လူခုနစ်ယောက်က ဝိုင်းဝန်းအကြမ်းဖက်မှု မြောက်ဥက္ကလာတွင်ဖြစ်ပွား။



လူခုနစ်ယောက်က လူငယ်တစ်ဦးကို လက်သီးဖြင့် ဝိုင်းဝန်းထိုးကြိတ်ပြီး ချွန်ထက်သော အရာဖြင့်ပါ ထိုးနှက်ခဲ့သဖြင့်
မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းတွင် လာရောက်အမှုဖွင့် တိုင်တန်းမှုတစ်ခု ဇွန် ၂၄ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က မှုခင်းသတင်း ထုတ်ပြန်သည်။

အကြမ်းဖက်ခံရသူမှာ အသက် ၂၇ နှစ် အရွယ် ကိုအောင်ကိုကိုဖြစ်ပြီး ၎င်းသည် မြောက်ဥက္ကလာပမြို့နယ် စ-ရပ်ကွက်တွင် နေထိုင် သည်ဟု ရဲဌာနက အတည်ပြုထားသည်။

အကြမ်းဖက်ခံရမှုကြောင့် သူသည် လည် ပင်းဝဲဘက်တွင် ဒဏ်ရာရထားသလို၊ ဝဲဘက် နံရိုးအောက်တွင်လည်း ချွန်ထက်သည့်အရာ ဖြင့် ထိုးသွင်းထားသည့် ဒဏ်ရာတစ်ခုရရှိ ထားသည်ဟု ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ကာယကံရှင် က သူနှင့်တစ်လမ်းတည်း အတူနေထိုင်သော ကိုဝေယံကိုကိုနှင့် သူငယ်ချင်းများက ပြုလုပ်ခြင်းဖြစ်သည်ဟု စွပ်စွဲကာ ရဲကိုထွက် ဆိုထားသည်။

ကိုအောင်ကိုကိုက အပြင်မှပြန်လာစဉ် ၎င်း၏အိမ်ရှေ့အရောက်တွင် ထိုသူများက ''မင်းကလူမိုက်လား''ဟု မေးရာမှ စကားများ ရန်ဖြစ်ကြပြီး ဝိုင်းဝန်းချုပ်နှောင်၍ ထိုးကြိတ်သလို ချွန်ထက်သော အရာဖြင့်လည်း ထိုးခဲ့သည်ဟု ရဲစခန်းတွင် ကာယကံရှင်ကထွက် ဆိုထားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန် သူများကို စုံစမ်းအရေးယူပေးပါရန် ကာယကံရှင်၏ အမဖြစ်သူက
မြောက်ဥက္ကလာပ ရဲစခန်းတွင် တိုင်တန်းထားပြီး ရဲများက အမှု အမှတ်(ပ)၅ဝ၇/၁၃ ဖြင့် အမှုဖွင့်ထားသည်။

ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူများကို ရဲများက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆/ ၁၁၄ဖြင့် တရားစွဲဆိုမည်ဟု လည်း ရဲဌာနက သတင်းထုတ်ပြန်သည်။


Source - မဇ္ဈိမ

Related

news 6893806788105327812

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item