစ္စမှာ ငပွကြီးအကူအညီမယူတော့ဘဲ ကိုယ့်အဖွဲ့ အစည်းနဲ့  ကိုယ့်ဘာသာကိုယ်ပြန်လုပ်ကိုင်မဲ့အကြောင်းတွေ ပြောပြီးတော့..ရွေးကောက်ပွဲလဲပြီး သူလဲ အတူတူနဲ့ အငူငူဘဲ ။

 ဒီလူတွေဖင်တပေါက်တည်းဘဲ ဖြစ်တဲ့အကြောင်း….စသဖြင့် သူ့ ရဲ့ အမြင်တွေကို ခံစားချက်အပြည့်နဲ့ ပြောပြရှာတယ်။ဗဟိုကော်မီတီဝင်သစ် ပြန်လည်ရွေးချယ်တာ တရားမ၀င်ဘူးလို့ သူဆက်ပြောသေးတယ်။ နောက်..အဖြူကောင်ငပွကြီးနဲ့ ပတ်သက်ပြီးသူ့ ရဲ့ အမြင်တွေ ပြောတာက (``ခိုလာအွာနော မီ့ဆဖိုင် အောင်းဆဖိုင်``ကရင်လိုပြောတာ)အဓိပ္ပါယ်ကတော့...အဲဒီအဖြူကောင်က သရေပေါ်နား သရေသားစားတဲ့လူဘဲ..ကျနော်တို့ အဖွဲ့ ကို လာမှီပြီးမှ ထမင်းနပ်မှန်တဲ့သူဘဲ…ဒီကြားထဲ ငတက်ပြားပေါက်စတွေနဲ့ တွေ့ သွားတာ အတော်ဘဲဖြစ်သွာတယ်…တဲ့.. ကျနော်လဲ သူ့ စကားကိုနားထောင်ပြီး ဘာပြန်ပြောရမှန်းတောင်မသိဘူးဖြစ်နေတယ်။ ဒီလိုညီငယ်မျိုး မဟုတ်မခံ စိတ်ဓါတ်ရှိတဲ့လူငယ်လေးတွေ အဖွဲ့ အစည်းမှာရော အမျိုးသားထုအတွင်းမှာရော များများရှိရင် သိပ်ကောင်းမှာဘဲလို့ တွေးလိုက်မိတယ်။ `

နောက်တခုစဉ်းစားလိုက်မိတာက ဒီလောက်တောင် နေရာရချင်နေတာ သူတို့ တွေ အဖွဲ့ အစည်းအတွက် အမျိုးသားအတွက် အသက်စွန့် ပြီးလုပ်မဲ့သူတွေ ဖြစ်မယ်လို့  ထင်မိတယ်။ ဒါပေမဲ့သိပ်မကြာဘူး ခြေလှမ်းတွေ စလှမ်းတာနဲ့  OKRSO အဖွဲ့ ဖျက်သိမ်းရေး၊ OKRSO အဖွဲ့ လုပ်ငန်းဆောင်တာမှန်သမျှ ငပွကြီးဦးဆောင်တဲ့အဖွဲ့  လက်ဝါးကြီးအုပ်ရေး…ဆိုတဲ့ဆောင်ပုဒ်တွေနဲ့ ဦးတည်ချီတက်နေပါတယ်။ ` စကားလှလှလေးသုံးတာတခုရှိသေးတယ် အဖွဲ့ အစည်းတရားဝင် မှတ်ပုံတင်နိုင်ဖို့  OKRSO အဖွဲ့ ဖျက်သိမ်းပြီး ငွေများများရနိုင်မဲ့အဖွဲ့ အစည်းနာမည်တခုခုပေးပြီးဖွဲ့ မယ်။ အတော့်ကို တရားရ ရဖို့ ကောင်းပါတယ်။ အဖွဲ့ အစည်းထဲဝင်လုပ်တာ ပေးဆပ်ဖို့ အတွက်လား ငွေရဖို့ အတွက်လား။ တကယ်ငွေရချင်ရင် လမ်းဘေးမှာ ခွက်လေးတလုံးကိုင်ပြီး ထိုင်တောင်းရင်လဲ ရနိုင်တာဘဲမဟုတ်လား။(ရိုင်းသွားရင်ခွင့်လွတ်ပါ)။ကျနော်တို့ လူမျိုး၊ ကျနော်တို့ အဖွဲ့ အစည်း ဒီလောက်ထိ လမ်းဘေးထိုင်တောင်းတဲ့စိတ် မပေါက်သင့်(မထားသင့်)သေးဘူးလို့ ထင်တယ်။ ……………………….. 

