ကရင်အမျိုးသားအလံကို စစ်ဖိနပ်ဖြင့် နင်းခြေခဲ့သူ အရက်သမား မောင်အေး ရုတ်တရက် လေဖြတ်
https://albanykarennews.blogspot.com/2012/12/blog-post_24.html
![]() |
| ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး နင်းခြေခဲ့သည့် ကရင့်တမျိုးသားလုံး၏အလံ |
အရက်ကို အလွန်အမင်း ကြိုက်နှစ်သက်သူ ဒုဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး ရုတ်တရက် လေဖြတ်ပြီး စင်္ကာပူရှိ ဆေးရုံတခုတွင် ဆေးကုသမှု ခံယူနေရသည်ဟု ဧရာဝတီသတင်းက ရေးသားချက်အရ သိရသည်။
ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးသည် လွန်ခဲ့သည့် ၁၉၉၆ခုနှစ်က ကေအဲန်ယူ တပ်မဟာ၆ တပ်ရင်း ၁၆မှ စောသမူဟဲ၏ လက်နက်ချပွဲအတွင်း ကရင်အမျိုးသားအလံကို ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့်အတူ စစ်ဖိနပ်ဖြင့် နင်းခဲ့သူတဦး ဖြစ်သည်။
အသက် ၇၄ နှစ်ရှိပြီဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေးသည် ၂၀၁၀ ပြည့်နှစ် မတ်လတွင် နိုင်ငံတော် အကြီးအကဲနှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန်မှ အနားယူခဲ့ပြီး နေပြည်တော်ရှိ နေအိမ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နေသည်။
အရက်ကို အလွန်ကြိုက်နှစ်သက်သူဖြစ်သည့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးသည် အနားယူအပြီး အရက်ကို ဆက်လက် မှီဝဲရာမှ ၀ါဆိုလပြည့်နေ့က စပြီး ရုတ်တရက် အရက် ဖြတ်လိုက်သည်ဟု FNG သတင်းတွင် ရေးသား ဖော်ပြထားသည်။
မြန်မာ နိုင်ငံ ရဲ့ ဒုတိယ စစ်ခေါင်းဆောင် အဖြစ် တာဝန် ယူ ခဲ့သည့် ဗိုလ်ချုပ်မှုးကြီး
မောင်အေး ကို ၁၉၃၇ ခုနှစ် ဒီဇင်ဘာ လ မှ စစ်ကိုင်း တိုင်း ကန့် ဘလူ မြို့ နယ်
မှာ မွေးဖွား ခဲ့ပြီး ၁၉၅၅ ခုနှစ်မှ စစ်တပ်ထဲ ၀င်ရောက် ခဲ့ပြီး ၁၉၅၉ ခုနှစ်မှာ မေ
မြို့ စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ် စဉ် ၁ ကနေ အောင်မြင် ခဲ့သည်။
၁၉၈၆ ခုနှစ် တွင် အရှေ့ မြောက် ပိုင်း စစ်ဌာနချုပ် တိုင်းမှုး အဖြစ် တာဝန် ယူ ခဲ့ပြီး
အဲဒီအချိန် က တိုင်းမှုး အဖြစ် တာဝန် ယူရ သူများတွင် သူတစ်ဦး တည်း
စစ်ခေါင်းဆောင် နေရာကို တက်လှမ်း နိုင် ခဲ့ခြင်း ဖြစ်သည်။
(သတင်း-အဲခေါင်သောင့်)

Post a CommentDefault CommentsFacebook Comments