လှိုင်းဘွဲမြို့နယ်၊ ကြာအင်းရွာနေ စောကျော်အောင်(၁၆)နှစ် ကွယ်လွန်
https://albanykarennews.blogspot.com/2012/12/blog-post_23.html
| စောကျော်အောင်(၁၆)နှစ် |
၌ ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။
သူသည် မလေးရှားသို့ ရောက်ရှိလာသည်မှာ တလကျော်ကျော်သာရှိပြီး အစ်ကိုတယောက်၊ အစ်မတစ်ယောက်တို့ရှိရာ Sg. Jalit တောင်ပေါ်ဒေသတွင် စိုက်ပျိုးရေးအလုပ်ကို လုပ်ကိုင်ရန်
လာရောက်ခဲ့ကြောင်းလည်း သိရပါသည်။
စောကျော်အောင်သည် တောင်ပေါ်ဒေသတွင် မနက်ပိုင်းအလုပ်ဆင်းရန်သွားခိုက် ချော်လဲခဲ့ရာမှ
မနာမကျန်းဖြစ်ခဲ့ပြီး MEMSA ဆေးအဖွဲ့နှင့် MKO ရုံးအဖွဲ့တို့ သွားရောက်ခေါ်ဆောင်လာခဲ့ကာ
အရေးပေါ်ဆေးရုံတင်ခဲ့သော်လည်း ရက်သတ္တပတ်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
ကွာလာလမ်ပူ ဆရာဝန်တို့၏ ပြောပြချက်အရ စောကျော်အောင်(၁၆)နှစ်သည် ကျောက်ကပ်အပါအ၀င်
ခန္ဓာကိုယ်အတွင်းပိုင်းရှိ အခြားသော အစိတ်အပိုင်းများချွတ်ယွင်းပျက်စီးသွားခဲ့၍ ကွယ်လွန်ခဲ့ ရခြင်းဖြစ်ကြောင်း ဆိုပါသည်။
စောကျော်အောင်၏ ရုပ်အလောင်းကို လာမည့် ၂၆-၁၂-၂၀၁၂ရက်နေ့တွင် မီးရှို့သင်္ဂြိုလ်မည်
ဖြစ်သည်။
Post a CommentDefault CommentsFacebook Comments