ပဒိုမန်းရှာ ပြုစုပျိုးထောင်ခဲ့တဲ့ အရိပ်ရ သစ်တပင် အကြောင်း


 အဲခေါင်သောင့်၊ ဒီဇင်ဘာလ ၁၉ရက်၊

မသမာလူတွေကြောင့် လုပ်ကြံခံလိုက်ရပြီးဖြစ်တဲ့ ကေအဲန်ယူ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာ ပြုစုပျိုးထောင်ခဲ့တဲ့ သစ်ပင်တပင်ကတော့ ယနေ့အချိန်မှာ အများပြည်သူတွေ အတွက် အရိပ်ကောင်းတဲ့ သစ်တပင် ဖြစ်လာပါပြီး။

ဒါ့အပြင် ပဒိုမန်းရှာ ပြုစုပျိုးထောင်ခဲ့တဲ့ သူရဲ့ သွေးရင်း သားသမီးတွေနဲ့ မျိုးဆက်သစ် ကရင်လူငယ်များဟာလည်း ကရင်လူထုနဲ့ အဖိနှိပ်ခံ လူမျိုးစုတွေ အားလုံးအတွက် အရိပ်ရတဲ့ အပင်လေးတွေ ဖြစ်ဖို့  အနစ်နာခံ ကြိုးပမ်းလုပ်ဆောင်နေကြတာကိုလည်း မျက်ဝါး ထင်ထင် မြင်တွေ့ နေရပါတယ်။ 

သစ်ပင် ပန်းပင်တွေ ပြုစုပျိုးထောင်မှုတွေ ၀ါသနာ အခံရှိတဲ့ ပဒိုမန်းရှာဟာ သူအမြဲနေထိုင် ခဲ့ဖူးတဲ့ လေးဝါးစခန်းမှာ အပင်အမျိုးမျိုး စိုက်ပျိုးကာ ပြုစု ပျိုးထောင်လာခဲ့တာကြောင့် ယနေ့အချိန်မှာတော့ လေးဝါးစခန်းကို ရောက်ဖူးသူတိုင်း အရိပ်ကောင်းကောင်း ပေးနေပြီဖြစ်တဲ့ သူစိုက်ပျိုးခဲ့တဲ့ သစ်ပင် တပင်ကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ 

ယခု သူပြုစု ပျိုးထောင်ခဲ့တဲ့ သစ်ပင်လေးကို မြင်ရသူတိုင်း ပဒို မန်းရှာရဲ့ မျိုးဆက်သစ်တွေကို အပင်တပင်လို တစိုက်မှတ်မှတ် ဂရုတစိုက်နဲ့ စိတ်ရှည်ရှည် ပြုစုပျိုးထောင်ရမယ်ဆိုတဲ့ ပြယုဂ်တခုကို ပြသသွားသလို အဲဒီသစ်ပင်လေးကိုမြင်တိုင်း လွမ်းဆွတ် သတိတရတဲ့ စိတ်တွေ ဖြစ်လာရသူတွေကတော့ ပဒိုမန်းရှာကို ချစ်ခင် လေးစားခဲ့တဲ့ သူတွေပါ။


ပဒိုမန်းရှာ ပြုစု ပျိုးထောင်ခဲ့တဲ့ အပင်ရှိတဲ့ နေရာလည်း ဖြစ်၊ တချိန်က ပဒိုမန်းရှာ နေထိုင်ခဲ့ဖူးရာ နေရာလည်း ဖြစ်တဲ့ လေးဝါး စခန်းဆိုတာ လက်ရှိ ကရင့်တော်လှန်ရေးအတွက် ဆက်လက် တာဝန် ထမ်းဆောင်သွားကြမယ့် ခေါင်းဆောင်တွေကို ကွန်ဂရက်ကျင်းပပြီး ရွေးချယ်ဆုံးဖြတ်ကြမယ့် စခန်းကြီးလို့ ဆိုရင်လည်းး မှားမယ် မထင်ပေ။



