လူကြီးသားတစ်ဦး ၀တ်သောက်ကားစီးသော်လည်း စိတ်မရှည်သဖြင့် ဆိုင်ကယ်သမားတစ်ဦးအား လက်သီးဖြင့်ဆင်းထိုး....
http://albanykarennews.blogspot.com/2013/02/blog-post_21.html
မုံရွာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူကြီးတစ်ယောက်၏သားသည် ယခုလ(၂၀)ရက်နေ့ မွန်းလွဲချိန်ခန့်က မုံရွာမြို့ ဆူးလေကုန်ရပ်ကွက် ဘူတာလမ်းအတိုင်း အရှေ့မှ အနောက်သို့ ၀တ်သောက်ကားတစ်စီးအားမောင်းနင်း လာရာတွင် ရိုးမဘဏ်အနီးနေရာ`၌ နယ်မှ ဘဏ်ငွေလာထုတ်သော ကျေးလက်ဆိုင်ကယ်သမားတစ်ဦးနှင့် ညိမိဟန်ပြုခဲ့ရာ ၀တ်သောက်ကားစီး လူကြီးသားမှ ကားပေါ်မှဆင်း၍ ဆိုင်ကယ်သမားအား လက်သီးဖြင့် နိုင်ထက်စီးနင်းထိုခဲ့ကြောင်းသိ ရသည်။
" ဘဏ်ရှေ့က လူတွေဝိုင်းပြီးတောင်းပန်တာတောင် အဲ့ဒီကိုယ်တော်လေးက ဂရုမစိုက်ဘူးဗျ..။ ဆိုင်ကယ်သမားက တောနယ်ဘက်ကလာပြီးငွေထုတ်တဲ့သူဆိုတော့ မျက်လုံးလေးပေကလပ်လပ်နဲ့ စိတ်အားငယ်စွာ ခေါင်းငုံ့ခံနေရပါတယ်..။ အားလုံးက သနားတာကြောင့် ၀ိုင်းပြီးတောင်းပန်တောင် လူကြီးသားက စိတ်မပြေဘူး။ ဒါနဲ့ ယာဉ်ထိန်းကို ဖုန်းဆက်အကြောင်းအကြားတဲ့အခါ ယာဉ်ထိန်းရဲရောက်လာတယ်..။ စီစစ်ကြည့်တဲ့အခါ လူကြီးသားစီးလာတဲ့ကား လိုင်စင်မဲ့ကားဖြစ်နေတာကိုတွေ့ရ ပါတယ်" ဟု ရိုးမဘဏ်လုံခြုံရေးဝန်ထမ်းတစ်ဦးမှ မုံရွာတိုင်မ်းပြောပါတယ်။
လူကြီးသားဖြစ်သူက ယာဉ်ထိန်းကိုဖုန်းဆက်ပြီးတိုင်ရ မလားဆိုပြီး ..ရန်ငြိုးထားကာ မနေ့ ညပိုင်းက အား/ ကာ တိုက်တန်းမှာ ရှိတဲ့ ကုဋေစု အရက်ဆိုင်ကို တုတ်၊ဓား လက်နက်ကိုယ်စီကိုင်ထားတဲ့ လူငယ် ၂၀ လောက်နဲ့ ဖုန်းဆက်တိုင်သူကို ၀င်လာပြီးရှာဖွေခဲ့ကြောင်းသိရပါတယ်.. ။
မင်းမဲ့စရိုက်အဖြစ် အသွင်သဏ္ဍန်ဆန်ဆန်လုပ်လာတဲ့ လူကြီးသားကို မြို့ခံပြည်သူတွေက ကျေနပ်မှုမရှိကြောင်းသိရသည်။
(ဤ သတင်းပါ လူကြီးသားနှင့်ပတ်သက်၍ သတင်းကျင့်ဝတ်အရ လူပုဂ္ဂိုလ်နာမည်များ မသုံးခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်အား ဗီဒီယို မှတ်တမ်းရိုက်ကူးထားပါသည်..။)
https://www.facebook.com/MonywaTimes2
Posted by
Unknown
Post a CommentDefault CommentsFacebook Comments