ကိုးရီးယားကျွန်းဆွယ်စစ်ရေးတင်းမာမှုအခြေအနေနှင့် ပြင်ဆင်မှုများ

အက်ဖ် ၂၂ တိုက်လေယာဉ်များ တောင်ကိုရီးယားကို အမေရိကန် ထောက်ပံ့ 

 05 APRIL 2013 | BY PYI MYANMAR

 မြောက်ကိုရီးယား၏ စစ်ရေးအရ ခြမ်းခြောက်မှု များကို ဟန့်တား နိုင်စေရန် စစ်ရေး မဟာဗျူဟာ ခြေလှမ်းတစ်ရပ် အနေဖြင့် တောင်ကိုရီးယားနှင့် နှစ်နိုင်ငံ ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပိုမိုတိုးမြှင့် ပြုလုပ် နိုင်ရန် အမေရိကန်သည် မတ်လ ၃၁ ရက်နေ့တွင် အက်ဖ် ၂၂ တိုက်လေယာဉ် များကို တောင်ကိုရီးယား နိုင်ငံ ဂိုင်ယောင်ဂျီ ပြည်နယ် အူဆန်မြို့ရှိ အမေရိကန် လေတပ် အခြေစိုက် စခန်းသို့ ပေးပို့ခဲ့ကြောင်း ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြခဲ့သည်။

အမေရိကန်သည် ပြီးခဲ့သည့် သတင်းပတ် အတွင်းဘီ ၅၂ နှင့် ၂ ဗုံးကြဲလေယာဉ် များကို ပေးပို့ခဲပြီးနောက် အမေရိကန်နှင့် တောင်ကိုရီးယား၏ လင်းယုန်သားလောင်း Foal Eagle စစ်ရေး လေ့ကျင့်မှု ပိုမို အဆင့်မြှင့် နိုင်စေရန်အတွက် ထိုသို့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ပြီးခဲ့သည့် လပိုင်းအတွင်း ကုလသမ္မ၏ မြောက်ကိုရီးယားအပေါ် စီးပွားရေးဒဏ် ခတ်ပိတ်ဆို့မှုနှင့် ပက်သက်၍ အမေရိကန် ၊တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နိုင်ငံတို့အကြား တင်းမာမှု အရှိုန်အဟုန် မြင့်တက် လာခဲ့ ရခြင်းကြောင့် ကိုရီးယား ကျွန်းဆွယ် ဒေသအတွင်း လေကြောင်း စစ်ဆင်ရေး ပိုမို အင်းအား တောင့်တင်း လာစေရန် ၊ တောင်ကိုရီးယား နိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ အပြည့်အဝ ကာကွယ် ပေးလျက် ရှိကြောင်း ပြသလို၍ ယင်းသို့ ထောက်ပံ့ ခဲ့ခြင်း ဖြစ်သည်။

ဘိုးအင်းမှ အမေရိကန် လေတပ် အတွက် အဆင့်မြင့် နည်းပညာ များအဖြစ် ဒီဇိုင်းရေးဆွဲ ထုတ်လုပ် ထားသော လင်းယုန် အက်ဖ် ၂၂ ဗုံးကြဲလေယာဉ်များသည် မြေပြင်စစ်ရေးရေး နျူကလီးယား စစ်ဆင်ရေးများတွင် တစ်ကိုယ်တော် အစွမ်းပြနိုင်မည့် အမေရိကန် လေတပ်၏ အားအထားရဆုံး တိုက်လေယာဉ်များ ဖြစ်သည်။

 မြောက်ကိုရီးယားနိုင်ငံသည် ဂျပန်နှင့်တောင်ကိုရီးယားရှိ ပစ်မှတ်များအားတိုက်ခိုက်နိုင် သော ဒုံးပျံများအား ကမ်းရိုးတန်းသို့ရွှေ့ပြောင်း 

 မြောက်ကိုရီးယား နိုင်ငံသည် ဂျပန်နှင့် တောင်ကိုရီးယားရှိ ပစ်မှတ်များအား တိုက်ခိုက်နိုင်သော ဒုံးပျံများကို ၎င်း၏ အရှေ့ဘက် ကမ်းရိုးတန်းသို့ ရွှေ့ပြောင်းခဲ့ကြောင်း သိရှိရပါသည်။

 မြောက်ကိုရီးယား၏ တာလတ်ပစ် ဒုံးပျံများ ရွှေ့ပြောင်းမှုကို အမေရိကန်နှင့် တောင်ကိုရီးယား ထောက်လှမ်းရေး အဖွဲ့များက ထောက်လှမ်း နိုင်ခဲ့ကြောင်းနှင့် အဆိုပါ တာလတ်ပစ် ဒုံးပျံများမှာ Musudan ဒုံးပျံဖြစ်နိုင်ကြောင်း တောင်ကိုရီးယား အရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။

