ဘင်္ဂလာဒေခ်ျ့၌ အကြမ်းဖက်သမားများအား နှိမ်နှင်း (သတင်း+ဗွီဒီယို)

http://albanykarennews.blogspot.com/2013/07/blog-post_8781.html
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်တဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံဟာ နိုင်ငံရေး၊ လူမူရေး မတည်ငြိမ်မူတွေနဲ့ အတူ လမ်းမတွေပေါ်မှာ အကြမ်းဖက်တိုက်ခိုက်မူတွေ ပေါ်ပေါက်နေတဲ့ အတွက် လွန်ခဲ့တဲ့ (တနင်္ဂနွေ ညဉ့်နဲ့ တနင်္လာနေ့) ၂ ရက်တာ အတွင်း လူပေါင်း (၃၀) နီးပါးခန့် သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။
သေဆုံးသူ အများစုဟာ နိုင်ငံရဲ့ အစ္စလာမ်မစ် Hefajat –e- Islam အဖွဲ့ထဲက တက်ကြွ လူပ်ရှာသူတွေ ဖြစ်ကြပြီး ကုန်လွန်ခဲ့တဲ့ ၂ ရက် အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေ နှိမ်နှင်း ပစ်ခတ်စဉ်မှာ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ဒီနေ့ထုတ် The Independent သတင်းစာမှာတော့ သေဆုံးသူ ၃၁ ဦးရှိတယ်လို့ ဖေါ်ပြပြီး The Daily Star သတင်းစာမှာတော့ ၂၃ ဦး အထက်မှာ သေဆုံးခဲ့တယ်လို့ ဖေါ်ပြပါတယ်။
New Age သတင်းစာမှာတော့ သေဆုံးသူ ၂၄ ဦးရှိတယ်လို့ ဖေါ်ပြပြီး အဲဒီအထဲမှာ ဒက္ကားမြို့တော်မှာ သေဆုံးသူ (၁၀) ဦး၊ နာရာဂန်ဂျီမြို့မှာ (၈) ဦး၊ စစ်တကောင်းမြို့မှာ (၅) ဦးနဲ့ ဘာဂါဟက်မြို့မှာ (၁) ဦး ဖြစ်တယ်လို့ ဖေါ်ပြပါတယ်။
ရာပေါင်းများစွာသော လူတွေဟာ လွန်ခဲ့တဲ့ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆင်ရေးး အတွင်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အစ္စလာမ်မစ် Hefajat –e- Islam အဖွဲ့ကတော့ သူတို့ အဖွဲ့ထဲက ဒက္ကားမြို့ မူတီဂျေးလ် ( Motijheel) ဧရိယာမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ နှိမ်နှင်းမူကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၀၀၀ ခန့်ရှိပြီး မြောက်များစွာသော သူ့အဖွဲ့ဝင်တွေဟာ ပျောက်ဆုံးနေတယ်လို့ ပြောဆိုပါတယ်။ ဘင်္ဂလာဒေခ်ျ့ ပြည်ထဲရေး ၀န်ကြီး မိုဟိန်ဒူလ် ခန် အလမ်ဂီယာ ပြောတာကတော့ ဒက္ကားမြို့မှာ သေဆုံးသူဟာ (၉) ဦးဘဲ ရှိတယ်လို့ ပြောပါတယ်။
မနေ့ညဉ့်ကလည်း ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ BGB ( နယ်ခြားစောင့်တပ်ဖွဲ့)၊ RAB ( အထူးတန်ပြန် မူခင်းနှိမ်နှင်းရေး တပ်ဖွဲ့) နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဒက္ကားမြို့ပေါ်က စီးပွားရေး အရ အရေးပါတဲ့ ရပ်ကွက်တွေကို ရှင်းလင်းခဲ့ရာမှာ အနည်းဆုံး လူ (၁၀) ဦးသေဆုံးခဲ့တယ်လို့ ဆေးရုံ သတင်းရပ်ကွက်တွေကို ကိုးကားပြီး သတင်းစာတွေက ဖေါ်ပြပါတယ်။
ဒါ့အပြင် လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ရာနဲ့ချီတဲ့ သင်္ကာမကင်းခံရသူတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

Post a CommentDefault CommentsFacebook Comments