မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး နအဖက ကြေညာထားချက် အပေါ် အချက်အလက် အထောက်အထားများဖြင့်မှားယွင်းနေ
http://albanykarennews.blogspot.com/2013/09/blog-post_491.html
22.Sept.2013
ပင်တိုင် ဆောင်းပါးရှင် ဆရာဂါမဏိက မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး နအဖက ကြေညာထားချက် အပေါ်တွင် အချက်အလက် အထောက်အထား များဖြင့် မှားယွင်းနေကြောင်း ထောက်ပြ ရှင်းလင်း ထားတဲ့ ဆောင်းပါး တစ်ပုဒ် ပေးပို့လာပါတယ်။ ယခုလို ပေးပို့လာတဲ့အတွက် ဆရာဂါမဏိကို ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူး တင် ရှိပါကြောင်းနဲ့ စာဖတ် ပရိသတ်များ အတွက် ဗဟုသုတ ရရှိစေဖို့ ကျွန်တော် ကိုဖိုး တရုတ်က တင်ပြပေးလိုက် ရပါတယ် ခင်ဗျား။http://photayokeking.org/
နအဖဟာ အရင် အစိုးရ အဆက်ဆက်နဲ့ လမ်းခွဲ ထွက်လာတာဖြစ်တယ်၊ အရင်အစိုးရတွေထက်သာတယ်လို့ ဝါကြွားနေပေမဲ့ ဦးနုအစိုးရ လုပ်ခဲ့တဲ့ ကမ္ဘာအေးလှိုဏ်ဂူ၊ နေဝင်းလုပ်ခဲ့တဲ့ မြန်မာစာ ရေးရာမှာ တစ် ခု-တစ် ယောက်စသဖြင့် သုံးစွဲရေး၊ စောမောင်ထွင်ခဲ့တဲ့ မြန်မာနိုင်ငံ တိုင်းရင်းသား ၁၃၅မျိုး၊ ခင်ညွန့်ထွင်ခဲ့တဲ့ မြန်မာအစ-လူသားအစ ပုံတောင်ပုံညာက ဆိုတဲ့ အယူအဆ တွေကို ဆက်ကျင့်သုံးနေပါတယ်။ အခု ဆောင်းပါး မှာတော့ မြန်မာပြည်မှာတိုင်းရင်း သား ၁၃၅ မျိုးတကယ် ရှိ မရှိကို ဆန်းစစ် ဖော်ထုတ် သွားပါမယ်။
ပထဆုံး ကချင် လူမျိုးတွေကို ကြည့်ရင် နဝတ-နအဖက ကချင် ၁၂ မျိုးလို့ ဖော်ပြ ထားရာမှာ လူမျိုးတမျိုး ထဲက ဆွေမျိုးစုကွဲ၊ ဘာသာစကား လေယူလေသိမ်း ကွဲတွေကို သီးခြား လူမျိုးအဖြစ် ဇွတ်အတင်း ပြထား ပါတယ်။ ဒါ့အပြင် ကချင်ဆိုတဲ့ နာမယ်နဲ့ လူမျိုးတမျိုး သီးသန့်ပြထားသလို ဂျင်းဖော နာမယ် နဲ့လည်း ပြထားပြန်တယ်။ တကယ်တော့ ကချင်ဆိုတာ အားလုံးကိုခြုံခေါ်တဲ့ နာမယ်ဖြစ်မှန်း လူတိုင်းသိပေမဲ့ နအဖဟာ လူမျိုး