ဒဏ်ရာရ ကျားတစ်ကောင်ကို အိန္ဒိယရွာသူရွာသားများ ဝိုင်းဝန်းကယ်တင်


အိန္ဒိယ နိုင်ငံတွင် ရွာသူရွာသားများက ဒဏ်ရာရနေသော ကျားတစ်ကောင်ကို ဝိုင်းဝန်း ကယ်တင်ပေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါကျားသည် သံဆူးကြိုးတွင် ငြိနေပြီး မလှုပ်ရှား မသွားလာနိုင်ဘဲ ဖြစ်နေသည်။ 

ထို့ကြောင့် ဒေသတွင်းရှိ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တာဝန်ရှိသူများက ကျားကို ကယ်တင်ရန် နီဒူဂမ်ဘာ ရွာသားများကို အကူအညီ တောင်းခဲ့ရသည်။ 

 ကာနက်တာကာ ပြည်နယ် အတွင်းရှိ ရွာငယ်လေးမှ ရွာသားများသည် ကျားကို သံကြိုးများမှ ဖြုတ်ယူရေးအတွက် စုပေါင်း လုပ်ဆောင်ခဲ့ကြပြီးနောက် ကယ်တင်နိုင်ခဲ့သည်။ ယခုအခါ အဆိုပါ ကျားမကြီးကို မိုင်ဆော တိရစ္ဆာန် ဥယျာဉ်တွင် ကုသပေးနေပြီ ဖြစ်သည်။ 

ဒီဇင်ဘာလ (၄)ရက်နေ့က ထိုကျားမကြီးသည် ကျေးရွာပြင်ပ ကော်ဖီစိုက်ခင်းကို ကာရံထားသည့် ခြံစည်းရိုးတွင် လက်နှင့် ငြိမိနေသည်ကို တွေ့ရှိခဲ့ရသည်။ သဘာဝ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဌာန (WCS)မှ တာဝန်ရှိသူများ မရောက်လာမီထိ ထိုကျားကို ရွာသားများက ထိန်းသိမ်း စောင့်ရှောက်ထားခဲ့သည်။

WCSမှ သိပ္ပံဌာနခွဲ ဒါရိုက်တာ အူလက်စ် ကာရန့်သ်က နီဒူဂမ်ဘာ ရွာသားများ၏ ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်ရှိသလို အသိအမှတ်လည်း ပြုပါကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့သည်။ 


ကမ္ဘာပေါ်တွင် ကျားကောင်ရေ တစ်စထက်တစ်စ လျော့ကျလာသည်နှင့်အမျှ အိန္ဒိယနိုင်ငံတွင် ကျားထိန်းသိမ်းရေး လုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်လာကြောင်းလည်း သိရှိရသည်။

Source: UPI,http://www.planet.com.mm

Related

news 7676283048557281306

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item