Albany မြို့ပေါ်က လက်ထပ်ထိမ်းမြားခြင်း ချည်ဖြူထုံးဖွဲ့မင်္ဂလာပွဲ

http://albanykarennews.blogspot.com/2013/07/albany.html
New York ပြည်နယ်၊ Albanyမြို့၊ Delaware လမ်းကြား၊ အမှတ် 202, APT 3, နေအိမ်မှာ လက်ထပ်ထိမ်းမြားခြင်း ချည်ဖြူဖွဲ့မင်္ဂလာ ကရင့်ဓလေ့ရိုးရာကို လူငယ်မောင်နှံစုံတွဲတတွဲက ဆင်ယင်ကျင်းပသွားခဲ့ပါတယ်။
ကရင်တိုင်းရင်းသားတွေဟာ ယေဘုယျအားဖြင့် ချည်ဖြူဖွဲ့မင်္ဂလာဓလေ့ကို (၇)မျိုး ပိုင်းခြားပြီး ကျင်းပလေ့ရှိကြပါတယ်။ ချည်ဖြူဖွဲ့ (၇)မျိုးက-
၁။ မွေးဖွားသန့်စင်ချည်ဖြူဖွဲ့ခြင်း။
၂။ အိမ်ထောင်ပြု(လက်ထပ်ထိမ်းမြား)ချည်ဖြူဖွဲ့ခြင်း။
၃။ ခရီးဝေးသွား/ပြန် ချည်ဖြူဖွဲ့ခြင်း။
၎။ စိတ်ခြောက်ခြားကြောက်လှန့်ပြီး ချည်ဖြူဖွဲ့ခြင်း။
၎။ စိတ်ခြောက်ခြားကြောက်လှန့်ပြီး ချည်ဖြူဖွဲ့ခြင်း။
၅။ နာမကျန်းဖြစ်၍ ချည်ဖြူဖွဲ့ခြင်း။
၆။ အသုဘချပြီးချည်ဖြူဖွဲ့ခြင်း။
ရ။ ၀ါခေါင်လ ချည်ဖြူဖွဲ့ခြင်းတို့ပဲ ဖြစ်ပါတယ်။
ဒီကနေ့မနက်မှာတော့ အရွယ်ရောက်လာပြီးဖြစ်တဲ့ လူငယ်လေး Saw Lay နဲ့ ထာဝရလက်တွဲဖေါ် Naw Kamwee Paw တို့နှစ်ဦးအား နှစ်ဖက်မိဘများနဲ့ အိမ်နီးချင်းဆွေမျိုးသားချင်းတို့ လူသိရှင်ကြား ချည်ဖြူရစ်ပတ် နှောင်ဖွဲ့ပေးတဲ့ မင်္ဂလာပွဲကို ကျင်းပပေးခဲ့တာလည်း ဖြစ်ပါတယ်။
ကျွန်တော်တို့ ကရင်တိုင်းတွေဟာ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားမပေါ်ထွန်းခင် မြန်မာပြည်ကို စတင်ဆင်းသက်လာတဲ့အချိန်တုန်းက အယုံအကြည်ရှိနင့်ထားတဲ့ ချည်ဖြူဖွဲ့ ဓလေ့ရိုးရာကို ခုချိန်ထိ ထိန်းသိမ်းနိုင်ခဲ့တာဟာလည်း ဂုဏ်ယူစရာ ဖြစ်ခဲ့ရပါတယ်။
ပလူး- "လိပ်ပြာကလေး ပြန်လာခဲ့ပါ၊ မိဘ ညီအစ်ကို မောင်နှမများနဲ့ ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်နိုင်ဖို့ ပြန်လာခဲ့ပါ၊ မနေအပ်တဲ့အရပ်၊သွားလာဖို့ မသင့်တော်တဲ့အရပ်၊ သုသာန်တစပြင်နဲ့ မကောင်းဆိုးဝါးမိစ္ဆာ၊မိန်းမပျက်၊မိန်းမယုတ်တို့ ကျက်စားရာ နေရာများမှရှောင်ရှားရုန်းထွက်ပြီးတော့ ဖျားယောင်းသွေးဆောင်တဲ့စကားကို မယုံကြည်ပါနဲ့။ မိဘနှစ်ပါး၊ အဘိုးအဘွားတို့ကို အလုပ်အကျွေးပြုဖို့ အဘိုးရဲ့ဖားစည်ကိုတီး၊ အဘွားရဲ့ပလိုင်းကိုလွယ်ရန် ပြန်ခဲ့ပါ။ အိမ်ကြီးပေါ်မှာ စံစားနေခြင်းဖြင့် ကျောက်သားအလား မာကျောခြင်း၊ မြှားကဲ့သို့လျှင်မြန်ခြင်း၊ ကျောက်သား၊ သံကို ခွေနိုင်တဲ့ ခွန်အားတို့ဖြင့် ကျန်းမာစေပြီး သားသမီးတကျိတ်၊ မြေးတစ်ရာနဲ့ မိဘဆွေမျိုးဘက်မှ ညီအစ်ကိုသားချင်းများ တစုတဝေးနေထိုင်ဖို့ ပြန်လာခဲ့ပါ။ ပလူး ပြန်လာ ပြန်လာ ပြန်ခဲ့ပါ"
နှစ်ဖက်သောမိဘများနဲ့ သက်ကြီးရွယ်အိုတွေက Saw Lay နဲ့ Naw Kamwee Paw တို့နှစ်ဦး အိုအောင်မင်းအောင် ပေါင်းသင်းနိုင်ဖို့၊ ရှေ့ဆက်မဲ့ အနာဂတ်လှပရုံမက ချစ်စံအိမ်လေး တည်တံ့ခိုင်မြဲဖို့ ၀ိုင်းဝန်းဆုတောင်းပေးကြတာကို တွေ့ရပါတယ်။
ဒီလို လက်ထပ်ထိမ်းမြားခြင်းချည်ဖြူဖွဲ့မင်္ဂလာကို ဆင်ယင်မကျင်းပခင် သံဃာတော်ပင့်ပြီး ရေစက်ချတရားတော်နာခဲ့ပါတယ်။သံဃာတော်မှလည်း အကြင်လင်မယားပေါင်းသင်းချိန် လိုက်နာကျင့်သုံးရမဲ့ စည်းမျဉ်းစည်းသမ်းတွေကိုလည်း ဆိုဆုံးမ သြ၀ါဒပေးခဲ့ပါတယ်။
Saw Lay နဲ့ Naw Kamwee Paw တို့ ဆယ်ကျော်သက်နှစ်ဦး ကမ္ဘာတည်သရွေ့ လက်တွဲနိုင်ကြပါစေလို့လည်း ကိုးဒီသွေးမှ ဆုတောင်းပေးလိုက်ပါတယ်။
Post a CommentDefault CommentsFacebook Comments