အရေအတွက် ဖောင်းပွစေ ချင်လွန်းအားကြီးလို့ သီးသန့် လူမျိုးမဟုတ်တာကို အဟုတ်ကြီး လုပ်ထည့်တာ ဖြစ်တယ်။ နအဖ စာရင်းထဲက ဂေါ်ရီ၊ ခခူ နဲ့ ဒူးလန်းတို့ဟာ ဂျင်းဖော အနွယ်ကွဲတွေသာ ဖြစ်ပြီး သီးခြားလူမျိုးစုတွေ မဟုတ်ပါဘူး။ခခူနဲ့ဒူးလန်း ဆိုရင် မျိုးနွယ်ကွဲတခုတည်းကိုဘဲ နာမယ်နှစ်မျိုး ခေါ်ထားတာ ဖြစ်ပါတယ်။ ကချင် ၁၂ မျိုးထဲက တမျိုးအဖြစ် ပြထားတဲ့ တရုမ်းနဲ့ ဒလောင် ဆိုတာလည်း ရဝမ် မျိုးကွဲဖြစ်ပါတယ်။ ဒါကြောင့် နအဖပြောတဲ့ ကချင် ၁၂ မျိုးဟာလက်တွေ့မှာ ၆ မျိုးဘဲဖြစ်ပါတယ်။
နအဖစာရင်း
အမှန်စာရင်း
၁
ကချင်
ဂျိန်းဖော၊ မရူ၊ ရဝမ်၊ လရှီ၊ အဇီးနှင့် လီဆူးတို့ကို လွှမ်းခြုံခေါ်ဝေါ်သည့် အမည်
၂
တရုမ်း
ရဝမ်မျိုးနွယ်စု
၃
ဒလောင်
ရဝမ်မျိုးနွယ်စု
၎
ဂျိန်းဖော
၁
ဂျိန်းဖော (ဂေါ်ရီ၊ ခခူ၊ ဒူးလန်းနှင့် အခြား မျိုးနွယ်စုများပါဝင်)
၅
ဂေါ်ရီ
ဂျိန်းဖောမျိုးနွယ်စု
၆
ခခူ
ဂျိန်းဖောမျိုးနွယ်စု
၇
ဒူးလန်း
ဂျိန်းဖောမျိုးနွယ်စု
၈
မရူ (လော်ဝေါ်)
၂
မရူ
၉
ရဝမ်
၃
ရဝမ် သို့မဟုတ် နုံး (ဒလောင်၊ တရုမ်းနှင့် အခြား မျိုးနွယ်စုများ ပါဝင်)
၁၀
လရှီ (လချိတ်)
၎
လရှီ
၁၁
အဇီး
၅
အဇီး သို့မဟုတ် ဇိုင်ဝါး
၁၂
လီဆူး
၆
လီဆူး သို့မဟုတ် ယောယင် သို့မဟုတ် လီရှော
၁၂
စုစုပေါင်း
၆
စုစုပေါင်း
နအဖရဲ့ ကယား လူမျိုးစာရင်းထဲမှာ လူမျိုး ၉ မျိုးပြထားတယ်။ ဒီထဲမှာဇယိမ်း၊ ကယန်း၊ (ပဒေါင်)၊ ကဲ့ခို၊ ယင်းဘော် ဆိုတဲ့လေးမျိုးဟာ တကယ်တော့ကယန်း (ပဒေါင်) လူမျိုးရဲ့ အမည်ကွဲတွေ သို့မဟုတ် မျိုးနွယ်ကွဲတွေသာဖြစ်လို့ နအဖပြောတဲ့ ၉ မျိုးဟာ လက်တွေ့မှာ ၅ မျိုးဘဲဖြစ်သွားပါတယ်။ဂေဘား
နအဖစာရင်း
အမှန်စာရင်း
၁
ကယား
၁
ကယား
၂
ဇယိမ်း
ကယန်းမျိုးနွယ်စု
၃
ကယန်း (ပဒေါင်)
၃
ကယန်း (ပဒေါင်၊ ကဲ့ဒို၊ ယင်းဘော်၊ ဇယိမ်းတို့ ပါဝင်)
၎
ကဲ့ဒို
ကယန်းမျိုးနွယ်စု
၅
ဂေဘား
ဘွဲကရင်မျိုးနွယ်စု
၆
ဘရဲ့ (ကယော)
၃
ကယော
၇
မနုမနော
၎
မနုမနော
၈
