ပြည်တွင်းမှ ကရင်အမျိုးသားညီအကိုမောင်နှမတွေ MKO ကိုလာရောက်လည်ပတ်လေ့လာ။

ရုံးခန်းထဲမှာ အမှတ်တရ။

ပြောကြဆိုကြ ဖလှယ်ကြ။

ညီအကိုမောင်နှမတွေ မထင်မှတ်ပဲပြန်တွေ့ကြတော့...။
မြန်မာနိုင်ငံတွင်းမှာ ကရင်ညီအကိုမောင်နှမတွေမြောက်များစွာနေထိုင်နေကြတာ အထူးပြောပြစရာတော့
သိပ်ပြီးလိုမယ်မထင်ပါ။"ကိစ္စများမြောင်၊လူတို့ဘောင်" ဆိုတဲ့စကားအတိုင်း ကျွန်တော်တို့ယာယီနေထိုင် နေ ကြတဲ့ မလေးရှားနိုင်ငံကိုလည်း သူတို့တွေရဲ့ပုဂ္ဂလိက ကိုယ်ရေးကိုယ်တာကိစ္စများနဲ့ ၀င်ထွက်သွားလာနေ ကြတာလဲ အဆန်းတော့မဟုတ်ပါ။ဒါပေမယ့်လဲ တခါတရံမှာတော့ အဲ့ဒီမဆန်းလှတဲ့ ဖြစ်ရပ်တွေထဲကနေပဲ
ပြောစရာ ဆိုစရာ အမှတ်ရစရာတွေဆိုတာ ပေါ်လာတတ်ကြတယ်မဟုတ်လား။အခုလဲ ကျွန်တော်တို့ မလေးရှား ကရင်အမျိုးသားအစည်းအရုံး(MKO) အတွက် ဆိုရေးရှိလို့ ဆိုရမယ့် အဖြစ်အပျက်လေး တစ်ခု
ဖြစ်ပျက်လာ ခဲ့ပါတယ်။MKO ကိုလူပေါင်းများစွာဝင်ထွက်သွားလာနေကြတယ်ဆိုတာ အားလုံးအသိပါ။ ကျွန်တော့်အထင် ကိုပြောရမယ်ဆိုရင်တော့ မလေးရှားနိုင်ငံမှာရှိနေတဲ့ ကရင်အမျိုးသားထုကိုတစ်စုံ တစ်ခု
သောအတိုင်းအတိုင်းအတာနဲ့ ကိုယ်စားပြုနေတဲ့ MKO ရှိနေတာကိုအထူးအဆန်းကြီးဖြစ်ပြီး လာကြည့် တဲ့ သူ ဆိုတာတော့ များများစားစားသိပ်ရှိမယ်မထင်ပါ။ခရီးသွားဟန်လွှဲ လို့ပဲပြောပြော လမ်းကြုံလို့ပါ ပဲ ဆိုဆို အခုလိုပြည် တွင်းမှာနေထိုင်နေကြတဲ့ကရင်ညီအကိုမောင်နှမ တစ်စုကတော့ MKO ရဲ့ EC တစ်ဦးဖြစ်တဲ့ ဖထီမန်းကံမြင့်ရဲ့ ခေါ်ဆောင်လာမှုနဲ့အတူ ၂၀၁၃ခုနှစ် ဧပြီလ(၆)ရက်နေ့ စနေနေရဲ့ ညနေခင်းအချိန်မှာ MKO ကိုဆိုက်ဆိုက်မြိုက်မြိုက်ကြီးကိုရောက်လာပါတော့တယ်။ သူတို့တွေနဲ့အလာပသလာပပြောကြဆိုကြ
 ရင်းနဲ့ စကားတစ်ခွန်းက ကျွန်တော့်ရင်ဘတ်ကို လှုပ်ခါစေပါတော့တယ်။အဲ့ဒီစကားလုံးလေးကတော့
 "မလေးရှားနိုင်ငံမှာ ကရင်လူမျိုး များများစားစားရှိနေ မယ်လို့တောင်ထင်မထားခဲ့ပဲ အခုလိုကရင်အဖွဲ့ အစည်း တစ်ခုကိုတွေ့လိုက်ရတာ အရမ်းအံ့သြတယ်၊အရမ်းလဲဂုဏ်ယူပါတယ်"တဲ့ဗျာ။ကျွန်တော့်အတွေး ထဲမှာလဲ"အော်..ငါတို့ကရင်တွေကြားထဲမှာInformation Sharing လို့ခေါ်တဲ့ သတင်းအချက်အလက်ဖ လှယ်ရေးစနစ်တခုအရေးပေါ်ကို လိုအပ်နေပါပေါ့လား..."လို့သာတွေးနေမိပါတော့တယ်။

ကိုးဒီသွေး

Related

news 2706995447170544871

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item