ပဒိုမန်းရှာနှင့် လေးဝါးစခန်း အမှတ်တရ
အချိန်ကတော့ ၂၀၀၇ခုနှစ် သြဂုတ်လ ၁၂ရက်နေ့၊ မိုးတွင်းပိုင်းဖြစ်ပြီး လေးဝါးစခန်းနားက သောင်ရင်းမြစ်ဟာလည်း ယခင်ထက် ရေတွေ ပြည့်လျှံလာပါတယ်။



အဲဒီနေ့ဟာ ကရင်တမျိုးသားလုံးအတွက် ၀မ်းနည်း ကြေကွဲရမယ့် အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးနဲ့ အပေါင်းအပါတွေ ကျဆုံးသွားခဲ့တဲ့ အာဇာနည်နေ့ဖြစ်တာကြောင့် လေးဝါးစခန်းမှာလည်း အဆိုပါ အခမ်းအနားကို ကျင်းပပြုလုပ်ကြမှာ ဖြစ်ပါတယ်။ 

အဆိုပါ အခမ်းအနားသို့ လေးဝါးစခန်းနဲ့ နီးတဲ့ မိအေးပူ စခန်းက ဗဟို တပ်ဖွဲ့ဝင် ၈၀ကျော်လောက် ရေလမ်းခရီးနဲ့ တက်ရောက်လာခဲ့သလို မဟာမိတ်တွေ၊ သတင်းဌာနတွေက လူတွေလည်း ရေလမ်းခရီးနဲ့ လေးဝါးစခန်းကို တဖွဲဖွဲ ရောက်ရှိလာခဲ့ပါတယ်။ 

အဲဒီအချိန်မှာ ပဒိုမန်းရှာဟာ သစ်ပင် ပန်းမာန်တွေနဲ့ ခြံရံထားတဲ့ လေးဝါးစခန်းက သူရဲ့ တဲအိမ်လေးမှာ နေထိုင်နေပါတယ်။ လေးဝါးစခန်းက အစည်းအဝေးခန်းမ မှာ ကျင်းပမယ့် အာဇာနည်နေ့ အခမ်းအနားသို့ ပဒို မန်းရှာအပါအ၀င် ဖားအံခရိုင် ဥက္ကဌ ပဒိုစောအားတိုး၊ တပ်မဟာမှူး အသစ်စက်စက် ဗိုလ်မှူးချုပ် သူရစောဂျော်နီ၊ NLD(LA)မှ ကိုမြင့်စိုး၊ ပအိုဝ်အဖွဲ့မှ ခွန်မြင့်ထွန်းနဲ့ မဟာမိတ် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။
အဲဒီအချိန်က တပ်မဟာ ၇မှူး ဗိုလ်ထင်မောင်ဟာ ရန်သူ နအဖနဲ့ ပူးပေါင်းသွားတာကြောင့် သူနေရာမှာ ဗိုလ်မှူးချုပ် သူရစောဂျော်နီက တပ်မဟာမှူးအဖြစ် အသစ်စက်စက် တာဝန်ပေးခံရတာလည်း ဖြစ်ပါတယ်။ 

အဲဒီကာလကလည်း ရန်သူတွေရဲ့ သွေးထိုးမြောက်ပင့်မှုတွေ ကြားမှာ ဗိုလ်ထင်မောင်က သူ တော်လှန်ရေး စလုပ်တဲ့အချိန်က ပဒိုမန်းရှာဟာ နွားကျောင်းသား အဆင့်လောက်ပင် မရှိသေးတဲ့ အကြောင်းနဲ့ ပဒိုမန်းရှာကလည်း ဗိုလ်ထင်မောင်ဟာ ကရင့်တော်လှန်ရေးအပေါ် သစ္စာဖောက်သွားတာ ဖြစ်ကြောင်း စတဲ့ အပြန်အလှန် စွပ်စွဲမှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့ အချိန်ပါ။ 