ယင်းတလဲ
၅
ယင်းတလဲ
၉
ယင်းဘော်
ကယန်းမျိုးနွယ်စု
၉
စုစုပေါင်း
၅
စုစုပေါင်း
နအဖရဲ့ကရင် လူမျိုး ၁၁ မျိုးစာရင်းဟာလည်း လူမျိုးတမျိုးထဲရဲ့နာမယ်ကွဲ
ကယား၊ ကယန်း လူမျိုးများဟာ ရင်းမြစ် အားဖြင့် ဘွဲကရင် လူမျိုးဖြစ်ပေမဲ့ မျက်မှောက် ကာလ မှာတော့ သီးခြား လူမျိုးတွေအဖြစ် ရပ်တည်သွားကြပါပြီ။ ကယား လူမျိုးထဲ ထည့်ထားတဲ့ ဂေဘားလူမျိုးကလည်း ဘွဲကရင်ဘဲ ဖြစ်ပါတယ်၊ သီးခြား လူမျိုး အမှတ်အသား လက္ခဏာ ခံယူတဲ့ အနေအထား မရှိသေးဘဲ ဘွဲကရင် မျိုးနွယ်ကွဲ အမှတ်အသား လက္ခဏာ ကိုသာ ခံယူနေဆဲဖြစ်ပါတယ်။ ပအိုဝ်း လူမျိုး ကတော့ နဂို မူလရင်းမြစ် အားဖြင့် ပိုးကရင် ဖြစ်ပေမဲ့ အခုတော့ သီးခြားလူမျိုး လက္ခဏာ ခံယူ ထားပြီ ဖြစ်တယ်။
နအဖစာရင်း
အမှန်စာရင်း
၁
ကရင်
စကော၊ ပိုးနှင့် ဘွဲတို့ကို ခြုံ၍ ခေါ်သော အမည်
၂
ကရင်ဖြူ
ဘွဲကရင်မျိုးနွယ်စု သို့မဟုတ် အမည်ကွဲ
၃
ပလေကီး
ဘွဲကရင်မျိုးနွယ်စု
၎
မွန်ကရင် (စာဖြူ)
ပိုးကရင်အမည်ကွဲ၊ စာဖြူဆိုသည်မှာ ခရစ်ယာန်ဘာသာဝင်ကို ဆိုလို
၅
စကော
၁
စကော (ပကူး၊ တလှေပွား၊ မောနေပွားနှင့် အခြား မျိုးနွယ်စုများ ပါဝင်)
၆
တာလှေပွား
စကောကရင်မျိုးနွယ်စု
၇
ပကူး
စကောကရင်မျိုးနွယ်စု သို့မဟုတ် အမည်ကွဲ
၈
ဘွဲ
၂
ဘွဲ (ကရင်ဖြူ၊ ပလေကီး၊ ဂေဘားနှင့် အခြား မျိုးနွယ်စုများ ပါဝင်)
၉
မောနေပွား
စကောကရင်မျိုးနွယ်စု
၁၀
မိုးပွား
ပိုးကရင်မျိုးနွယ်စု
၁၁
ရှူး (ပိုး)
၃
ပိုး (မိုးပွား၊ မွန်ကရင်နှင့် အခြား မျိုးနွယ်စုများ ပါဝင်)
၁၁
စုစုပေါင်း
၃
စုစုပေါင်း
နအဖစာရင်းထဲမှာ အဆိုးဆုံးကတော့ ချင်း လူမျိုး ၅၃ မျိုးပြ ထားတာပါဘဲ။ ထုံးစံ အတိုင်း ချင်း ဆိုတဲ့နာမယ် နဲ့ လူမျိုးတမျိုးလည်း ပြထား ပါသေးတယ်။ ၅၃မျိုးထဲမှာ ချင်းလူမျိုးအဖြစ် အမှတ်အသားလက္ခဏာ identity မသတ် မှတ်နိုင်တဲ့နာဂ၊ မဏိပူရနွယ်ဘွားကသည်း နဲ့ နီပေါနွယ်ဘွားလင်းဘု ကိုလည်း ထည့်ထားတယ်။ဒီကနေ့ ချင်းနိုင်ငံရေး ပါတီတွေနဲ့ ပညာရှင်များ လက်ခံ အတည်ပြု ထားတာ ချင်းလူမျိုး ၈ မျိုးဘဲဖြစ်ပါတယ်။ လူမျိုး Race/Tribe မဟုတ်တဲ့မျိုးနွယ်စု/