ကဲ…ဘာလိုလိုနဲ့  အခုတော့..သက်တမ်းတနှစ်ပြည့်သွားပြီး ..အဖွဲ့ အစည်းကိုပြန်ပေးဆွဲထားတာ။ ဘာအလုပ်တွေ ကြီးကြီးမားလားလုပ်ဖြစ်လဲ၊ အရင့်အရင်က ခေါင်းဆောင်ဟောင်းတွေ ဦးစီးလုပ်ဆောင်ထားတဲ့ လုပ်ဆောင်ချက်တွေထက် ဘာတွေပိုလာသလဲ။(ပိုလာဖို့မရှိဘူး လျော့လာဖို့ ဘဲရှိတယ်) အဖြူကောင်ရဲ့ သင်တန်းကျောင်းက သင်တန်းဖွင့်ပွဲ/ပိတ်ပွဲတွေမှာ OKRSO နာမည်လေး ကပ်တင်ပေးလိုက်နဲ့ အတော်ပင်ပန်းရှာမှာဘဲ။ အလှူရှင်တွေကို ဘယ်လိုနားလည်ပါးရိုက်ထားသလဲ။ ငပွကြီးအဖွဲ့ နာမည်ရော OKRSO အဖွဲ့ နာမည်နဲ့ ရော နှစ်ခုလုံး လှည့်ပတ်စားနေတာလား။ …………….. 

မကြားသေးခင်က ကယောင်ကတမ်းနဲ့ ပတ်ကြားအက်သံ ဘလုံးဘထွေးနဲ့ ကြားလိုက်ရသေးတယ်။ OKRSO လက်အောက်ခံလား ၊ ပေါ်ခံလား ဘာညာရိုက်စားအဖွဲ့ လား(မှားသွားရင်ခွင့်လွှတ်ပါ မမှတ်မိတော့လို့ )၊ အလှူငွေအမြဲတမ်းရရှိဖို့ အတွက်လား…ဘာလား…..ဘာကိုဆိုလိုမှန်းလဲမသိဘူး။ ဟုတ်မှလဲလုပ်ပါအုံး အရပ်ကတို့ ရေ….၃/၄ -နှစ်လောက် အဖွဲ့ အစည်းကို ဂုတ်သွေးစုပ်လာတဲ့ ငပွကြီး…

အခုမှဘယ်လိုလုပ်ပြီးOKRSOလက်အောက်ပြန်ရောက်လာတာလဲ...ဘယ်သူသတ်မှတ်လဲ..
ဘယ်သူအသိအမှတ်ပြုလဲ. အဖွဲ့ အစည်းနဲ့ ကိုယ့်လူမျိုးတွေကို ဘာဒုက္ခတွေဆက်ပေးအုံးမလဲ မသိဘူးနော်… ကျနော်ဆိုလိုချင်တာက …..အဖွဲ့ အစည်းအလုပ်တွေမှာ၊ အများနဲ့ သက်ဆိုင်တဲ့အလုပ်တွေမှာ အခုတမျိုးပြော၊ နောက်တမျိုးရေး လုပ်လို့ မရပါဘူ။လုပ်လဲမလုပ်ကောင်းပါဘူး။ တနှစ်တာသက်တမ်းမှာ အဖွဲ့ လုပ်ငန်းဖေါ်ဆောင်ဖို့  မျက်နှာစုံညီ အစည်းအဝေး ဘယ်နှစ်ခါလုပ်ဖြစ်လဲ။ ကြားရသလောက်တော့ တခါမှ မတခါဘူး။မောင့်သဘော၊ ငပွကြီးသဘောနဲ့ ထင်ရာစိုင်းနေကြတာ အခုမှလာပြီး ဘာတွေယောင်ပြီးထပ်အော်တာလဲမသိ။ငပွကြီးနဲ့ ကျွန်ဓါတ်ခံတွေ ဘယ်တုန်းက အကျွတ်တရားရလို့ စိတ်ဓါတ်တွေပြောင်းသွားတာလဲ။

