နှိပ်စက်ခံရသော ကရင်အမျိုးသမီးငယ်လေး၏ မိဘများမှာ လှိုင်းဘွဲမြို့နယ်၊ ကြက်တူရွေးရွာသားများဖြစ်
http://albanykarennews.blogspot.com/2013/02/blog-post_8871.html
ထိုင်းနိုင်ငံ ကမ်ဖယ်ဖစ် ခရိုင်ရှိ ထိုင်းလူမျိုး ဇနီးမောင်နှံနှစ်ဦးက လူမဆန်စွာ ညှင်းပမ်းနှိပ်စက်ခဲ့သော အသက် ၁၂ နှစ်အရွယ် ကရင်အမျိုးသမီး ငယ်လေး၏အမည်မှာ နန်းအဲဖြစ်ပြီး မိဘနှစ်ဦး၏အမည်မှာ စောတင်အောင်နှင့် နန်းမူးအွာသိန့်တို့ဖြစ်ကြောင်း သိရပါသည်။
သူတို့သည် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကြက်တူရွေးရွာမှဖြစ်ကြာင်းလည်း သိရပါသည်။
၎င်းထိုင်းအိမ်ရှင်က အလိုကျ မဖြစ်ခဲ့ လျှင် ကလေးမငယ်လေးအား ခွေး လှောင် အိမ်တွင် လှောင်ထားပြီး ရေနွေးပူနှင့် လောင်းခြင်း၊ နားရွက်ဖြတ်ခြင်း စသော ပြစ်ဒဏ် များ ပေးလေ့ရှိကြောင်း ထိုင်းသတင်းစာအဆိုအရ သိရပါသည်။
ယခုအခါ မိဘများ နှင့်အတူ ထိုင်းနိုင်ငံ ကမ်ဖယ်ဖစ် ခရိုင်ရှိ မိခင်နှင့် ကလေး စောင့်ရှောက်ရေး ဂေဟာတွင် နေထိုင်လျက် ရှိပြီး ထိုင်းအစိုးရက နဂိုမူလ အသားအရေအတိုင်း ပြန်ဖြစ်အောင် ဆေးကုသခွဲစိတ်ပေးမည်ဟု ဂတိပြုထားပါသည်။
သို့သော်လည်း လူကိုမြင်ပါက မျက်နှာမော့ကြည့်မရဲပဲ ကြောက်ရွံ့တတ်သော စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ကို ကုသရန် ခက်ခဲမည်ဟု ယူဆရပြီး နိုင်ငံတကာရှိ ကရင်လူမျိုးများအနေဖြင့် ၄င်းကရင်အမျိုးသမီးငယ်ကို အားပေးကူညီသင့်ပါသည်။
Post a CommentDefault CommentsFacebook Comments