ကေအိုင်အေနှင့် အစိုးရတပ် ဗန်မော်ခရိုင်အတွင်း တိုက်ပွဲဖြစ်



ရန်ကုန်၊ စက်တင်ဘာ ၁၁

တိုက်ပွဲများ ရပ်တန့်ထားကာ အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးနေသည့် ကာလတွင် တပ်မတော်နှင့် ကေအိုင်အေတို့ ဗန်းမော်ခရိုင်အတွင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေကြောင်း ဒေသခံများက The Voice သို့ ဆက်သွယ် ပြောကြားသည်။

ယင်းတိုက်ပွဲမှာ တပ်မတော် ခမရ ၅၀၀၅ နှင့် ကေအိုင်အေ တပ်မဟာ ၃ လက်အောက် တပ်ရင်း ၁၂ တို့ ဗန်းမော်ခရိုင် မန်စီမြို့နယ် နန်လင်းပါနှင့် မုန်ဒင်ကြား နန်ဖန်ချောင်းအနီးတွင် ဖြစ်ပွားခြင်း ဖြစ်သည်ဟု ကေအိုင်အို ဘက်က ပြောကြားသည်။

“မနေ့ကတည်းက တိုက်ပွဲဖြစ်နေတာ။ သေနတ်သံတွေ ကြားရတယ်။ တစ်နေကုန်ပဲ။ ဒီနေ့လည်း ပစ်နေတုန်းပဲ” ဟု နန်လင်းပါ ဒုက္ခသည်စခန်းမှ သင်းအုပ်ဆရာ ဦးလဖိုင်လဂျာက ပြောကြားသည်။

ယင်းတိုက်ပွဲ အခြေအနေနှင့် ထိခိုက်ဒဏ်ရာရသူများ ရှိ မရှိ ကိုမူ ကေအိုင်အေနှင့် တပ်မတော် နှစ်ဖက်စလုံးက တရားဝင် ထုတ်ပြန် ပြောကြားခြင်း မရှိသေးပေ။

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို၏ Technical Team တို့သည် စက်တင်ဘာလအတွင်း တွေ့ဆုံဆွေနွေး ရန် နှစ်ဦးနှစ်ဖက်က ပြောဆိုထားသည်။

ပြီးခဲ့သည် ရက်သတ္တတစ်ပတ် အတွင်းကလည်း ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့ အနီးတွင် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ဖြစ်ပွားထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကမူ တိုင်းရင်းသားများအားလုံး ပါဝင်သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို မကြာမီ အချိန်အတွင်း ပြုလုပ်မည်ဟု ၎င်း၏ လစဉ်မိန့်ခွန်များတွင် ထည့်သွင်း ပြောဆိုထားသည်။

The Voice Weekly

Related

news 7697376665736635434

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item