မြ၀တီ-ကော့ကရိတ် အမြန်လမ်းမကြီး


ဇန်န၀ါရီ - ၂၀ - ၂၀၁၄

သတင်း-မန်းမျိုးမြင့်(မီဒီယာ)

ထိုင်း-နဲ့မြန်မာပူးတွဲဖောက်လုပ်နေတဲ့ မြ၀တီ-ကော့ကရိတ် အမြန်လမ်းမကြီးစီမံကိန်း ပြီးခဲ့ရင်တော့ ဒီခရီးကို ၄၅ မီးနစ်လောက်နဲ့ ခရီးပေါက်တော့မှာဖြစ်ပါတယ်။

ဒီအမြန်လမ်းသစ်ဟာ ဒေါနတောင်ပတ်လမ်းဖြစ်ပြီး လက်ရှိလမ်းဟောင်းလို အချိန် ၂ နာရီလောက် အကုန်ခံဘို့မလိုတော့ပါဘူး။

ဒီအမြန်လမ်းရဲ့ အကွာအဝေးက ၂၈ မိုင်လောက်ဘဲရှိပြီး လက်ရှိအသုံးပြုနေတဲ့ ဒေါနတောင်ကျော်ကားလမ်းက ၃၈ မိုင်လောက်ရှိပါတယ်။


ဒီလမ်းစီမံကိန်း ၂၀၁၅ ဧပြီလလောက်မှာ ပြီးစီးမယ်လို့တာဝန်ရှိသူတွေကပြောနေပေမဲ့ အချို့
လေ့လာသူတွေအဆိုအရ သတ်မှတ်ချိန်အတွင်း မပြီးဆီးနိုင်ဘူးလို့ သုံးသပ်ပြောဆိုနေကြပါတယ်။

မူလအစီအစဉ်အရ ဒီစီမံကိန်းကို ဒီနှစ်ဧပြီလကုန်မှာ ပြီးစီးအောင်လုပ်ရမယ်လို့ နှစ်နိုင်ငံသ
ဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြပေမဲ့ သတ်မှတ်ချက်အတိုင်းတော့ ဖြစ်မလာခဲ့တဲ့အတွက် နောက်ထပ်တနှစ် အချိန်ထပ်တိုးရတာဖြစ်ပါတယ်။

လက်ရှိအနေအထားမှာတော့ မြ၀တီကနေကော့ကရိတ်အထိ မြေသားလမ်းတော့ပေါက်နေပြီး
ဖြစ်တဲ့အတွက် လုပ်ငန်းခွင်က မော်တော်ယာဉ်တွေ သွားလာနေပြီးဖြစ်ပါတယ်။

ကားမောင်းတဲ့နေရာမှာ အတင်းကျော်-အတင်းတက်ပြီး-အမြန်မောင်းတတ်တဲ့ မြန်မာတွေအတွက် ဒီလမ်းကြီးပြီးသွားရင်တော့ မူလအကျင့်တွေကို ပြင်မှဖြစ်လိမ့်မယ်ဆိုပြီး ကားသမားအချို့ကပြောဆိုကြပါတယ်။


ဒီလမ်းပြီးသွားရင်တော့ အရင်ကလို မြ၀တီ-ကော့ကရိတ်ကို ယဉ်တန်းတရက်ခြားပြီး သွားလာဘို့မလိုတော့သလို-လက်ရှိလမ်းမှာ အတက်အဆင်းလုပ်နေတဲ့ကားတွေက တရက်ကို အစီးရေ (၈၀၀)ရှစ်ရာလောက်ရှိပါတယ်။

ဒီလမ်းကြောဟာ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကလမ်းကြောဖြစ်ပြီး တရုတ်နယ်စပ် ကုန်သွယ်ရေးပြီးရင် မြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံး နယ်ကုန်သွယ်ရေးလမ်း
ကြောလည်းဖြစ်ပါတယ်။

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item