အစိုးရတပ်နဲ့ SSA တပ်တွေ တိုက်ပွဲပြန်လည်ဖြစ်ပွား



ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အနီးမှာ အပစ်အခတ်ရပ်စဲရေး ရယူထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေဟာ ၇ နာရီကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ကျဆုံး ဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။

ကျောက်မဲမြို့ရဲ့မြောက်ဖက်မိုင် ၂၀ လောက်အကွာမှာ စခန်းချထားတဲ့ SSA ရှမ်းပြည်တောင်ပိုင်း တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေ ဇူလိုင် ၂၄ ရက်နေ့ညနေပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ကျောက်မဲမြို့နယ်က ဒေသခံအမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“ကျွန်မတို့ကြားတာတော့ ခမရ ၅၀၁၊ ၅၀၂ နဲ့ စကခပေါ့၊ ကျောက်မဲ ခြေမြန်တပ်ရင်းကပေါ့။ အဲ့ဒီ ဟူးစွန်နဲ့ ပုံးလုံကြား။ ပစ်ခတ်တာကတော့ ကြာမယ်ထင်တယ်၊ သူတို့သတင်းပို့တာ ကြားရတာတော့ မြန်မာစစ်တပ်ဖက် ကတော့ ၁၀ ယောက်ကျဆုံးတယ်ပေါ့။ နောက်ပြီးတော့ အထိဒဏ်ရာကတော့ ၁၈ ယောက်လောက်ရှိမယ်ထင်တယ်။”

တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုပြီး ရှေ့တန်းတပ်မှူးတွေကနေ အစီရင်ခံစာ ပေးပို့ထားကြောင်း ပြောဆိုပါတယ်။

RFA Burmese

Related

news 6707479070450771104

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item