သမိုင်းကြောင်းကွေးထားတဲ့သူတွေ အသံတခုခုထွက်လာပြီးဆိုရင် တခုခုတော့ တခုခုဘဲ…နည်းနည်းတော့သတိထားရမယ်။ နောက်တခု…ငပွကြီးသင်တန်းကျောင်းက OKRSO ရဲ့ လက်အောက်ခံဆိုပါစို့ ။

ကဲ ..ဒါဆို အဲဒီငပွကြီးနဲ့ ကိုယ့်အဖွဲ့ မျက်နှာစုံညီရှေ့ မှာ ဒီလိုမျိုးပြောဘူးလား။ပြောရဲတဲ့ သတ္တိရော ရှိကြလား။ (နဂိုကတည်းက OKRSO အဖွဲ့ အစည်းပျောက်ချင်နေတာကြာပြီး။ အဖွဲ့ အစည်းစိတ်ဓါတ်ရှိတဲ့သူ၊ အမျိုးသားစိတ်ဓါတ်ရှိတဲ့သူတွေဆို ငပွကြီးမျက်ကြောနဲ့ တည့်တာမဟုတ်။ သူ့ အတွက်လဲ အသုံးဝင်တာမှမဟုတ်။ သူလိုချင်တာ ချကျွေးတာကိုစား၊ စေရာကိုသွားဆိုတဲ့ လူစားမျိုးတွေဘဲ။ )

နောက်တော့ လုပ်ငန်းတွေဘယ်လိုအကောင်အထည်ဖေါ်မလဲ..အဖွဲ့ ဝင်တွေနဲ့ တိုင်ပင်ဘူးလား။ ပညာရေးအကူငွေဟာ ဟိုတပဲ၊ ဒီတပြားကနေ တောင်းခံရရှိတဲ့ငွေတွေဖြစ်တဲ့အတွက် ၀င်ငွေ/ထွက်ငွေတွေ OKRSO အဖွဲ့ အစည်းက စီမံခန့် ခွဲ ရပါမယ်။ ဒါပေမဲ့ လက်အောက်ခံလဲကိုယ်/လက်ပေါ်ခံလဲကိုယ် ။ငပွကြီးအဖွဲ့ မှာလဲကိုယ်/ OKRSO အဖွဲ့ မှာလဲကိုယ် မဖြစ်စေရဘူး။ ယုံကြည်စိတ်ချရတဲ့သူ ၊ ရိုးသားစိတ်ရှိတဲ့သူကို ငွေကြေးပေးကိုင်ရပါမယ်။ ရလာတဲ့အလှူငွေ တခုခုအသုံးပြုမယ်ဆိုရင် အဖွဲ့ အစည်းရဲ့ သဘောတူညီချက်ရယူရမယ်။ အနည်းဆုံး ဒီအချက်တွေနဲ့ ကိုက်ညီမှ အဖွဲ့ ရဲ့ လက်အောက်ခံလို့ ပြောလို့ ရမယ်။ အလှူငွေတွေ ဆက်ရဖို့ အရေး၊ ငပွကြီးနဲ့ အပေါင်းပါတွေ တွက်ခြေကိုက်ဖို့ အရေး၊OKRSO အဖွဲ့ ပေါ် ဆက်ခွထိုင်နိုင်ဖို့ အရေး၊ ကရင်လူမျိုးတွေနဲ့ OKRSO အဖွဲ့ ဝင်တွေ ငြိုငြင်မှာစိုးလို့  OKRSO အဖွဲ့ ရဲ့ လက်အောက်ခံလို့ ဘလောင်းဘလဲလုပ်ရင်တော့ လက်ခံလို့ မရဘူး။ ဒါဟာရိုးသားမှုမရှိဘူး။ သူခိုးဂျပိုးလုပ်ရပ်တွေဘဲ။ …………………….

