မည်သို့မျှ ဆောင်ရွက်မပေး သဖြင့် လက်ပံတောင်းအရေး ဆက်လက်ဆန္ဒ ထုတ်ဖော်မည်။

လက်ပံတောင်းစီမံကိန်းကြောင့် ဖြစ်ပေါ်နေသော သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတစိတ်တပိုင်း။

 လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စကို ခွင့်ပြုချက် ယူပြီးဆန္ဒပြသော်လည်း မည်သို့မျှဆောင်ရွက် မပေးသေး သဖြင့် ဆက်လက်ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း ဆည်တည်းကျေးရွာနေ မ၀င်းဝင်းဌေးက မဇ္ဈိမကို ပြောသည်။

မ၀င်းဝင်းဌေးက “ ကျွန်မတို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ခွင့်ပြုချက် ယူပြီးဆန္ဒပြခဲ့တာ အခုနဲ့ဆိုရင် (၆)ကြိမ်ရှိပါပြီ။ ဆန္ဒပြတာကို ဘာမှဆောင်ရွက် မပေးတဲ့အတွက် ခုချိန်အထိ ဆန္ဒဖော်ထုတ် ရခြင်း ဖြစ်ပါတယ် ” ဟုဆိုသည်။

သက်ဆိုင်ရာ အာဏာပိုင်တွေ ဘက်မှ ယခုချိန်ထိ လာရောက်ဖြေရှင်း ပေးခြင်း မရှိသေးသည့်အတွက် ဥပဒေဘောင်အတွင်း၌ နေ၍ ဆန္ဒပြခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်ရှိကြောင်း ၎င်းက ပြောသည်။

ဧပြီလ ၅ရက်နေ့ နေ့လည် (၁)နာရီမှ စ၍ ညနေ(၄)နာရီအထိ လက်ပံတောင်းဒေသ၊ တုံရွာအရှေ့မှ စ၍
ညောင်ပင်ကြီး ဆိပ်ကမ်းအထိ ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး အတွက် ဒေသခံ အင်အား (၅၀၀) ခန့်မှ “ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး၊ ပုဒ်မ (၁၄၄) ရုတ်သိမ်းပေးရေး၊ မီးလောင်ဗုံး တရားခံများကို အရေးယူပေးရေး၊ တိုင်းပြည်ကို လက်ညှိုးထိုး ရောင်းစားနေသော ဦးပိုင်ကုမ္ပဏီအလိုမရှိ၊   မြန်မာလူမျိုးတွေကို ကျွန်ဇာတ်သွင်းနေတဲ့ မြန်မာ ၀မ်ပေါင် ကုမ္ပဏီ အလိုမရှိ စသည့် တာင်းဆိုချက်များ၊   ကြွေးကြော်သံများဖြင့် ဆန္ဒ ဖော်ထုတ် ခဲ့ကြောင်း ဒေသခံများက ပြောသည်။ဆန္ဒထုတ်ဖော်ခွင့်၊ ခွင့်ပြုချက်ကို စစ်ကိုင်းတိုင်း ဒေသကြီး ၊ ဆားလင်းကြီးမြို့နယ် ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး က ပေးခဲ့ကြောင်း တုံရွာဒေသခံ ကိုအောင်သန်းမျိုးက မဇ္ဈိမကို ပြောသည်။တုံရွာဒေသခံ ကိုအောင်သန်းမျိုးက “ဆည်တည်း 
ကျေးရွာ၊ တုံရွာသစ်၊ အလယ်ရွာ၊ တောကျောင်း ၊မိုးကြိုးပြင်(တောင်၊မြောက်၊အလယ်)ရွာ တို့ပါဝင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။တုံရွာသစ်မှ ညောင်ပင်ကြီး ဆိပ်ကမ်း ကုန်းထိပ် အထိ လမ်းလျှောက်ဆန္ဒပြခဲ့ပါတယ်။ တရားဝင် ဆန္ဒပြတာဆိုတော့ လူ(၅၀၀) ထက် မပိုရဘူးလို့ပြောပါတယ်။”ဟု မဇ္ဈိမကို ပြောသည်။

