မြန်မာစစ်တပ်၏ လူမဆန်သော အကြောင်းမဲ့ပစ်သတ်မှုကြောင့် ဦးကျန်ရှောက်ဝမ်သေဆုံး
https://albanykarennews.blogspot.com/2013/09/blog-post_1224.html
KIA တပ်ရင်း(၃၆)ထိန်းချုပ်ရာ တရုတ် မြန်မာနယ်စပ် သျှမ်း(ရှမ်း)ပြည်နယ်မြောက်ပိုင်းရှိ မုံးပေါ်ကျေးရွာနေထိုင်သူ ဦးကျန်ရှောက်ဝမ်(Jang Shau Wang) ၆၂ နှစ် အား မြန်မာစစ်တပ် ခလရ(၂၄၁)မှ အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ ၂၀၁၃၊ စက်တင်ဘာ၂၅ရက်၊ ည ၈နာရီခွဲအချိန်တွင် ဦးကျန်ရှောက်ဝမ်သည် စက်တင်ဘာ၂၆ရက်နေ့တွင်ဖွင့်မည့် ၅ရက်တကြိမ် မုံန်းပေါ်ဈေးသို့ ဈေးရောင်းရန် နွားဖြင့် ပစ္စည်းများသယ်လာစဉ် ဈေးမရောက်မှီမှာပင် ထိုသို့ ပစ်သတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။



Post a CommentDefault CommentsFacebook Comments