သစ်ပင်ငယ်များခုတ်လဲပြီးရွာသူ၊သားများအကိုအခမဲ့ခိုင်းခြင်း
http://albanykarennews.blogspot.com/2013/02/blog-post_3198.html
ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်၊မုန်းဒေသ၊ကြောင်ပျံကျေးရွာ(ခေါ်)ဆွေနံ့သာမြိုင် နှင့် မွေတော် (ခေါ်)မောလေးကြားတွေရှိသောသစ်တောများကုန်လုနီးပါးဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော်မုန်းဒေသ၊တုံးတောကျေးရွာအခြေစိုက်ခ.လ.ရ(၅၉၉)တပ်ရင်မှူးစိုးတင်ဝင်း
ဦးဆောင်ပြီး၎င်းစစ်သည်များဖြင့်လာရောက်၍ကြောင်ပျံကျေးရွာ(သို့)ဆွေနံ့သာမြိုင်နှင့်မွေတော်
(သို့)မောလေးကြားတွေရှိသောသစ်ပင်ငယ်များကိုဖေဖော်ဝါရီလပထမအပတ်မှစတင်၍သစ်ပင်များကို
ခုတ်လဲပြီးဤနေရာတွင်ပုံထားပါသည်။
သစ်ပင်များကိုတပ်ရင်းခြံကာရန်တွက်အသုံးပြုမည်ကိုပြောသွားပါသည်။ခုတ်လဲထားသောသစ်ပင်ငယ်များမှာ
အများအားဖြင့်(အင်ပင်)အမျိုးအစားများဖြစ်ပါသည်။
ခုတ်လဲပြီးပုံထားသောသစ်များကိုကြောင်ပျံကျေးရွာသူ၊ရွာသားများကိုခေါ်ပြီးတပ်ရင်းကိုလှည်းများဖြင့်
ပို့ခိုင်းပါသည်။
၎င်းသစ်ပင်များကိုယနေ့အထိတိုင်ဆက်လက်ခုတ်လဲပြီးရွာသူ၊ရွာသားများကိုဆက်လက်ပြီးလှည်းများဖြင့်
သယ်ဆောင် ခိုင်းနေပါသည်။
ဤသစ်ပင်ငယ်လေးများကိုခုတ်လဲအသုံးပြုခြင်းအားဖြင့်သဘာဝပတ်ဝန်းကျင်ကို အလွန်ထိခိုက်နိုင်ပါသည်။
သစ်တောများကိုထိန်းသိမ်းကာကွယ်ရမည့်အစား၎င်းသစ်ပင်ငယ်များကိုအဲဒီလိုခုတ်လဲပြီးအသုံးပြုပါက
မသင့်တော်ပါ။
ဒီထက်မကရွာသူ၊ရွာသားများသည်အများအားဖြင့်တနေ့လုပ်တနေ့စားများဖြစ် ပါသဖြင့်ဤသစ်ပင်များကိုနေ့စဉ်နေ့တိုင်းလှည်းဖြင့်အခမဲ့သယ်သွားပေးရမည်ဆိုပါက
ဤရွာသူ၊ရွာသားများအတွက်အခက်အခဲများစွာဖြစ်လာနိုင်သောကြောင့်
ဤအကြောင်းအရာကိုသက်ဆိုင်ရာနှင့်အများပြည်သူများသိစေလိုပါသည်။
ရွာသားလေး
Post a CommentDefault CommentsFacebook Comments