အဲယားပုဂံ လေယာဉ်တစ်စီး ကွင်းမှားဆင်းသက်
https://albanykarennews.blogspot.com/2012/12/blog-post_9952.html
![]() |
| ပျက်စီးသွားသော အဲယားပုဂံလေယာဉ် |
၂၅-၁၂-၂၀၁၂ ရက်နေ့ ၀၈၅၀ အချိန် အဲယားပုဂံလေကြောင်းလိုင်းမှ ရန်ကုန်-မန္တလေး-ဟဲဟိုး ခရီးစဉ်အတိုင်း ပျံသန်းသည့် F-100 အမျိုးအစား လေယာဉ်အမှတ် XY-AGC ခရီးစဉ်အမှတ် 011 သည် မန္တလေးမှ ဟဲဟိုးလေယာဉ်ကွင်းသို့ ဆင်းသက်ရာ နှင်းများထူထပ်စွာ ကျရောက်နေခြင်းကြောင့် ဆင်းသက်စဉ် ဟဲဟိုး-အောင်ပန်း ကားလမ်းအနီး သစ်ပင်များနှင့်ဝင်တိုက်မိပြီး အနီးရှိ စိုက်ပျိုးရေးဌာန၊ စိုက်ကွင်းထဲသို့ လျှောဆင်းခဲ့ရသည်။
လေယာဉ်မှာ မီးလောင်သွားခဲ့ရာ လေယာဉ်ပေါ်ပါခရီးသည်နှင့် လေယာဉ်အမှုထမ်း (၇၁) ဦးပါရှိပြီး (၁၁) ဦးဒဏ်ရာရရှိ၍ တောင်ကြီးမြို့ရှိ စ၀်စံထွန်းဆေးရုံသို့ ပို့ဆောင်ထားရှိခါ ကျန် (၅၉) ဦးမှာ ဟဲဟိုးလေဆိပ်တွင် အန္တရာယ်ကင်းစွာရှိပြီး လေယာဉ်ပေါ်တွင် ကလေး(၁)ဦး အလောင်းတွေ့ရှိရကြောင်း သတင်းရရှိသည်။
ထပ်မံရရှိသတင်းဆက်များ
ခရီးသည် ၆၅ ဦးအနက်မှ ၅၅ ဦးသည် ဟဲဟိုးလေယာဉ်ကွင်းတွင် ဘေးကင်းစွာ ရှိနေကြောင်း သိရှိရပါတယ်။ ခရီးသည် ၉ ဦးကို တောင်ကြီး စ၀်စံထွန်းဆေးရုံကြီးသို့ ပို့ဆောင်ထားပါတယ်။
လေယာဉ်မှူးများအပါအဝင် လေယာဉ်ဝန်ထမ်း ၇ ဦးအနက်မှ ပိုင်းလော့ ၂ ဦးမှာ ထိခိုက်ဒဏ်ရာရသဖြင့် ဆေးရုံသို့ ပို့ဆောင်ထားပါတယ်။
ယင်းအတွက် ဆေးရုံသို့ ပို့သူ စုစုပေါင်း ၁၁ ဦး ဖြစ်ပါတယ်။
ခရီးသည် ၁ ဦး ပျောက်ဆုံးနေကြောင်း သိရပြီး၊ ၄င်းခရီးသည်မှာ လေယာဉ်ထဲတွင် ကျန်ရစ် သေဆုံးနေကြောင်း တွေ့ရှိရပါတယ်။ ခရီးသည် အမည်ကို ရရှိနိုင်ရန် ကြိုးစားနေပါတယ်။
ကွယ်လွန်သူနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် အဲပုဂံမှ အထူးပင် ဝမ်းနည်းကြေကွဲရပါကြောင်း သတင်းထုတ်ပြန်အပ်ပါတယ်။
ဆေးရုံသို့ ရောက်ရှိနေသော ခရီးသည် ခုနှစ်ဦး အမည်စာရင်း အဲပုဂံထုတ်ပြန်
LOKOS/ ALLAN MR
(အမေရိကန်နိုင်ငံသား)
WEISS/SUSANNA CHOJNIC(အမျိုးသမီး)
(အမေရိကန်နိုင်ငံသား)
ကိုစိုးမိုးသူ
EVELYNE/MOR MS (အမျိုးသမီး)
(ဗြိတိန်နိုင်ငံသား)
မတိုးတိုးခင်
မခင်အေးလှိုင်
LU/HANCAUN MR
(ကိုရိးယားနိုင်ငံသား)
ဆေးရုံတွင် ဆေးကုသမှုခံယူနေသော လေယာဉ်အမှုထမ်း
လေယာဉ်မှူး မောင်မောင်ထွေး
တွဲဖက်လေယာဉ်မှူး နေလင်းထွန်း
Posted by
Unknown



Post a CommentDefault CommentsFacebook Comments