ရိက္ခာလျှော့ချမည့် သတင်းစကားကြောင့် နယ်စပ် ဒုက္ခသည်များ စိုးရိမ်။

ထိုင်းမြန်မာနယ်စပ်မှ ဒုက္ခသည် ဘ၀ ရပ်တည်နေရပုံ
ထိုင်းမြန်မာနယ်စပ်မှ ဒုက္ခသည် ဘ၀ ရပ်တည်နေရပုံ (ဓါတ်ပုံ- အင်တာနက်)

ထိုင်းနိုင်ငံ မဲဆောက်ခရိုင် မယ်လ ဒုက္ခသည် စခန်းတွင် ရိက္ခာလျော့ချမည်ဟု သတင်းထွက်ပေါ်နေသော်လည်း ရိက္ခာ လျော့ချမှုနှင့် ပတ်သတ်ပြီး ထောက်ပံ့ကူညီမှုပေးနေသော TBC အဖွဲ့မှ တရားဝင် အကြောင်းကြားခြင်း မရှိသေးဟု မယ်လ ဒုက္ခသည် စခန်းကော်မတီဝင် တစ်ဦးမှ ဆိုပါသည်။
ဒါက တိကျသေချာတဲ့ သတင်း ရပ်ကွက်ကတော့ မဟုတ်ပါဘူး။ ရိက္ခာလျော့မယ် ဆိုရင်တော့ ဘယ်နှစ်ကီလိုလျော့မယ်။ ဘယ်လောက် လျော့မလဲဆိုတာကိုတော့ ကျနော်တို့သိရမှာပေါ့။ အရင်က ပေးတဲ့ ရိက္ခာတွေက ဆန်က ၁၂ ကီလို ဆိုတော့ ဒုက္ခသည်တွေက စားလို့မလောက်ဘူး ထပ်လျော့ရင်တော့ ပိုဆိုးသွားနိုင်တယ် ။ တကယ်လို့ TBC ဘက်က ဒီသတင်းကို အတည်ပြုပြောလာမယ် ဆိုရင်လည်း ကျနော်တို့ဘက်က ဒုက္ခသည်အတွက် နစ်နာမှု မရှိအောင် တော့ အလှူရှင်တွေကို မလျော့ဖို့ တင်ပြရမှာပဲဟုဆိုပါသည်။
ယခင်ကမူ ဒုက္ခသည် တဦးကို တလလျှင် ဆန် ၁၅ ကီလိုပေးသော်လည်း ၂၀၁၃ခုနှစ်တွင် လူကြီး တစ်ဦးလျှင်ဆန်၁၂ ကီလိုနှင့် ၅ နှစ်အောက် ကလေးတဦးအား ဆန် ကီလိုသာပေးကြောင်း ဆိုပါသည်။ ထို့အပြင် ဆီ - ဒသမ.လစ်၊ငပိ - ခစ်၊ပဲ -ခစ်၊ဆား-၂ ခစ်၊ မီးသွေး-၂၀ကီလို (လူတစ်ဦး ပိုတိုင်းကီလိုတိုးပေးတယ်)၁၈ နှစ်အောက်လူ ငယ်များ အတွက် - အဟာရဓာတ်စုံမှုန့်ကီလိုဝက် ပေးသည်ဟု ဒုက္ခသည် စခန်းရှိ ကရင် အမျိုးသမီးကြီး တစ်ဦးက ဆိုပါသည်။
ကျမတို့က ဆန် ၁၂ ကီလိုနဲ့ မလောက်ပါဘူး။ ၀င်ငွေကလည်း မရှိတော့ တခါတလေ နေ့စား အလုပ်ထွက်လုပ်နေရ တာတို့ ရှိတယ်။ အလုပ်ကနေပြန်လာရင် ပင်ပန်းတော့ စားစရာတခြား မရှိဘူး တစ်ရက်မှာ ရေသောက် ထမင်းကို သုံးခါ လောက်စားနေရတယ်။ ကလေးတွေကိုလည်း ကျောင်းသွားရင်  မုန့်အစား ထမင်းပဲ ၀အောင်ကျွေးရသည်ဟုပြောပါသည်။
ထို့အပြင် ဒုက္ခသည် စခန်းတွင် လူ ()မျိုး ()စားရှိကြောင်းဆိုပါသည်။ ထိုလူ ()မျိုးမှာ -
) ပထမ အမျိုးအစားက ဒုက္ခသည် စခန်းမှ ရသည့်ရိက္ခာများအား လိုအပ်သည့်စားစရာ စားချင်တဲ့အသီး၊ အသားတို့နဲ့ လဲစားကြသည်တစ်မျိုး
