အစိုးရတပ်နှင့် ပန်းဆေး ပသစ ပူးပေါင်းတပ်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က အနိုင်ယူချေမှုန်းနိုင်ခဲ့
http://albanykarennews.blogspot.com/2013/09/blog-post_5588.html

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ အုပ်စုတွင် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း ၁၂၂ ကို မြန်မာအစိုးရ တပ်နှင့် ပန်းဆေး ပြည်သူ့စစ်တို့ ပူးပေါင်း စစ်ကြောင်းက စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ထိုးစစ်ဆင်ခဲ့ရာ အစိုးရ တပ်မတော်ဘက်က အကျအဆုံး များခဲ့ကြောင်း သတင်းရရှိသည်။
တနာရီခွဲခန့် ကြာမြင့်ခဲ့သည့် တိုက်ပွဲကြောင့် မြန်မာ့တပ်မတော် ခလရ ၄၅ တပ်ရင်းနှင့် အစိုးရလက်အောက်ခံ ပန်းဆေးပြည်သူ့စစ်မှ ဆယ့် ၁၂ ဦး ကျဆုံးပြီး ဒဏ်ရာရရှိသူ များပြားကြောင်း ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ ဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော်က ဧရာဝတီကို ပြောသည်။
“တပ်ရင်း ၁၂၂ ကို အစိုးရတပ်နဲ့ ပြည်သူ့စစ် ပေါင်းပြီး လိုက်နေတာ ၂ ရက် ၃ ရက်ရှိပြီ။ ကျနော်တို့ တနေရာပြီး တနေရာ ရွှေ့ပြီး ဆုတ်လာတာ။ မနေ့ကတော့ အတင်း ထိုးစစ်ဆင်လာလို့ တိုက်ပွဲ ဖြစ်တယ်။ ဒီနေ့တော့ သူတို့ ဒဏ်ရာရထားသူတွေကို သယ်နေတယ်လို့ သတင်းရတယ်။ ဖြစ်တဲ့နေရာက ရွာနဲ့ ဝေးတော့ အရပ်သား ထိခိုက်မှု မရှိခဲ့ပါဘူး” ဟု ၎င်းက ဆိုသည်။
____________________
နန်းသီရိလွင်- Irrawaddy news agency -12-9-2013
Ref:http://burma.irrawaddy.org/archives/47924
Post a CommentDefault CommentsFacebook Comments