ဆန္ဒထုတ်ဖော်ခြင်းကို ဆည်တည်းကျေးရွာမှ ဦးဆောင် ခဲ့ခြင်း ဖြစ်ပြီး ရွာခုနှစ်ရွာ စုပေါင်း ဆန္ဒပြခဲ့ကြ
 ကြောင်းနှင့်လျော်ကြေးငွေ ကိစ္စမှာ လူကြားကောင်းရုံသာ ဖော်ပြနေကြကြောင်း ဆည်တည်းကျေးရွာ
 ဒေသခံမအေးက ဆိုသည်။၎င်းက “အမေစုကလည်း ကျမတို့ကို တရားဝင် စာတင်ပြီးမှ ဆန္ဒပြတာလုပ်ဖို့ 
ပြောထားတဲ့အတွက် ကော်မရှင် စည်းကမ်းချက် အတိုင်း ခွင့်ပြုချက် ယူပြီး ဆန္ဒပြတာပါ။” ဟုပြောသည်။ ဧပြီလ(၅)ရက် သောကြာနေ့မှစ၍ ၊ ဧပြီ(၆)ရက်စနေနေ့ထိ (၂)ရက်ဆက်တိုက် ဆန္ဒပြမည် ဖြစ်ကြောင်း တုံရွာသစ်ဒေသခံ ကိုအောင်သန်းမျိုး ပြောဆိုချက်အရ သိရသည်။

ဧပြီလ(၅)ရက် မနက်(၁၀)နာရီ ခန့်က မိုးကြိုးပြင် အလယ်ရွာသို့ ဝမ်ပေါင် ကုမ္ပဏီမှ ကား(၂)စီး ရောက် လာပြီး မိုးကြိုးပြင် (တောင်၊မြောက်၊အလယ်)ရွာမှ ရွာသူရွာသားများအား မြေယာ ဟောပြောပွဲ လုပ်မည်ဟု ဆိုကာ ကျေးရွာ ကျန်းမာရေးရုံး၌ လူစုခိုင်းကြောင်း သို့သော် ဝမ်ပေါင် ကုမ္ပဏီမှ ဝန်ထမ်းများကမြေယာ  
 လျော်ကြေးငွေ လက်ခံရန်သာ ပြောဆိုခဲ့ပြီး သဘာဝပတ်ဝန်းကျင် ပြန်လည် ထိန်းသိမ်းရေး  ဆောင်ရွက် မည်ဟု မပြောသဖြင့် ဒေသခံများက ကန့်ကွက်ခဲ့သည်ဟု ဒေသခံတဦး ဖြစ်သူ ကိုတင်မျိုးက ရှင်းပြသည်။

၎င်းက “သူတို့က လူစုခိုင်းပြီး ဟောပြောမယ် ဆိုပေမယ့် တကယ်တမ်း ဒီလိုမဟုတ်ဘူး။ တရုတ်ဘက်က လူတွေက သူတို့ဘက်ပဲ ဆွဲပြောနေတော့ လူတွေက စိတ်မရှည် တော့ဘူး ဝိုင်းပြီး ကန့်ကွက်ကြတယ်။ ကျနော်တို့က ဘယ်နည်းနဲ့မှ တောင်ကြီး ပျက်စီးမှာကို မလိုချင်ပါဘူး ငွေက ရှာလို့ ရပေမယ့် ပျက်စီးသွားတဲ့ သဘာဝ သယံဇာတတွေက လိုက်ဝယ်လို့ မရဘူး”ဟု ဆိုသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို ၂၀၁၃ခုနှစ်၊ မတ်လ(၁၁) ရက်တွင် နိုင်ငံတော်သမ္မတထံ တင်သွင်းခဲ့ပြီး ယင်းနေ့တွင်ပင် အစီရင်ခံစာကို အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ကော်မတီကို အဖွဲ့ဝင် (၁၅) ဦးဖြင့် နိုင်ငံတော် သမ္မတရုံးက ဖွဲ့ စည်းခဲ့သည်။ အဆိုပါ ကော်မတီသည် မတ်လ(၁၅) ရက်တွင်စတင် ကွင်းဆင်း စစ်ဆေးခဲ့ပြီး  နောက်တစ် ရက်တွင် လျော်ကြေးငွေများကို စတင်ပေးအပ် ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာများ၏ ကြေညာချက် အရ သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသနှင့် မလွတ်သော ကျေးရွာပေါင်း (၂၀) ကျော်ရှိ စိုက်ပျိုးမြေ ဧက (၁၄၀၀)ကျော်မှ တောင်သူ( ၅၃၆) ဦးအား မြေလျော်ကြေး ငွေကျပ်သိန်းပေါင်း (၁၅၇၀၀) ခန့်ကို  မတ်လ (၁၆) ရက်မှ မတ်လ( ၃၁) ရက်အတွင်း ပေးအပ်ခဲ့ပြီး၊ လျော်ကြေးငွေများကို တစ်ဧကလျှင် ကျပ် (၁၀) သိန်းမှ(၁၅) သိန်းအထိ အမျိုးအစားသုံးမျိုးခွဲ၍ ပေးအပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ ၏ကြေညာ ချက်အရသိရသည်။ 

Source - မဇ္ဈိမ

Related

news 2593130990357062278

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item