) ဒုတိယ အမျိုးအစားက စခန်းက ပေးတဲ့ဆန်ကို မစားပဲရောင်းကား စားချင်သည့် ဆန်ကို ၀ယ်စားပြီး ဆန်မလောက် သည့်အပေါ်မှာ နေ့စားထွက်လုပ်ပြီး လိုအပ်သည်များကို ဖြည့်ဆည်းကြသည်က တစ်မျိုး။
) တတိယ အမျိုးအစားကဆန်က မလောက်ဘူး ၀င်ငွေလည်း မရှိဘူးကလေးတွေ အတွက်မုန့်ဖိုးမရှိတော့ ထမင်းကိုပဲ ကျွေးနေတဲ့အတွက် ဆန်လုံး ၀မလောက်ဘူး ဟု ဒုက္ခသည် စခန်း ကော်မတီဝင် တစ်ဦးက ဆိုပါသည်။
နံပါတ် ၃ အမျိုးအစား ကတော့ လကုန်ခါနီး ဆိုရင်ဆန်ပြတ်တယ်။ အိမ်ဘေးနားကရှိတဲ့ လူတွေဆီမှာ အကူအညီတောင်း ချေးစားကြတယ်။ ရိက္ခာ ပြန်ထုတ်တဲ့ အခါတော့ပြန်လျော်ပေးတယ်။ အဲဒီလိုပဲဘ၀က သံသရာလည် နေသလိုဖြစ် နေတယ်။ ဒါက ဒုက္ခသည်တွေက အပြောပဲမဟုတ်ဘူး။ တကယ် ဒုက္ခရောက်နေကြပါတယ် သူတို့အတွက်လည်း စိုးရိမ် စရာဖြစ် နေပါတယ်။ သူတို့ဘ၀ကို ဒုက္ခမျိုးစုံနဲ့တလပြီး တလ ဖြတ်သန်းနေရပါတယ်။ နောက်တစ်ခုက မိသားစုများတဲ့ သူအတွက်လည်း အတော်ကို ခက်ခဲသွားနိုင်တယ်ဟု ဆိုပါသည်။
၂၀၁၂အကုန်ပိုင်းနှင့်၂၀၁၃ အစပိုင်းတွင် စခန်းတွင် ရှိသော ဒုက္ခသည်များအား လေ့လာ စောင့်ကြည့်ရန်အတွက် TBC မှ စမ်းသပ် Program တစ်ခု ပြုလုပ်ခဲ့ပါသည်။ လေ့လာ တွေ့ရှိချက်အရ ဒုက္ခသည် စခန်းတွင် မိမိကိုယ် မိမိရပ်တည်နိုင်သည့် ဒုက္ခသည် တချို့ရှိနေကြောင်း၊ ထိုလူများသည် ၄င်းတို့၏ ဝေစုအား မရှိချို့တဲ့သော  ဒုက္ခရောက် သူများအား ဝေငှလိုစိတ် မရှိသည်ကို တွေ့ရှိခဲ့ကြပါသည်။
အကယ်၍ အကြောင်း အမျိုးမျိုးကြောင့် ရိက္ခာလျော့ချ ခဲ့ရပါလျှင် ဒုက္ခသည် အချင်းချင်း တစ်ဦးအပေါ် တစ်ဦး ရိုင်းပင်း ကူညီ လိုစိတ်မရှိခြင်းအပေါ် အလှူရှင်များက စိတ်ကွက် သွားနိုင်သည့် အတွက်ကြောင့် ရိက္ခာလျှော့ချခြင်း မျိုးလည်း ဖြစ်နိုင်ပါသည် ။
ထိုနည်းတူစွာ ဒုက္ခသည်များအား ထောက်ပံ့ပေးနေသည့် TBC သည် ရံပုံငွေ ရရှိမှု နည်းသွားသဖြင့် ၄င်းတို့၏ အကူအညီ ပေးမှုများ လျော့ချသွားနိုင်တာမျိုးလည်း ဖြစ်နိုင်ပါသည်။
သို့သော်လည်းဘဲ ရိက္ခာလျှော့ချတော့မည်ဟု ထွက်ပေါ်နေသော သတင်း စကားများကြောင့် ဒုက္ခသည်များ စိုးရိမ်မှုရှိ နေကြသော်လည်း ယနေ့ အချိန်ထိ ရိက္ခာလျော့ချခြင်း မရှိသေးကြောင်း TBC KRC အဖွဲ့နှင့် ဒုက္ခသည် စခန်းကော်မတီ ၀င်များက ဆိုပါသည်။


Source - ရွှေဟင်္သာ

Related

news 3818380401088665088

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item