ရန်သူ၏ ကာမိုင်းရဲစခန်းကို KIA ၀င်ရောက် တိုက်ခိုက်ပြီး အောင်ပွဲခံနိုင်ခဲ့




အင်းအား ၁၈ ဦးရှိသည့် ကာမိုင်းရဲစခန်းကို KIA အင်းအား ၇၀ခန့်က နံနက်၎နာရီ ၂၅ မိနစ်တွင် လက်နက်ကြီး များဖြင့်ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ကြောင်း ယင်းရဲစခန်းမှ မိုးညှင်းခရိုင်သို့ ပေးပို့သော ကနဦးသတင်းပေးပို့ချက်အပါအ၀င် KIAနှင့် တပ်မတော်တို့၏ အတည်ပြု ပြောကြားချက်အရ သိရသည်။

KIA က လက်နက်ကြီးများဖြင့် အချက် ၄၀ ခန့် ပစ်ခတ်ကာ
င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်တိုက် ကို ဖျက်ဆီးကာလက်နက်များယူဆောင်သွားကြောင်း ယင်းသတင်းပေးပို့ချက်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ တိုက်ခိုက်မှုကြောင့် ရဲတပ်ကြပ် စိုးမင်းသူ ကျဆုံးခဲ့ပြီးဒေါ်မေမွှေးမွန်(ဒုရဲအုပ်အောင်ထွန်းဦး၏ မိခင်) ၊မတင်မေအောင်(ဒုရဲအုပ်အောင်ထွန်းဦး၏ ညီမ)တို့ သေနတ်မှန်ကာသေဆုံးခဲ့ပြီးရဲတပ်ကြပ် ထွန်းအေးမှာ ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရာ (စိုးရိမ်းရ)ရရှိသူနှင့်ဒုရဲအုပ်အောင်ထွန်းဦး၏ ဇနီး မှာ ဦးခေါင်းမှာ သေနတ်ဒဏ်ရာ(စိုးရိမ်ရ)သူတို့ကို ကာမိုင်းဆေးရုံတွင် ပို့ဆောင်ထားကြောင်းကချင်ပြည်နယ် အစိုးရအဖွဲ့ထံမှစုံစမ်းသိရှိရသည်။

ဒေသခံတစ်ဦးကမူ “ မနက် ၅ နာရီမှာ သေနတ်သံတွေ မကြားရတော့ဘူး” ဟု The Voice Weekly သို့ ပြောကြားသည်။

ယင်းအပြင် ဖားကန့်အထွက် ဘေလီတံတားမိုင်းခွဲခံထားရပြီး မိုင်းနှစ်လုံး ကွဲသွားကြောင်း လတ်တလော မိုင်းရှင်းလင်းရေး မလုပ်နိုင်သေးသဖြင့် လမ်းပိတ်ထားကြောင်း၊ ဒေသခံများ ကပြောကြားသော်လည်း The Voice Weekly အနေနှင့် KIA နှင့် မြန်မာ့တပ်မတော် ထံဆက်သွယ်မေးမြန်း အတည်ပြုနိုင် ခြင်းမရှိသေးပေ။

Related

news 4281774272657736410

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item