ရေသည်အသက် ဓါတ်ပုံပြိုင်ပွဲ ထိပ်တန်းဆု၎ဆု မြန်မာရရှိ
http://albanykarennews.blogspot.com/2013/01/blog-post_3463.html
ဖိလစ်ပိုင်အခြေစိုက် Southeast Asian Regional Center for Graduate Study and Research in Agriculture (SEARCA) ရဲ့ အရှေ့ တောင်အာရှနိုင်ငံအားလုံးပါဝင်ယှဉ်ပြိုင်တဲ့ ရေသည်အသက် ခေါင်းစဉ်နဲ့  ဓာတ်ပုံပြိုင်ပွဲမှာ မြန်မာဓါတ်ပုံဆရာ (၄)ဦးက ထိပ်တန်း ဆု(၄)ဆုကို သိမ်းကျုံးဆွတ်ခူးသွားခဲ့ပါတယ်။
ပထမဆုကို ကျော်ဇော်လေး (မန္တလေး)၊ ဒုတိယဆုကို ထွန်းအောင်(ရန်ကုန်)၊ တတိယဆုကို ကျော်ကျော်ဝင်း(ရန်ကုန်)နဲ့ သန်းထိုက်စိုး (မန္တလေး)က ပရိသတ်အကြိုက်ဆုကို အသီးသီး ရရှိသွားတာ ဖြစ်ပါတယ်။
ရေသည်အသက် ခေါင်းစဉ်နဲ့ ဒီပြိုင်ပွဲမှာ နိုင်ငံပေါင်း ၇ နိုင်ငံက ဓါတ်ပုံဆရာ၂၄၀ ကျော်က ဓါတ်ပုံပေါင်း၉၅၀ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
DVB TV News
Post a CommentDefault CommentsFacebook Comments