KNU စစ်ဦးစီးချုပ် ဘယ်သူဖြစ်လာမလဲ

ပြည်တော်မြင့် ~

ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၏ စစ်ဦးစီးချုပ် နေရာ ဆက်ခံမည့်သူကို မကြာမီရက်ပိုင်းအတွင်း ကျင်းပမည့် တပ်မှူးများညီလာခံတွင် ရွေးချယ်မည်ဖြစ်သည်။

၎င်းညီလာခံတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၏  အမှတ် ၇ တပ်မဟာမှူးဖြစ်သည့် ဗိုလ်မှူးချုပ် ဂျော်နီ ရွေးချယ်ခံရနိုင်သည်ဟု တပ်မှူးကြီးများက သုံးသပ်ပြောဆိုကြသည်။

KNLA တပ်မဟာ ၆ မှ တပ်မှူးတဦးက ”တပ်မဟာမှူး ၇ ဦး ရှိတဲ့အထဲက တပ်မဟာ ၇ က ဗိုလ်ဂျော်နီကတော့ ဖြစ်နိုင်ခြေ များပါတယ်။ အားလုံးထဲမှာ သူက စီနီယာကျတယ်။ လုပ်သက်ကော အတွေ့အကြုံကော ဆိုတော့ ဖြစ်နိုင်ခြေက အတော်များတယ်” ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။

ယခင်က ရေပန်းစားခဲ့သူမှာ တပ်မဟာမှူးများအနက် အသက်အငယ်ဆုံးဖြစ်သည့်  အမှတ် ၅ တပ်မဟာမှူး ဗိုလ်မှူးချုပ် ဘောကျော်ဟဲ ဖြစ်သည်။
သို့သော်လည်း ပြီးခဲ့သည့် KNU ညီလာခံတွင် တပ်မှူးတဦး၏ စစ်မှုထမ်း သက်တမ်းကို နိုင်ငံတကာ သတ်မှတ်ချက်အတိုင်း ချမှတ်နိုင်ခြင်း မရှိသဖြင့် လွဲချော်ရနိုင်သည်ဟုလည်း တပ်မှူးတဦးက ဆိုသည်။

စစ်မှုထမ်းခြင်းကို နိုင်ငံတကာတွင် နှစ် ၆၀ ထိသာ သတ်မှတ်ထားသော်လည်း KNLA တွင် စစ်ဦးစီးချုပ်အပါအ၀င် တပ်မဟာမှူးအများစုမှာ အသက် ၈၀ မှ ၆၅ နှစ် ၀န်းကျင်ရှိသူများဖြစ်သည်။

 သောကြာနေ့က KNU ဥက္ကဌအဖြစ် ရွေးချယ်ခံရသည့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးမှာ အသက် ၈၀ ရှိပြီး၊ မကြာသေးခင်ကအထိ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့်  ဗိုလ်ချုပ်ကြီး တာမလာဘောသည် အသက် ၉၃ နှစ် ဖြစ်သည်။

တပ်မဟာ ၅ မှူး ဗိုလ်မှူးချုပ်ဘောကျော်ဟဲမှာ အသက် ၅၀ ခန့် နှင့် တပ်မဟာ ၃ မှူး ဗိုလ်မှူးချုပ်အယ်ကလူသိန်းမှာ ၅၅ နှစ် ခန့်သာ ရှိသည်ဟု တပ်မှူးတဦးကပြောသည်။

ကျန်ရှိသည့်တပ်မဟာမှူးများမှာ အသက် ၆၅ နှစ်နှင့် ၇၀ ၀န်းကျင်များဖြစ်သည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

KNU ဗဟိုကော်မတီဝင်အဖြစ်ရွေးချယ်ခံရသူတဦးက”ကျွန်တော်တို့ဆီမှာက စစ်မှုထမ်း သက်တမ်းနဲ့ ပတ်သက်ပြီး  မသတ်မှတ်နိုင်သေးတာ အားနည်းချက်တခုဖြစ်တယ်” ဟု ဆိုသည်။

KNU ညီလာခံ၌ သောကြာနေ့ကရွေးချယ်ခံခဲ့ရသည့် ဗဟိုကော်မတီဝင် ၄၅ ဦးကို  တာဝန်ပေးအပ်ခြင်းနှင့်ဂတိသစ္စာပြုခြင်း အစီအစဉ်ကို မနက်ဖြန် ကျင်းပမည် ဖြစ်သည်။
ကျင်းပမည့် နေရာမှာ ကရင်ပြည်နယ်လှိုင်းဘွဲမြို့နယ်ရှိ လေးဝါးတပ်စခန်း ဖြစ်သည်။


ဗိုလ်မှူးချုပ်ကျော်လင်း - တပ်မဟာ ၁
ဗိုလ်မှူးချုပ်ဂျောမေ - တပ်မဟာ ၂
ဗိုလ်မှူးချုပ်အယ်ကလူသိန်း - တပ်မဟာ ၃
ဗိုလ်မှူးချုပ်ဒါးကျော်လူး - တပ်မဟာ ၎
ဗိုလ်မှူးချုပ်ဘောကျော်ဟဲ - တပ်မဟာ ၅
ဗိုလ်မှူးချုပ်ဆာမိစေးဖိုး - တပ်မဟာ ၆
ဗိုလ်မှူးချုပ်ဂျော်နီ - တပ်မဟာ ၇

Related

news 3395478796585957227

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item