နအဖစာရင်း
အမှန်စာရင်း
၁
ချင်း
ဇိုမီး၊ ကူကီး၊ လိုင်မီး၊ မရာ၊ ချိုမီး၊ ခမီး၊ ရှိုမီးနှင့် မီဇိုတို့ကို လွှမ်းခြုံခေါ်သောအမည်
၁၀
ခေါနိုး၊ ဂန်တဲ့၊ ဂွေးတဲ၊ ငန်း၊ ဆီစာန်၊ ဆိုင်းဇန်၊ ဇို၊ တီးတိန်၊ တေဇန်၊ ဒင်မ်
၁
ဇိုမီးချင်း
၂
ခေါင်ဆိုင်၊ တာ့ဒိုး
၂
ကူးကီးချင်း
၁၅
ခွာဆင်းမ်၊ ခွန်လီ၊ ဆင်တန်၊ ဇာဟောင်၊ ဇိုဖေ၊ ဇန်ညှပ်၊ တပေါင်၊ တိုင်ချွန်း၊ တောရ်၊ မိအဲ၊ လင်တဲ၊ လောက်တူ၊ လိုင်၊ လိုင်ဇို၊ ဇိုတု့း
၃
လိုင်မီးချင်း
၂
မရာ၊ မတူ
၎
မရာ
၅
ဒိုင် (ယင်ဒူး)၊ မကန်း၊ မွင်း၊ အုပု၊ ရောင်တူ
၅
ချိုမီးချင်း
၇
ခမီ၊ အဝခမီ၊ ခေါင်စို၊ ပနန်း၊ လေးမြို၊ ဝါကင်းမ်၊ အနူး
၆
ခမီးချင်း(မြို)
၂
ဆလိုင်း၊ အရှို
၇
ရှိုမီးချင်း
၃
ကလင်ကော (လူရှိုင်း)၊ လူရှိုင်း (လူရှေ)၊ ဟွာလ်ငို
၈
မီဇိုချင်း (လူရှိုင်း)
၎
နာဂ၊ တန်ခူး၊ မာရင်၊ အနန်
နာဂ
၁
မေ့ထေး (ကသည်း)
၃
မဏိပူရ်
၁
လင်းဘု
၃
နီပေါ
၅၃
စုစုပေါင်း
၈+၃
စုစုပေါင်း
ကူကီး (သာဒိုး) ဟာ ရင်းမြစ် အားဖြင့် ဇိုမီးလူမျိုးဖြစ်ပေမဲ့ အခုတော့ သီးခြား လူမျိုး အဖြစ် ရပ်တည်ပါပြီ။ လိုင်မီး ရင်းမြစ်ဖြစ်တဲ့ မရာ ဟာလည်း အခုသီးခြားလူမျိုးအဖြစ် ရပ်တည်နေပါပြီ။ နအဖဟာ ခမွီးနဲ့မြို ကို ရခိုင် လူမျိုးထဲ ထည့်မထားရင် ချင်း ၅၅မျိုး ဖြစ်သွားနိုင်တယ်။ ချင်းပုန်း၊ ချင်းဘုတ် စတဲ့ နာမယ်ကွဲတွေ ထပ်ထည့်လိုက်ရင် နအဖရဲ့ ချင်းစာရင်းဟာ ၁ဝဝ နားကပ် သွားနိုင်ပါတယ်။ နာဂလူမျိုးကိုတော့ ချင်းလူမျိုးထဲ သတ်မှတ် ထည့်သွင်းလို့ မရဘဲသီးခြား မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးတမျိုး အဖြစ် သတ်မှတ် ရမှာဖြစ်ပါတယ်။ နအဖရဲ့ချင်းတွေလိုဘဲ နာဂထဲက ဆွေမျိုးစု၊ စကားဝဲ အစုတွေက အနည်းဆုံး ၆၄ မျိုးရှိလို့ ချင်းထက် များပါတယ်။ နာဂ လူမျိုးမှာ ပြည်နယ် မရှိလို့ ချင်းလို လူမျိုး အများကြီး ခွဲမပြတာ ဖြစ်ပါလိမ့်မယ်။ နို့မဟုတ်ရင် နအဖရဲ့ မြန်မာပြည် “တိုင်းရင်းသား အရေအတွက်” ၃ဝဝကျော်သွားနိုင်ပါတယ်။