အစကနေပြန်ကောက်ရအောင်….
ကွန်မန့် ပါအတိုင်း OKRSO ရဲ့ လူကြီးတွေက ပညာရေးဆိုတာ ဘယ်လောက်အထိ လူ့ ဘ၀အတွက် အရေးကြီးတယ်ဆိုတာ နားလည်နေကြပြီး....တဲ…..ပြောလိုက်မယ်..အဆိုပါ စော်ကားခံလူကြီးတွေနားလည်တဲ့ပညာရေးက ကံကြမ္မာကိုရောင်းစား၊ ကိုယ့်လူမျိုးကိုရောင်းစား၊ ကိုယ့်အဖွဲ့ အစည်းကိုရောင်းစား ၀ိုင်းလိမ်ဝိုင်းခိုးပြီးမှ သင်ယူရတဲ့စာတွေ/ပညာတွေကို ဆိုလိုတာမဟုတ်ဘူး။ကျနော်တို့ အဖွဲ့ အစည်း ကျနော်တို့ ကရင်တွေ ရွေးချယ်စရာလမ်း ဒီလောက်ရှားရသလား။ ပညာရေးကို မိခင်ဝမ်းတွင်းကတည်းက နားလည်သယောင်ရှိတဲ့ ကွန်မန့် ရေးတဲ့သူကိုလဲ မေးလိုက်ချင်တယ်။ ပညာရေးကို နားလည်တာလား၊ မက်လုံးကို နားလည်တာလား။

နောက်တခု အဖြူကောင်ဆီမှာ ငွေရေးကြေးရေးအရ အကူအညီတောင်းခဲ့ဘူးသလား။ပြီးတော့ ငွေရေးကြေးရေးအရ အကူအညီလက်ခံခဲ့ဘူးသလား။ လောလောဆယ် ဖြေစရာမလိုသေးဘူး။ကိုယ့်ကိုယ်ကို မှန်ထဲမှာပြန်ကြည့်ပြီး အခေါက်ခေါက်အခါခါ ကိုယ့်ကိုယ်ကို ပြန်မေးပါ။ ပြီးမှ ဖြေပါ။ 