 မိမိတို့အနေဖြင့် မြောက်ကိုရီးယား၏ ဆောင်ရွက်ချက်သည် အမှန်တကယ် ပစ်ခတ်ရန်၊ သို့မဟုတ် အမေရိကန်အား အင်အားပြရုံ သက်သက်ဆိုသည်ကို သိရှိရန် အနီးကပ် စောင့်ကြည့်လျက် ရှိကြောင်းလည်း အဆိုပါ အရာရှိက ပြောကြားခဲ့ပါသည်။

Musudan ဒုံးပျံအား ၂ဝ၁ဝ ပြည့်နှစ် စစ်ရေးပြ အခမ်းအနားတွင် ပြသခဲ့ပြီး ကီလိုမီတာ ၃,ဝဝဝ ခန့်အထိ ပစ်ခတ်နိုင်မည်ဟု ယုံကြည်ရပါသည်။ သို့သော် အဆိုပါ ဒုံးပျံအား စမ်းသပ် ပစ်ခတ်ခဲ့ခြင်းရှိ /မရှိကိုမူ မသိရှိရသေးပေ။

 မြောက်ကိုရီးယား နိုင်ငံသည် အမေရိကန် နိုင်ငံအပေါ် နျူကလီးယားဖြင့် တိုက်ခိုက် သွားနိုင်ရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း သတိပေး ကြေညာချက်များ ထွက်ပေါ်

 မြောက်ကိုရီးယား နိုင်ငံသည် အမေရိကန် နိုင်ငံအပေါ် နျူကလီးယားဖြင့် တိုက်ခိုက် သွားနိုင်ရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း သတိပေး ကြေညာချက်များ ထွက်ပေါ် လာခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံ အနေဖြင့် တင်းမာမှုများ မြင့်မားစေရန် ဆောင်ရွက်ချက် များအား ရပ်တန့်ရန်နှင့် နိုင်ငံတကာ အသိုက်အဝန်းနှင့် ဆွေးနွေးမှုများ ပြန်လည် ပြုလုပ်သွားရန် ဥရောပ သမဂ္ဂက ပြောကြားခဲ့ပါသည်။

 မြောက်ကိုရီးယား နိုင်ငံသည် ယွန်ဗျောင် နျူကလီးယား ဓာတ်ပေါင်းဖိုအား ပြန်လည် အသုံးပြုရန် ကြေညာခြင်းအား ကန့်ကွက်ကြောင်း ဥရောပ သမဂ္ဂနိုင်ငံခြားရေးရာ အကြီးအကဲ ကက်သရင်း အက်ရှ်တွန်က ပြောကြားခဲ့ ပါသည်။

 မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်း အနေဖြင့် အပြုသဘောဆောင်သော လုပ်ဆောင်မှုများ ပြုလုပ်ရန်နှင့် နိုင်ငံတကာ အသိုက်အဝန်း အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ထပ်မံ တိုက်တွန်းကြောင်း အက်ရှ်တွန်က အကြံပြုပြောကြား ခဲ့ပါသည်။



Breaking News:

 နိုင်ငံအတွင်းရှိ နိုင်ငံတကာ သံရုံးများအနေဖြင့် ၎င်းတို့၏ သံရုံးဝန်ထမ်းများကို ရွှေ့ပြောင်းမှုပြုလုပ်ထားရန် မြောက်ကိုရီးယားအစိုးရက အကြံပြု တိုက်တွန်းလိုက်သည်။

သံရုံးများအနေဖြင့် ဧပြီ ၁၀ ရက်နေ့မတိုင်မီ ရွှေ့ပြောင်းမှုများ ပြုလုပ်ထားရန် တိုက်တွန်းကြောင်းနှင့် ထိုရက်နောက်ပိုင်းတွင် သံတမန်များ၏ လုံခြုံရေးအတွက် အာမခံချက် မပေးနိုင်ကြောင်းလည်း မြောက်ကိုရီးယားက သတိပေးပြောကြားသည်။ ပြုံယမ်းအစိုးရ၏ ယခု သတိပေး ပြောကြားချက်ကြောင့် ကိုရီးယားကျွန်းဆွယ်တွင် စစ်ရေးတင်းမာမှု ပိုမိုမြင့်တက်လာနေကြောင်း ထင်ရှားစေခဲ့သည်။

Related

news 4318492099630759715

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item