ကိုရီးယား ကျွန်းဆွယ်မှာ စစ်ရေးပြင်ဆင်မူတွေ ပြူလုပ်နေပီး အခြေ အနေတွေ တင်းမာနေ



ကိုရီးယား ကျွန်းဆွယ်မှာ စစ်ရေးပြင်ဆင်မူတွေ ပြူလုပ်နေပီး အခြေ အနေတွေ တင်းမာနေတာကြောင့် တောင်ကိုးရီးယားနိုင်ငံမှာ အလုပ် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား တသောင်းကျော် အတွက် မြန်မာ သံ ရုံးက အစွမ်းကုန်ကာကွယ်သွားမယ်လို့  ဧပြီလ ၅ ရက် ဒီဗွီဘီက သံရုံးကိုဆက်သွယ်စဉ်မှာပြောဆိုခဲ့ပါတယ်။

 အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် လွတ်မြောက်နယ်မြေ (တောင်ကိုရီးယား) ရဲ့ ဒုဥက္ကဌ ဦးရန်နိင်ထွန်းက တော့ မြန်မာသံရုံးက သူတို့ ကို သတိပေးဆက် သွယ်အကြောင်းကြားတာမျိုးတွေ မရှိဘူး လို့  ပြောပါတယ်။

 မြောက်ကိုးရီးယားခေါင်းဆောင်က သူရဲ့ တပ်တွေကိုအမေရီကန် ကို တိုက်ခိုက်နိုင်ဖို့ အသင့်အနေအထားမှာ ရှိဖို့ ညွှန်ကြားထားပြီး လိုအပ်ရင် နျူးကလီးယား လက်နက်တွေပါသုံးဖို့ အမိန့်ပေးထားပြီး ဖြစ်တယ်လို့ မြောက်ကိုရီးယားက သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မြောက်ကိုးရီးယားရဲ့ ဒုံးလက်နက် တစင်းကိုလည်း အရှေ့ ဘက် ကမ်းကို ပြောင်းရွေးချထားတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားတယ်ပါတယ်။

အမေရိကန် စစ်အခြေစိုက် စခန်းရှိရာ ဂူအမ် ကျွန်းမှာလည်း မြောက်ကိုရီးယားရဲ့ ဒုံးလက်နက်ကို ကာကွယ်ဖို့ အဆင့်မြင့် ကာကွယ်ရေးစနစ်တွေကို ပြင်ဆင်နေပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်းကတော့ အခြေအနေတွေဆိုး မသွားအောင် မြောက်ကိုရီးယားအနေနဲ့ စကားကို အလွန်အကျွံ မပြော ဘဲ ထိမ်းထိမ်းသိမ်းသိမ်းပြောဖို့  သတိပေးပြောဆိုပါတယ်။

 DVB

Related

video 3060858335441473920

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item