ကရင်ပြည်နယ် ကော့ကရိတ်နှင့် မြ၀တီ လမ်းကြောင်း၌ မိုင်းနင်းမိ သေဆုံး





23.Sept.2013



ကရင်ပြည်နယ် ကော့ကရိတ်နှင့် မြ၀တီ လမ်းကြောင်းရှိ ချောက်ကမ်းပါး အလှုခံ မဏ္ဍာပ်၏ နေရာဘေးရှိ ချောက်ကမ်းပါး လျှိုမြောင် လမ်းကြား ထဲသို့ တောနင်း သွားသူ တဦး မိုင်းနင်း မိပြီး သေဆုံး ခဲ့ရသည်ဟု အစိုးရ လုံခြုံရေး တပ်ဖွဲ့နှင့် နီးစပ် သူဒေသခံ တဦးက ဆိုပါသည်။

“ မိုင်းထိထိချင်း သူ့မိသားစုကို ဖုန်းဆက်တယ်။ သူပြောသွားတာက အဲဒီနေရာကို ၀ဥ သွားတူးတယ်လို့ ဆိုပါတယ်။ မိုင်း ထိချိန်က မနေ့တုန်းက နေ့လည် (၁၀) နာရီခွဲ မှာပေါ့။ နောက်တယောက် ထိတာက အဲဒီ မိုင်းထိ ခဲ့တဲ့ တရုတ် ဖိုးကို သွားရှာရင်း ညနေ (၃) နာရီမှာ ထပ်ထိတာ ဖြစ်တယ်။ သူက မသေဘူး အခု ကော့ကရိတ် ဆေးရုံမှာ” ဟု ဆိုပါသည်။

ကော့ကရိတ်မြို့ ဒေါန လမ်းခင်နိမ့်မူ ကွက်သစ် ရပ်ကွက် (၇) တွင် နေထိုင်သော တရုတ်ဖိုး (၂၈)နှစ် (အဖ ဦးရာကွန့်) သည် ၄င်းနေရာသို့ သွားရောက်ပြီး ၀ဥ သွားတူး သည်ဟု ဆိုပါသည်။ မိုင်းနင်း မိပြီးနောက် မိသားစုထံသို့ ဖုန်းဆက်ခဲ့ရာ မိသားစု များက ၄င်းအား သွားရောက် ရှာဖွေရာ ယမာန်နေ့ (၂) နာရီတွင် မောင်ဖြိုး အသက် (၂၆)နှစ် အဖ (ဦးအာမင်) မှထပ်မံ မိုင်းနင်းမိခြင်း ဖြစ်ပါသည်။

မိသားစုများသည် တရုတ်ဖိုးကို ညနေ (၃) နာရီတွင် တွေ့ရှိ ခဲ့ပြီး ၄င်းတို့နှစ်ဦးအား သယ်ဆောင် လာစဉ် တရုတ်ဖိုးသည် လမ်းခရီးမှာပင် သေဆုံး သွားခဲ့ပြီး မောင်ဖြိုးမှာ ယခု ကော့ကရိတ် ဆေးရုံကို တင်ထားရပါသည်။

ကရင်ပြည်နယ် ကော့ကရိတ်နှင့် မြ၀တီ လမ်းကြောင်းရှိ ချောက်ကမ်းပါး အလှုခံ မဏ္ဍာပ်၏ ဘေးရှိ ချောက်ကမ်းပါး လျှိုမြောင် လမ်းသည် ယခင် ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA) တပ်များ လှုပ်ရှား ခဲ့သည့် နေရာဖြစ်ပြီး မြေမြှုပ်မိုင်းကြောင့် ကန့်သတ် ထားသည့် နေရာ ဖြစ်သည်ဟု DKBA က ဆိုပါသည်။

သံသယ ဖြစ်ပွား နေသည်မှာ ကန့်သတ် ထားသည့် ဤကဲ့သို့သော နေရာမျိုးကို တရုတ်ဖိုးသည် ဘာကြောင့် ၀ဥသွား တူးရပါသလဲ။ တရုတ်ဖိုးသည် ၀ဥတူးသည်ဟု အကြောင်းပြ ခဲ့သော်လည်း တောထဲသို့ လက်ကိုင်ဖုန်း ယူသွားခြင်းသည် အကြံအစည် တရပ်သာ ဖြစ်နိုင်ကြောင်း နယ်ခြားစောင့်တပ် အရာရှိများက ဆိုနေပါသည်။

ကရင်ပြည်နယ်တွင် ပြည်တွင်း စစ်ဒဏ်ကြောင့် မြေမြှုပ်မိုင်းများ နေရာ အနှံ့ ရှိနေပါသည်။ ဒေသတွင်း လုံခြုံရေးနှင့် ပြည် သူ့ဘ၀ အေးချမ်း သာယာရေးကို ခြိမ်းခြောက် နေဆဲ ဖြစ်ပါသည်။ ကရင်ပြည်နယ်၌ မြို့နယ် (၇) မြို့နယ်ရှိ နေရာ မြို့နယ် (၁၀)ခု ထက်မနဲတွင် မြေမြှုပ်မိုင်း ဒဏ်ခံ နေရပါသည်။

ကရင် အမျိုးသား အစည်းအရုံး၏ တပ်မဟာ (၇) ခု ရှိသည့် နေရာ တိုင်းတွင် မြေမြှုပ်မိုင်း အန္တရာယ် ရှိနေခြင်း ဖြစ်ပါသည်။ ဤမြေမြှုပ်မိုင်း များသည် အစိုးရ တပ်ဖွဲ့နှင့် KNU တပ်ဖွဲ့များ အပြန်အလှန် ထောင်ထားခြင်း ဖြစ်ပေသည်။ သံတောင်မြို့ နယ်၊ ဖါပွန်မြို့နယ်၊ လှိုင်းပွဲမြို့နယ်၊ ကော့ကရိတ်မြို့၊ မြ၀တီမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဖါးအံမြို့နယ် များနှင့် ပဲခူး တိုင်းရွှေကျင် ကျောက်ကြီးမြို့နယ်၊ တောင်ငူမြို့နယ် အပါအ၀င် တနင်္သာရီတိုင်း မြိတ်၊ ထားဝယ် ခရိုင်ရှိ တောတွင်း နေရာများ ၌မြေမြှုပ်မိုင်း အန္တရာယ် ရှိနေခြင်း ဖြစ်ပါသည်။

ဤအခြေအနေကို ဖြေရှင်းနိုင်ရန် ကုလသမဂ္ဂ ဂျီနီဗာကေါ အဖွဲ့နှင့် ဥရောပ နိုင်ငံများက အစိုးရနှင့် KNU တို့အား အကူ အညီပေးလျှက် ရှိပါသည်။ ဤပြသနာကို ဖြေရှင်းနိုင်ရန် အစိုးရနှင့် KNU တို့၏ အပြန်အလှန် ယုံကြည်မှု တည်ဆောက် နိုင်သည့် အပေါ်၌ မူတည် နေကြောင်း KNU ဖက်မှ ဆိုပါသည်။
by ဖြူဖြူကို

Related

news 1033271566981345286

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item