အဲဒီအာဇာနည်နေ့ အခမ်းအနားမှာလည်း ပဒိုမန်းရှာဟာ သူရဲ့ ကရင့်တော်လှန်ရေး အပေါ် ရပ်တည်ချက် ခွဲထွက် သွားပြီးဖြစ်တဲ့ ဗိုလ်ထင်မောင်အပေါ် သဘောထား ရပ်တည်ချက်တွေကို ကရင်လူထုတွေ၊ တပ်ဗိုလ်တပ်မှူး တပ်သားတွေနဲ့ မဟာမိတ်တွေကို ရှင်းပြ ပြောဆိုခဲ့သလို တပ်မဟာ မှူး အသစ်စက်စက် ဖြစ်လာတဲ ဗိုလ်မှူးချုပ် သူရ စောဂျော်နီကလည်း သူရဲ့ သဘောထားကို ဗမာဘာသာလို ပြောဆိုခဲ့တဲ့အပေါ် မဟာမိတ်ပိုင်းဆိုင်ရာတွေ အတော်အားရ ကျေနပ်ခဲ့ရတဲ့တာကို တွေ့ခဲ့ရပါတယ်။

အထူးခြားဆုံးကတော့ ဖားအံခရိုင်ဥက္ကဌ ပဒိုစောအားတိုးက အာဇာနည်နေ့အခမ်းအနားမှာ တက်ရောက်လာသူများကို အရှေ့ပိုးကရင်ဘာသာနဲ့ ပြောဆိုသွားခဲ့တာပါ။

 အဲဒါနဲ့ ပါတ်သက်ပြီး မျိုးနွယ်စု မျိုးစုံ၊ ယုံကြည်ကိုးကွယ်ရာ မျိုးစုံနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ကရင့်တော်လှန်ရေးကြီးထဲမှာ ယခုလို အရှေ့ပိုး ကရင်ဘာသာနဲ့ မိန့်ခွန်း တက်ရောက် ပြောကြားခဲ့သူ ပဒိုစောအားတိုးအပေါ် ဖြစ်သင့်တဲ့ လုပ်ရပ် တခုဖြစ်ကြောင်းနဲ့ လေးစား ချီးကျူးမိကြောင်းကို ပဒိုမန်းရှာက အပိတ် မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါသေးတယ်။ 

အထက်ပါ ရေးသား ထားတဲ့ အဖြစ်အပျက်များဟာ အချိန်အတိုင်းအတာအရ လက်ချိုးရေတွက်မယ်ဆိုရင် ၅နှစ်တင်းတင်း ပြီးမြောက်သွားခဲ့ပြီး ဖြစ်သော်လည်း ကျနော့အတွက်ကတော့ မနေ့တနေ့ကလိုပဲ ခံစားနေရဆဲပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီနေ့က ခေါင်းဆောင်တွေရဲ့ မိန့်မာချက်တွေက ကျနော့ရဲ့ ရင်ထဲ နှလုံးသားထဲမှာ အမြဲတမ်း အသစ်တွေကို လမ်းဆန်းနေလို့ ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းဆောင်တွေရဲ့ မိန့်မာချက်တွေ ပြောကြားချက်တွေဟာ ကျနော် ရေးသား တင်ပြထားတဲ့ ပဒိုမန်းရှာ ပြုစုပျိုးထောင်ခဲ့တဲ့ သစ်ပင်တွေလိုပဲ အမြဲ ရှင်သန်ကြီးထွား သန်မာလာစေပြီး အရိပ်ကောင်းတဲ့ သစ်တပင်ဖြစ်ဖို့ အားလုံး ကြိုးစားကြရမည်သာ ဖြစ်ပါတယ်။

အဲခေါင်သောင့်

Related

article 5073234304636893369

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item