အစွန်းရောက်အဖွဲ့တွေရဲ့အန္တရာယ် မြန်မာနိုင်ငံသားများနဲ့ ပတ်သက်လာ



ရခိုင်ပြည်နယ်မှာ မနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနောက်ပိုင်း ဘင်္ဂလားဒေ့်ရှ်နိုင်ငံမှာ ဗုဒ္ဓဘာသာ အများအပြား သတ်ဖြတ်ခံရမှု၊ အင်ဒိုနီးရှား လူဝင်မှုအကျဉ်းစခန်းမှာ မြန်မာတွေ အသတ်ခံရမှု၊ မလေးရှားရောက် မြန်မာနိုင်ငံသားတွေ လုပ်ကြံခံရမှု၊ ဂျာကာတာမြို့က မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြိုးပမ်းကြံစည်မှု၊ အင်ဒိုနီးရှားနဲ့ ဆီးရီးယားနိုင်ငံ အခြေစိုက် အစ္စလာမ်အစွန်းရောက် ခေါင်းဆောင်တွေက မြန်မာနိုင်ငံကို ဂျီဟတ်လို့ခေါ်တဲ့ ဘာသာရေးစစ်ဆင်နွှဲဖို့ ကြိမ်းဝါးမှု၊ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ အိန္ဒိယနိုင်ငံက ဗုဒ္ဓဂါယာကို ဗုံးခွဲတိုက်ခိုက်မှု၊ အခုနောက်ဆုံး မန္တလေးက မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူရဲ့တရားပွဲ ဖောက်ခွဲခံရမှု စတဲ့ ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာခဲ့တဲ့ အခြေအနေတွေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်လုံခြုံရေးကို ခြိမ်းခြောက်မှုတွေ ဖြစ်လာသလို၊ နိုင်ငံတကာမှာရှိတဲ့ မွတ်စလင် အစွန်းရောက် အကြမ်းဖက်အဖွဲ့တွေရဲ့ အန္တရာယ်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လာပြီဆိုတာ မီးမောင်းထိုးပြနေပြီလို့ လေ့လာသူတွေက ရှုမြင်ကြပါတယ်။

 နိုင်ငံတကာမှာရှိတဲ့ အစ္စလာမ်ဘာသာရေး အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ခြိမ်းခြောက်မှု၊ လှုပ်ရှားမှုတွေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်လုံခြုံရေးကို ထိခိုက်လာနိုင်ကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။

Related

news 6901442410702949888

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item