နအဖစာရင်း
အမှန်စာရင်း
၁
ဗမာ
၁
ဗမာ (ယော)
၂
ထားဝယ်
၂
ထားဝယ်
၃
ဘိတ်
ထားဝယ်စကားဝဲအစု
၎
ယော
ဗမာစကားဝဲအစု
၅
ကဗိန်း
၃
ယဗိန်း
၆
ကဒူး
၎
ကဒူးကနန်း
၇
ကနန်း
ကဒူးကနန်းမျိုးနွယ်စု
၈
ဆလုံ
ဆလုံ
၉
ဖွန်း
ဖွန်း
၉
စုစုပေါင်း
၎+၂
စုစုပေါင်း
နအဖက ဗမာ (ခေါ်) မြန်မာ လူမျိုးစု အရေအတွက်ကို နဝင်းကျေအောင် ၉ခုပြထားပါတယ်။ ယော၊ ထားဝယ်နဲ့ ဘိတ် တို့ကို သီးခြား လူမျိုးတွေ အဖြစ် ပြထားတယ်။ စကားဝဲ dialect အစုကွဲသာ ဖြစ်တယ်လို့ မနုဿဗေဒ ပညာရှင်များနဲ့ ဘာသာဗေဒပညာရှင်များ သတ်မှတ်ထားတာ အားလုံးအသိပါဘဲ။ အခု အချိန်ထိတော့ ဒီအစုတွေဟာ သီးခြားလူမျိုး သရုပ်လက္ခဏာနဲ့ ရပ်တည်ချင်စိတ် ပြင်းပြတာ ကျယ်ကျယ်ပြန့်ပြန့် မရှိသေးပါဘူး။ နောင်မှာတော့ ဘိတ်နဲ့ထားဝယ်ဟာ သီးခြား သရုပ်လက္ခဏာနဲ့ ရပ်တည်ချင် ရပ်တည်လာနိုင် ပါတယ်။ နအဖဟာ ရှမ်းပြည်က သီးခြား ဗမာ လူမျိုးစု အနွယ်ဝင် ဓနု၊ တောင်ရိုးနဲ့ အင်းသား ကိုတော့ရှမ်းလူမျိုးထဲ ထည့်ထား ပါတယ်။ ကဒူးနဲ့ကနန်းကိုလည်း ခွဲပြထား သလို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ထဲက ဖွန်းလူမျိုးနဲ့ တိဘက်-ဗမာ အနွယ် မဟုတ်တဲ့ ဆလုံတွေကို ဗမာလူမျိုးထဲ ထည့်ထားတာတွေဟာ မနုဿဗေဒအသိ နုံ့နဲ့ရာကျပါတယ်။ စစ်ကိုင်းတိုင်းထဲက နာဂတွေ ကျတော့ ချင်းလူမျိုးထဲ ထည့်ထားပေမဲ့ကချင်ပြည်နယ်ထဲ
နအဖဟာ မွန် ကိုတော့ တမျိုးထဲပဲပြထားပြီး တခြား မွန်ခမာမျိုးနွယ်တွေဖြစ်တဲ့
နအဖစာရင်း
အမှန်စာရင်း
၁
မွန်
၁
မွန်
၁
စုစုပေါင်း
၁
စုစုပေါင်း
နအဖစာရင်း
အမှန်စာရင်း
၁
ရခိုင်
၁
ရခိုင်
၂
ကမန်
၂
ကမန်
၃
ခမြီး
ခမီးချင်း
၎
ဒိုင်းနက်
၃
ဒိုင်းနက်
၅
မရာမာကြီး
၎
မရမာကြီး
၆
မြို
ခမီးချင်းမျိုးနွယ်စု
