ဇွဲကပင်နှင့် မျိုးချစ်ကရင် ဒုတိယအကြိမ် ဖလားလုမည်

ဇွဲကပင်အသင်းနှင့် နဒီသံလွင်အသင်းတို့ ယှဉ်ပြိုင်နေစဉ်

ယမန်နေ့က ယှဉ်ပြိုင်ကစားကြတဲ့ ကရင်နှစ်သစ်ကူးအထိမ်းအမှတ်  ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်
ပွဲစဉ်မှာ ပထမပွဲစဉ်အဖြစ် ဇွဲကပင်အသင်းနှင့် နဒီသံလွင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရမှာ ဇွဲကပင်
အသင်းက ၄-၁ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့ပါတယ်။

ဒီပွဲစဉ်မှာ ပထမပိုင်းဒိုင်ပွဲစခရာမှုတ်ပြီး ၁ မိနစ်လောက်မှာပဲ နဒီသံလွင်အသင်းက ဦးဆောင်ဂိုးရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီဂိုးကို နဒီသံလွင် ကွင်းလယ်ဖန်တီးရှင် စောဟဲမူး(ကျောနံပါတ်၇)က
မထင်မှတ်ပဲ လှလှပပ ကန်သွင်းယူသွားတာ ဖြစ်ပါတယ်။

 လက်ရှိချန်ပီယံ ဇွဲကပင်အသင်းက စောစောစီးစီး ဂိုးပေးခဲ့ရသော်လည်း အချိန်အဆက်မိမိနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန် မိနစ်၂၅ မိနစ်မှာ ကျောနံပါတ် ၅၂၊ စောတိုက်ဂါးက
၁ ဂိုးနဲ့ ပွဲစဉ်တိုင်းမှာဘယ်တောင်ပံကနေ တိကျတဲ့ ဘောလုံးပေးပို့ဖန်တီးပေးနိုင်တဲ့ ကျောနံပါတ် ၁၈၊ စမင်းလေး(အိန္ဒု)က  ပွဲချိန် ၃၅ မိနစ်မှာ ၁ ဂိုးနဲ့ သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းမှာ ၂ဂိုး-၁ဂိုးနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာ သူတပြန်ကိုယ်တပြန် တိုက်စစ်ဆင်နိုင်ခဲ့သော်လည်း နဒီသံလွင်မှ အဆုံးသတ်
မသေချာတဲ့ ချေပဂိုးတွေ နစ်နာခဲ့ရပါတယ်။ဒုတိယပိုင်းမှာ ဇွဲကပင်အသင်းမှ ဂိုးသွင်းဘုရင်ဆုကို
ဆွတ်ခူးဖို့ ၉၀% သေချာနေပြီဖြစ်တဲ့စောကယားကြီးက (၂)ဂိုးထပ်မံ သွင်းယူခဲ့ပြီး ဒိုင်လူကြီး
ပွဲသိမ်းခရာမှုတ်တဲ့အချိန်မှာတော့ ဇွဲကပင်အသင်းက နဒီသံလွင် အသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိပြီး
ဗိုလ်လုပွဲစဉ်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒုတိယပွဲစဉ်မှာတော့ ယမန်နှစ်က ဒုတိယဆု ဆွတ်ခူးခဲ့တဲ့ မျိုးချစ်ကရင်အသင်းနဲ့ ထီးဆေးမေးယွာ
ပွဲစဉ်က အကြိတ်အနယ် ရှိလှပါတယ်။
ပထမပိုင်းပြီးဆုံးတဲ့အထိ ၂ ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။

ဒီဂိုးတွေကို ထီးဆေးမေးယွာအသင်းမှ စောတောဦး(ကျောနံပါတ် ၇) ပယ်နတီနဲ့ စောအယ်ရှီးမူး
ကျောနံပါတ် ၂၃ တို့က ၁တဂိုးစီသွင်းယူကြပါတယ်။

မျိုးချစ်ကရင်အသင်းမှာတော့ ကျေနံပါတ် ၁၀ စောကျော်လွင်နဲ့ ကျောနံပါတ် ၈ စောမင်းလူတို့က
သွင်းယူကြပါတယ်။

ဒုတိယပိုင်းမှာ မျိုးချစ်ကရင်မှ ဗိုလ်လုပွဲတက်ဖို့ အနိုင်ဂိုးကို အချိန်ပြည့်ခါနီးမှာ စောကျော်လွင်ကပဲ
သွင်းယူသွားခဲ့ပါတယ်။

လာမဲ့ 06-01-2013 (တနင်္ဂနွေနေ့) ဗိုလ်လုပွဲစဉ်မှာ ယမန်နှစ်က ချန်ပီယံ ဇွဲကပင်အသင်းနဲ့ ယမန်
နှစ်က ဒုတိယရရှိခဲ့တဲ့ မျိုးချစ်ကရင်အသင်းတို့ ဒုတိယအကြိမ် ထပ်မံ တွေ့ဆုံပြီး ဖလားလုယူကြမှာ
ဖြစ်ပါတယ်။



Related

news 6579715326542855434

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item