ကျောင်းထိုင်ဆရာတော်အား ဓါးဖြင့်ထိုးသတ်သူကို ဖမ်းမိ



ရန်ကုန်၊ ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် (င) ရပ်ကွက် သန္တာလမ်းရှိ ရတနာသိင်္ဂီ ကျောင်းတိုက်တွင် ဇူလိုင်လ ၁၇ ရက် ညနေ ၅ နာရီခွဲခန့်က အဆိုပါကျောင်းနှင့် ဘေးချင်းကပ် အင်းရဲမင်္ဂလာကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဓားထိုး၍ အသတ်ခံရကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အင်းရဲမင်္ဂလာကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ကို ဓားဒဏ်များဖြင့် ၎င်း၏ဒကာ၊ ဒကာမများက ရတနာသိင်္ဂီ ကျောင်းဝင်း အပြင်ဘက်တွင် တွေ့ရှိခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ကုသစဉ် လမ်းခုလတ်၌ ပျံလွန်တော်မူခဲ့ကြောင်း (င) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေဝင်းနိုင်၏ ပြောကြားချက်အရ သိရသည်။

ပျံလွန်တော်မူသည့် ကျောင်းထိုင်ဆရာတော်သည် သက်တော် ၄၅ နှစ်၊ ဝါတော် ၂၅ ဝါရှိသည့် ဆရာတော်ဦးနန္ဒ ဖြစ်ပြီး ရတနာသိင်္ဂီကျောင်းတိုက်သို့ သွားစဉ် ဓားဖြင့်ထိုးခံခဲ့ရခြင်း ဖြစ်ကြောင်း၊ ရင်ဝနှင့် ဗိုက်တွင် ထိုးသွင်းဒဏ်ရာ၊ ဝဲဘက် နားရွက်နောက် စုတ်ပြဲဒဏ်ရာနှင့် ဝဲလက်မောင်းစုတ်ပြဲ ဒဏ်ရာရရှိကာ မြောက်ဥက္ကလာပ ဆေးရုံသို့ တင်ပို့ကုသစဉ် ပျံလွန်တော်မူခဲ့ကြောင်း မြောက်ဥက္ကလာပ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“ဓားနဲ့ထိုးခံရတဲ့ ဆရာတော်ကို သူ့ဒကာ၊ ဒကာမတွေကတွေ့တော့ စကားမပြောနိုင်ဘဲ ဝူးဝါး၊ ဝူးဝါးပဲ အသံထွက်လာတော့ ချော်လဲလို့ တစ်ခုခုနဲ့ ထိုးမိတယ် ထင်ကြပြီး ဆေးရုံကို ချက်ချင်းလိုက်ပို့တာ ဆေးရုံရောက်တော့မှ အသက်မရှိတော့ဘူး” ဟု ၎င်းက ထပ်မံပြောကြားသည်။

ဓားထိုးမှုမဖြစ်မီက အဆိုပါ ဆရာတော်နှင့်အတူ ရတနာသိင်္ဂီ ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် ဦးကုမာရနှင့် သားဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဦးဝင်းမြင့် ရှိနေပြီး ဓားထိုးမှုဖြစ်ပြီးနောက် ပျောက်ဆုံးသွားရာ ည ၉ နာရီခန့်တွင် ဓားထိုးမှုဖြစ်သည့် ဘုန်းကြီးကျောင်းတိုက် အနောက်ဘက်ရှိ အ.ထ.က (၅) ကျောင်းဝင်းအတွင်း ချုံထဲတွင ပုန်းအောင်းနေစဉ် သက်သေခံဓားနှင့်တကွ ဦးဝင်းမြင့်ကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အင်းရဲမင်္ဂလာကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ကို ဦးဝင်းမြင့်က မည်သည့်အတွက်ကြောင့် ဓားဖြင့်ထိုးသည်ကို စုံစမ်းလျက်ရှိပြီး (ပ) ၅၇၈/၁၃၊ ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း၊ မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။


The Voice Weekly

Related

news 3946374664267106824

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item