လွှတ်တော်တွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါဝင်မှု ဒီမိုကရေစီနှင့်မညီဟု ကုလသံတမန်ပြော



ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၁၃

မြန်မာနိုင်ငံ၏လွှတ်တော်စနစ်တွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါဝင်နေမှုသည် ဒီမိုကရေစီနှင့် ကိုက်ညီမှုမရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်မစ္စတာကင်တာ နားက ပြောဆိုလိုက်သည်။

၂၅ ရာခိုင်နှုန်းသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များသည် စစ်တပ်အရာရှိများ၏ ညွှန်ကြားချက်ကို ခံယူပြီး လွှတ်တော်တွင် ပါဝင်ဆောင်ရွက်နေမှုသည် ဒီမိုကရေစီစနစ်နှင့် မကိုက်ညီဟု ၎င်းက ဆိုသည်။

တိုင်းရင်းသားလူနည်းစုများနှင့် ဆွေးနွေးမှုအရ မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးသဘောတူညီချက်များရရှိရေးအတွက် ပြင်ဆင်ရန် လိုအပ်နေသည်ဟု ကင်တာနားက ထုတ်ဖော်ပြောဆိုသွားသည်။
(ဧရာဝတီ)

Related

news 1213479164033107069

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item