အခုဖြစ်ပျက်နေတဲ့ အဖြူကောင်ငပွကြီး ပညာရေးအဖွဲ့ နဲ့ OKRSO အဖွဲ့ ကိစ္စမှာ ကိုယ့်ကိုယ်ကို (သွေးထွက်အောင်)သိပ်မှန်တယ်…သိပ်သေချာတယ်ထင်ရင် စိတ်ဓါတ်အမှန်အကန်ရှိတဲ့ OKRSO အမာခံတွေကို စော်ကားစရာမလိုဘဲ၊ (အာခေါင်ဆူးမိမှာစိုးရိမ်လို့ ပါ။ )အတင်းအဓမ္မခြုံယူထားတဲ့OKRSO အရေခွံကို ချွတ်လိုက်ပါ။ ပြီးတော့ ကြိုက်တဲ့လမ်းရွေး…ကြိုက်သလိုလျှောက်ပါ။ အဲဒါမှ အမှန်တရားပေါ်လာမှာဖြစ်တယ်။တကယ့် ကိုယ်ပိုင် အရည်အချင်းစစ်စစ်လဲပေါ်လာမယ်။ OKRSO အရေခွံ ဆက်ခြုံနေသေးရင် တနေ့ သောအခါ…ဒီလုပ်ရပ်တွေဟာ ငွေရေးကြေးရေး ပြသနာမတက်လာနိုင်ဘူးလို့ မပြောနိုင်ဘူး။ လူ personal ပြသနာတက်မလာနိုင်ဘူးလို့ မပြောနိုင်ဘူး။ အဲဒီအချိန်ကျရင် နစ်နာမှာက အဖွဲ့ အစည်းဘဲ။ . ဒါပေမဲ့လောလောဆယ် အဖွဲ့ အစည်းကို ခြေစုံကန်ဖို့ အဆင်သင့်မဖြစ်သေးတာလဲပါမယ်။ တနေ့ ကျရင် စိတ်ချ ကန်ကိုကန်မယ်လို့ ကြိတ်ပြီးကြံနေပြီလားမသိဘူး။. အဖွဲ့ ဝင်တွေ ကိုယ့်လိုမျိုး ကျွန်စိတ်မပေါက်တိုင်း ပညာရေးအားမပေးဘူး၊ပညာရေးဟာ အရေးကြီးကြောင်း နားမလည်ဘူးလို့ လိုရာဆွဲသွင်း ပြောယူလို့ မရပါဘူး။ဒါဟာ တိမ်ရာကျတယ်။. ဒီလောက်ဆို သဘောပေါက်လောက်ပြီထင်ပါတယ်...

………………………………… 
ဒီတော့….ဖေါက်ပြန်သူတွေအတွက် ဖတ်ဖို့ သီချင်းတော့မဟုတ်ဘူး…စာပိုဒ်တချို့ ပါ။

 ဒီတဲလေးပေါ်မှာ မည်သူမဆို ခရီးတထောက်နား ကျောခင်း၊အနားယူအိပ်စက်လို့ ရတယ်။ 
 ဒီတဲလေးဟာ မနက်ဖြန်ခရီးဆက်နိုင်ဖို့ အင်အားတွေ ဖြည့်ဆည်းပေးနိုင်တယ်။ 
ဒီတဲလေးပေါ်မှာ ရေငတ်နေသူတွေအတွက် ရေကြည်အေးတွေ ခပ်သောက်လို့ ရတယ်။ 
ဒီတဲလေးပေါ်မှာ ဆာလောင်နေသူအဖို့ အစားအသောက်တွေ သုံးဆောင်သွားလို့ ရတယ်။ ဒီတဲလေးပေါ်မှာ ကျနော်တို့ မသိနိုင်တဲ့ လူ့ လောကလျှို့ ဝှက်ချက်တွေအများကြီးရှိတယ်။ 
ဒီတဲလေးဟာ ကျနော်တို့ တတွေ(ကိုယ်တို့ တတွေ)ရဲ့ တဲအိုလေးပါ။ 

 ဒါပေမဲ့ ကိုယ်အချမ်းပြေဖို့ အတွက် ကိုယ့်တဲအိုလေးကို မီးစာမလှုံပစ်လိုက်ပါနဲ့ ။ ကျတော်တို့ ရဲ့ လူမှုဝန်းကျင်မှာ ကိုယ့်တဲအိုလေးကို မီးစာလှုံသွားတဲ့သူတွေ ဘယ်လောက်ထိများနေပြီလဲ။ဒီစာရင်းထဲ ကိုယ်မပါဖို့ အရေးကြီးပါကြောင်း…။

 မေတ္တာဖြင့်… စ၀်ခိုင့်ဏံင်

ပိုမိုပြည့်စုံအောင် အရင်ဆောင်းပါးကို  ဒီမှာနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

Related

article 5816781211986876100

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item