ပါကစ္စတန်မှ မူဆလင် အမျိုးသမီးငယ် Malala Yousafzai ၏ မိန့်ခွန်း



မနှစ်က အောက်တိုဘာလ မှာ တာလီဘန် များရဲ့ လုပ်ကြံသတ်ဖြတ်မှုကို ခံရပြီး အသက်ဘေးမှ သီသီလေး လွတ်လာတဲ့ ပါကစ္စတန်မှ မူဆလင် အမျိုးသမီးငယ် Malala Yousafzai ဟာ သူမ ရဲ့ ၁၆ နှစ် မွေးနေ့ကို ကမ္ဘာကုလသမဂ္ဂ မှာ မိန့်ခွန်းပြောရင်း ကျင်းပခဲ့ပါတယ်။

”ကျမ ပြောနေတာတွေဟာ ကျမ တစ်ယောက်ထဲအတွက် မဟုတ်ဘူး၊ အသံတိတ် နေရတဲ့ အမျိုးသမီးထု အားလုံးအတွက် အခမဲ့ ပညာသင်ကြားနိုင်ရေး အတွက် ဖြစ်ပါတယ်။ အကြမ်းဖက်သမား တွေဟာ သူတို့ ဒီလို လုပ်လိုက်ခြင်းအားဖြင့် ကျမ တို့ရဲ့ အသံတိတ်သွားမယ် ထင်ထားတာပါ၊ သူတို့ ရှုံးခဲ့ပါတယ်။” လို့ ပြောသွားပါတယ်။

မာလာလာ ဟာ ပါကစ္စတန်နိုင်ငံမှ မူဆလင် အစွန်းရောက်များကို ဆန့်ကျင်ပြီး အမျိုးသမီးများ ပညာသင်ကြားနိုင်ရေး အတွက် အသက် ၁၄ နှစ် အရွယ်ကတည်းက လှုပ်ရှားနေခဲ့တာ ဖြစ်ပါတယ်။ တာလီဘန် တွေဟာ အာဖကန်နစ္စတန် မှာ အာဏာရစဉ်တုန်းက အမျိုးသမီးများကို ပညာသင်ကြားခွင့် ပိတ်ပင် ထားတာ ဖြစ်ပါတယ်။ ပါကစ္စတန် နိုင်ငံ အချို့ဒေသ တွေမှာလဲ မူဆလင် အစွန်းရောက်သမားများထိန်းချုပ် နယ်မြေတွေမှာ အမျိုးသမီးများ ပညာသင်ကြားခွင့် မရကြပါဘူး။

Related

video 8237247487122800013

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item