၇
သက်
၅
သက်
၇
စုစုပေါင်း
၅
စုစုပေါင်း
ရခိုင် လူမျိုးကို ၇ မျိုးစာရင်းပြထားရာမှာ တကယ်တော့ ခမွီး နဲ့မြို (မရို) ဟာ ရခိုင်ပြည်မှာနေတဲ့ ခမီးချင်းတွေ ဖြစ်ပြီး နအဖရဲ့ ချင်း ၅၃မျိုးဆိုတဲ့အထဲပါပြီးဖြစ်
နအဖစာရင်းပါ ရှမ်း ၃၃ မျိုးကတော့ ရှမ်းတင်မကဘဲ ဗမာမျိုးနွယ်တွေ၊ ပအိုဝ်းလို တခြားတိဘက်ဗမာမျိုးနွယ်တွေ၊
အင်၊ စုံ၊ ဝ နဲ့ တိုင်းလွယ် တို့ဟာ တမျိုးတည်း ဖြစ်ပါတယ်။ (တိုင်းလွယ်ကိုတော့ သီးခြားမွန်ခမာလူမျိုးတခု အဖြစ် ယူလို့ရနိုင်တယ်။) ကွီ နဲ့ လားဟူမကွာသလို ဖျင်နဲ့ အခါလည်း အတူတူပါဘဲ။ ပလေးနဲ့ပလောင် တမျိုးတည်း ဖြစ်သလိုမြောင်ဇီး၊ ယအို (ယောင်) နဲ့ အိုက်ဆွယ် တမျိုးတည်းဖြစ်ကြပါတယ်။နယ်ခ
နအဖစာရင်း
အမှန်စာရင်း
၃
ရှမ်း၊ ရှမ်းကြီး၊ တိုင်းလုံ
၁
တိုင်းလုံ (တိုင်းယိုင်)
၁
ဂုံ
၂
တိုင်းခွန် (ဂုံ)
၁
မောရှမ်း
၃
တိုင်းမော
၁
တိုင်းလျမ်
၎
တိုင်းလျမ် (ယူနန်)
၁
ခန္တီးရှမ်း
၅
တိုင်းခမ်းတီး (ကချင်)
၂
ရှမ်းကလေး၊ တိုင်းလေ့
၆
တိုင်းနွဲ့ (ထိုင်း)
၁
ယွန်း
၇
တိုင်းယွန်း (ဇင်းမယ်ထိုင်း)
၂
ပလေး၊ ပလောင်
၈
ပလောင်
၃
ဝ၊ အင်၊ စုံ
၉
ဝ
၁
တိုင်းလွယ်
၁၀
တိုင်းလွယ် (ဝ)
၁
ဓနု
၁၁
ဓန
၁
တောင်ရိုး
၁၂
တောင်ရိုး
၁
ဓနော
၁၃
ဓနော
၂
လားဟူ၊ ကြီ
၁၄
လားဟူ
၂
ကော်၊ ဖျင်
၁၅
အခါ
၁
ခမူ
၁၆
ခမူ (လော)
၃
မြောင်ဇီး၊ ယောင်၊ အိုက်ဆွယ်
၁၇
မြောင်
၁
ကိုးကန့်
၁၈
ကိုးကန့် (တရုတ်)
၁
အင်းသား
၁၉
အင်းသား
၁
ပအိုဝ်း
၂၀
ပအိုဝ်း
၂
ယင်းကျား၊ ယင်းနက်
၂၁
ယင်း
၁
မိုင်းသာ
၂၂
မိုင်းသာ
၃၃
စုစုပေါင်း
၂၂
စုစုပေါင်း
ဒါကိုချုပ်ကြည့်လိုက်ရင် နအဖပြောတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅မျိုးဆိုတာမှာ ၇၆ မျိုးဟာ စာရင်းထပ်နေတာ၊ လုပ်ကြံတည်ထွင်ထားတာဖြစ်နြေ
ဘယ်လိုဘဲဖြစ်ဖြစ် ဗမာပြည်ရဲ့ တိုင်းရင်းသားလူမျိုးအရေအတွ
by ဆရာဂါမဏိ

Post a CommentDefault CommentsFacebook Comments