ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များ လိုင်စင်မဲ့ယာဉ် စီးလျှင် ဖမ်းဆီးမည်



ရန်ကုန်၊ ဇူလိုင် ၂၃

အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုထားသည့် ငြိမ်းချမ်းရေး လက်နက်ကိုင် တပ်ဖွဲ့ဝင်များ လိုင်စင်မဲ့ယာဉ် စီးနင်းပါက ဖမ်းဆီး အရေးယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ပြောကြားသည်။

ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး တစ်ဆယ့် သုံးရက်နေ့မြောက် အစီအစဉ်တွင် ဒုတိယ ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ နယ်စပ် ဒေသများမှ တရားမဝင် လိုင်စင်မဲ့ ယာဉ်များ ဝင်ရောက်နေမှုကို တပ်မတော်၊ ရဲတပ်ဖွဲ့၊ ကုန်းလမ်း ပို့ဆောင်ရေးနှင့် ဌာနဆိုင်ရာ အသီးသီးမှ စစ်ဆေး အရေးယူနေပြီး ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် များကိုလည်း လိုင်စင်မဲ့ယာဉ် စီးနင်းခွင့် မပြုထားကြောင်း ဒုတိယ ဝန်ကြီးက ဆက်လက် ပြောကြားသည်။

“ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်တွေကို ယာဉ်လိုင်စင်တွေ ပေးထားပြီးပြီ။ လိုင်စင်မဲ့ယာဉ် စီးရင် ဖမ်းပြီး အရေးယူမယ်” ဟု ဒေါက်တာပွင့်ဆန်းက ဆိုသည်။

မြန်မာနိုင်ငံရှိ နယ်စပ်ဂိတ် အသီးသီးမှ လိုင်စင်မဲ့ ကားများ မြန်မာနိုင်ငံ တစ်ဝန်းလုံးသို့ ပျံ့နှံ့ ဝင်ရောက်နေပြီး ယင်းသို့ ဝင်ရောက်ခြင်းမှာ နယ်စပ်ဂိတ် တာဝန်ရှိသူများနှင့် ညှိနှိုင်း သယ်ဆောင်သည်ဟု ယူဆကြောင်း တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးတိုးဝင်းက ပြောကြားသည်။

ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လိုင်စင်မဲ့ မော်တော်ယာဉ် များကို ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ် ဧပြီလအထိ စစ်ဆေး ဖမ်းဆီးခဲ့ရာ မွန်ပြည်နယ်မှ ၃၃၃ စီးဖြင့် အများဆုံး ဖမ်းမိခဲ့ကြောင်း ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

၂၀၀၄-၂၀၀၅ ဘဏ္ဍာနှစ်မှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အထိ တရားမဝင် လိုင်စင်မဲ့ယာဉ်များ မြန်မာ-ထိုင်း နယ်စပ် မရမ်းချောင် ကုန်ပစ္စည်း စစ်ဆေးရေး စခန်းမှ အများဆုံး ဖမ်းမိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စစ်တမ်းများအရ သိရသည်။

ထို့ပြင် မြဝတီ ကုန်သွယ်ရေး ဇုန်အနီး သောင်ရင်း မြစ်ကမ်းတစ်လျှောက် တရားမဝင် ဂိတ်များမှ လိုင်စင်မဲ့ ယာဉ်များ အဓိက ဝင်ရောက်ကြောင်း အဆိုပါ စစ်တမ်းများအရ သိရသည်။

၂၀၁၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ မနက် ၂ နာရီတွင် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ တပ်သား လေးဦးကို လိုင်စင်မဲ့ မော်တော်ယာဉ် စီးနင်းလာသဖြင့် ကျိုက်ထိုမြို့နယ် ရဲစခန်းက ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

ယင်းသို့ ဖမ်းဆီးနေသော်လည်း တနင်္သာရီတိုင်းဒေသကြီး ထိုင်းနယ်စပ် မေတ္တာမြို့နယ်ခွဲတွင် ထိုင်းနံပါတ်ပြား သိသာ ထင်ရှားစွာ တပ်ဆင်၍ သွားလာဆဲပင်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။


The Voice Weekly

Related

news 3149249178278785338

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item