အုပ်စုဖွဲ့မုဒိမ်းကျင့်မှု ကျူးလွန်သူများအား သေဒဏ်ပေးရန် တရားလိုမိသားစုလိုလား

အုပ်စုလိုက်မုဒိမ်းကျင့်ခံရသော ၂၃ နှစ်အရွယ် ဆေးကျောင်းသူလေး


အိန္ဒိယနိုင်ငံတွင် လူစုလူဝေးဖြင့် မုဒိမ်းကျင့်ခံရခြင်းကြောင့် သေဆုံးသွားရှာသည့် မိန်းကလေး၏ မိသားစုက တရားခံများအား သေဒဏ်ပေးရန် လိုလားနေကြောင်း သိရှိရသည်။ ဘတ်စ်ကား တစ်စင်းပေါ်တွင် အရက်မူးနေသူ (၆)ဦး၏ ဝိုင်းဝန်း မုဒိမ်းကျင့်ပြီး ရိုက်နှက်ခြင်းကို ခံရသော အသက်(၂၃)နှစ်အရွယ် ဆေးကျောင်းသူ မိန်းကလေးသည် စင်္ကာပူနိုင်ငံရှိ ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။ 

နယူးဒေလီတွင် အဆိုပါ ဖြစ်စဉ်အတွက် ဆန္ဒပြမှုများပင် ပေါ်ပေါက်လာခဲ့ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် တရားခံများအား ပြင်းထန်စွာ အရေးယူရန် တောင်းဆိုခဲ့ကြသည်။ ယခုအခါ သေသူ မိန်းကလေး၏ အစ်ကိုက မိသားစု၏ သဘောထားကို ထုတ်ဖော် ပြောကြားလာခြင်း ဖြစ်သည်။

 "ကျွန်တော်တို့အတွက် တိုက်ပွဲက ခုမှစမှာပါ။ အပြစ်ရှိသူ အားလုံးကို ဆွဲကြိုးချ သုတ်သင်ဖို့ ကျွန်တော်တို့ လိုလားပါတယ်။ ဒီအတွက် ဆုံးခန်းတိုင်သွားတဲ့ထိ ကျွန်တော်တို့ တိုက်ပွဲဝင်သွားမှာပါ"ဟု မိန်းကလေး၏ အစ်ကိုက India Expressသို့ ပြောကြားသွားသည်။ ဒီဇင်ဘာ (၁၆)ရက်နေ့က အမှုသည် ယခုအခါ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အာရုံစိုက်ရသည့် အနေအထားထိ ကျယ်ပြန့်လာခဲ့သည်။

 မုဒိမ်းသမားများသည် သွားလာနေသော ဘတ်စ်ကားပေါ်တွင် မိန်းကလေးအား ပြုကျင့်ပြီးနောက် ရိုက်နှက် နှိပ်စက်ကာ ကားမောင်းနေစဉ်ပင် လမ်းပေါ် ပစ်ချသွားခဲ့သည်။

သူမသည် တနင်္ဂနွေနေ့က ပြင်းထန်ဆိုးရွားလှသည့် ဒဏ်ရာများကြောင့် အနိစ္စ ရောက်ခဲ့ရရှာသည်။ မိန်းကလေး၏ ဖခင်က "ကျွန်တော့် အမျိုးသမီးဟာ လွန်ခဲ့တဲ့ (၂)ပတ်လုံး အစာတောင် ကောင်းကောင်း မစားနိုင်လောက်အောင် သမီးအတွက် ကြေကွဲနေခဲ့ရပါတယ်"ဟု ပြောကြားခဲ့သည်။ ၎င်းက "ဖြစ်ရပ်တိုင်းက နာကျင်ဖို့ ကောင်းလွန်းနေပါတယ်။


 ခုဆိုရင် သမီးရဲ့ အခန်းထဲတောင် ကျွန်တော် မဝင်ရဲတော့ဘူး။ သူက ဒီအိမ်မှာပဲ ကြီးပြင်းလာတာပါ။ သူ့စာအုပ်တွေ၊ သူ့အဝတ်အစားတွေ အားလုံးက သူ့ကို ပြန်အမှတ်ရစေတယ်။ ခုချိန်မှာ သူ့အသံကို ပြန်မကြားရတော့ဘူးဆိုတာ မယုံနိုင်လောက်စရာပါပဲ။ ဒါပေမဲ့ စာအုပ်တွေကို အင်္ဂလိပ်လို ဖတ်ပြတဲ့ ကျွန်တော့် သမီးအသံကို ကျွန်တော် ဘယ်တော့မှ ထပ်ကြားရတော့မှာ မဟုတ်ပါဘူး"ဟု ကြေကြေကွဲကွဲ ဖွင့်ဟသွားခဲ့သည်။

Source: ChannelNewsAsia

Related

news 911834595275307995

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item