ဆွီဒင် လုပ် လက်နက် မြန်မာ အစိုးရ စစ်တပ် သုံးလို့ စုံစမ်းစစ်ဆေးတော့မယ်။

ဆွိဒင်နိုင်ငံ ထုတ် တင့်ကားဖျက်လက်နက် M3 Carl Gustav အမျိုးအစား ကို မြန်မာ စစ်တပ်မှ ကေအိုင်အေတိုက်ပွဲများမှာ သုံးခဲ့ကြောင်း အထောက်အထားများ တွေ့ရှိပြီးနောက် စုံစမ်းဖေါ်ထုတ်ဖို့ ဆွိဒင် အစိုးရ ကဆုံးဖြတ်လိုက်တဲ့ အကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် The Independent သတင်းစာမျက်နှာမှာ ရေးထားပါတယ်။

 မြန်မာအစိုးရ ကို အီးယူ အနေနဲ့ စစ်လက်နက် မရောင်းဖို့ Sanction လုပ်ထားပေမယ့်၊ ပြီးခဲ့တဲ့ ကေအိုင်အေ တိုက်ပွဲတွေအတွင်း မြန်မာ အစိုးရ စစ်တပ်မှ သိမ်းဆည်းလိုက်သော လက်နက်များမှာ ဆွိဒင် လက်နက်စက်ရုံ ကုမ္ပဏီမှ ထုတ်သော M3 Carl Gustav အမျိုးအစားများ ဖြစ်ပြီး စက်ရုံ ကုတ်နံပတ်များ တွေ့ရကြောင်း အတွင်းထဲထိ သတင်းသွားယူသော နိုင်ငံခြားသတင်းထောက်များမ
ှ တဆင့် သတင်းများတွင် ပါလာရာမှ ဆွိဒင် အစိုးရ အနေနဲ့ အခုလို ဆုံဖြတ်လိုက်တာ ဖြစ်ပါတယ်။


ဆွိဒင်နိုင်ငံရဲ့ နိုင်ငံခြားကုန်တင်ပို့မှု ထိန်းချုပ်ရေးဌာန (The Swedish Agency for Non-Proliferation and Export Controls, ISP) မှ အဆိုပါ စစ်ဆေးမှုကို ပြုလုပ်မှာ ဖြစ်ပါတယ်။ အဆိုပါ လက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီ Saab Bofors Dyanamics ဟာ ကမ္ဘာ့ထိပ်ဆုံး လက်နက်ထုတ် စက်ရုံ နံပတ် ၃၀ စာရင်းဝင် ဖြစ်ပါတယ်။
 
 အဲဒီ ကုမ္ပဏီ ရဲ့ ပြောရေးဆိုခွင့်ရှိသူ Sebastian Carlsson ပြောတာကတော့ သူတို့ ကုမ္ပဏီအနေနဲ့လဲ အဆိုပါ စုံစမ်း စစ်ဆေးမှုကို အပြည့်အ၀ ပူပေါင်းပါဝင်မှာ ဖြစ်တဲ့ အကြောင်းပြောပါတယ်။ သူပြောတာက “ကနော်တို့ အနေနဲ့လည်း ကျနော်တို့ရဲ့ ထုတ်ကုန် အခုလို မြန်မာကို ဦးတည်နေတာ မကြိုက်ဘူး၊ မြန်မာကိုလည်း မရောင်းခဲ့ပါဘူး” လို့ ပြောပါတယ်။

သူဆက်ပြီး ပြောတာက..
သူတို့ ကုမ္ပဏီထုတ် လက်နက် ရောင်းတဲ့ နိုင်ငံ ၂၀ ရှိတယ် လို့ ဆိုပါတယ်။ အဆိုပါ နိုင်ငံတွေကို ရောင်းခဲ့တဲ့ ကုတ်နံပါတ်တွေကို ပြန် စစ်လိုက်ရင် ပေါ်မှာ ဖြစ်တဲ့ အကြောင်း ပြောပါတယ်။

အခုစစ်ဆေးမဲ့ ပုံစံကတော့ ဘယ်လိုကြောင့် မြန်မာစစ်တပ်ထဲ အဲဒီ လက်နက် ရောက်သွားတဲ့ လမ်းကြောင်းကို စစ်ဆေးမှာ ဖြစ်ပါတယ်။ သူတို့ရောင်းတဲ့ အထဲမှာ အိန္ဒိယ နဲ့ ထိုင်း လဲ ပါပါတယ်။ 
 
သတင်းဌာန အနေနဲ့ အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ရေး ၀န်ကြီးဌာန ကိုမေးမြန်းထားပါတယ်။ အလားတူ၊ ထိုင်း နဲ့ မြန်မာ ကို မေးမြန်းထားသော်လည်း သတင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရပါတယ်။

မူရင်း အင်္ဂလိပ်သတင်း >>>> http://goo.gl/iODyA

Related

news 4133244262336351366

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item