လိင်တူချင်း လက်ထပ်မှုကို အဲလိဇဘက် ဘုရင်မက သဘောတူလိုက်ပြီ

http://albanykarennews.blogspot.com/2013/07/blog-post_17.html
Re-post By ACM 17-7-2013
မနေ့ကပဲ အင်္ဂလန်နိုင်ငံရဲ့ ဘုရင်မကြီး ဖြစ်တဲ့ အဲလိဇဘက် ၂ က အင်္ဂလန်မှာ လိင်တူချင်း လက်ထပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တရားဝင် ခွင့်ပြု လိုက်ပြီ ဖြစ်ကြောင်းနဲ့ လိုအပ်တဲ့ ဥပဒေများ ရေးဆွဲ ပြဌာန်းဖို့ သဘောတူလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဆန်းစစ် လေ့လာ ချက်တွေ ပြုလုပ်ပြီး နောက်ပိုင်း ဘာသာရေး အရရော တရားဝင် လက်ထပ်ပွဲ ကျင်းပခွင့်များကိုပါ လုပ်ဆောင်ခွင့်ပြုသွားရန် သဘောတူ လိုက်ခြင်း ဖြစ်ကြောင်း နဲ့ အဆိုပါ ဘုရင်မကြီးရဲ့ ခွင့်ပြုချက်အား ဥပဒေ ရေးဆွဲသူများက သဘောကျ ထောက်ခံလျက်ရှိတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းတွင် ဥပဒေ ရေးဆွဲ ပြဌာန်းပြီးပါက လိင်တူ လက်ထပ်ထားသူများ အနေဖြင့် အခြားသော ဇနီးမောင်းနှံ မိသားစုများကဲ့သို့ တန်းတူ အခွင့်အရေးများ ရရှိမည် ဖြစ်ကြောင်းနဲ့ ၂၀၀၅ခုနှစ် ကတည်းက မှတ်တမ်း မှတ်ရာများအရ လက်ရှိ အင်္ဂလန်နိုင်ငံမှာ လိင်တူ လက်ထပ်လိုသူ စုံတွဲပေါင်း ၅၀,၀၀၀ကျော် ရှိတယ်လို့ ဆိုပါတယ်။
ဥပဒေသစ်အရ ဘာသာရေး ဆိုင်ရာ ခွင့်ပြုချက်များပါ ရရှိနိုင်မှာ ဖြစ်ပြီး ကန့်ကွက်သော ဘာသာရေးဘောင် အတွင်းက လူများလည်း ရှိကြောင်း လိုက်နာ သူများလည်း ရှိတယ်လို့ ဆိုပါတယ်။ ဥပဒေသစ် ရေးဆွဲခြင်းနှင့် ခွင့်ပြုချက်အပေါ် အစိုးရ အဖွဲ့အတွင်းမှာပင် ကန့်ကွက်သူများနဲ့ ထောက်ခံ သူများ ရှိနေကြောင်းလည်း သိရပါတယ်။လက်ရှိမှာတော့ လိင်တူ လက်ထပ် ပေါင်း သင်း နေထိုင်ခွင့်များကို ပြင်သစ်၊ နယ်သာလန်၊ ဒိန်းမတ်၊ စပိန်နဲ့ ပေါ်တူဂီနိုင်ငံတွေမှာ ခွင့်ပြုထားကြောင်းသိရ ပါတယ်။
Ref : http://www.latimes.com/news/
Post a CommentDefault CommentsFacebook Comments