တောင်သူများ ထမင်းတနပ် လျှော့စားသင့်ကြောင်း ဦးမြင့်လှိုင်ပြော
http://albanykarennews.blogspot.com/2013/01/blog-post_3392.html
(ဒီလို အတွေးအခေါ်၊ အပြောအဆိုတွေက ဆိုရှယ်လစ်ခေတ်ကြီးကို မှီခဲ့တဲ့သူတွေအဖို့ ကြားဖူးနေကျစကားလို့ ပြောလို့ရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဒီစစ်သားလူထွက် ဘောင်းဘီချွတ်လူစုတွေက ဒီလိုတွေးမြဲပြောမြဲနဲ့ ခေတ်နောက်ပြန်ဆွဲနေဆဲပဲ ဆိုတာ သိသာထင်ရှားပါတယ်။ ဒါပေမဲ့ ပြည်သူတွေအနေနဲ့ သူတို့မိသားစု သားသမီးတွေကို ထမင်းတနပ်လျှော့စားဖို့ ဘယ်တော့မှ ပြောမှာ မဟုတ်တာတော့ သေချာပါတယ်။ ပြည်သူတွေက စံနစ်ပြောင်းနေပြီဖြစ်ပေမဲ့ ဒီလက်ဆုတ်စာလူတွေကတော့ ......)
ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်မှာ လယ်ယာစိုက်ပျိုးရေးဝန်ကြီး
ဦးမြင့်လှိုင်က ကြွေးမကြေတဲ့ လယ်သမားတွေအနေနဲ့ ထမင်းတစ်နပ်လျော့စားပြီး အကြွေးဆပ်သင့်တယ်လို့ ပြောလိုက်တဲ့အပေါ် တောင်သူ လယ်သမားအရေးဆောင်ရွက်နေသူ
မစုစုနွေးက ကိုယ်ချင်းစာတရားကင်းမဲ့ပြီး တရားလက်လွတ်ပြောဆိုမှုအဖြစ်
ကန့်ကွက်လိုက်ပါတယ်။
ဇန်န၀ါရီ ၂၈ ရက်နေ့က ပြုလုပ်တဲ့ လယ်သမားတွေနဲ့
တွေ့ဆုံပွဲမှာ လယ်ဆည်ဝန်ကြီးက အကြွေးမကြေရင် တောင်သူတွေအနေနဲ့
ထမင်းတစ်နပ် လျော့စားသင့်ကြောင်း၊ ဥပုဒ်စောင့်တဲ့ သဘောမျိုး ကုသိုလ်လည်းရ၊ ၀မ်းလည်းဝ မှာဖြစ်ကြောင်း၊ အကြွေးမကျေရင် သံသရာက မလွတ်နိုင်ဘူး နောင်ဘ၀မှာ ကျွန်ဖြစ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။
အလားတူ ဆန်စပါးအသင်း အတွင်းရေးမှူး ဒေါက်တာစိုးထွန်းကလည်း ၀န်ကြီးအနေနဲ့ ဒီလို စကားမျိုး မပြောဆိုသင့်ပဲ တောင်သူလယ်သမားတွေရဲ့ အခက်အခဲတွေကို ကြိုးစားဖြေရှင်းပေးသင့်တယ်လို့ ထောက်ပြပါတယ်။
ကြွေးတင်တာကို ဆပ်လို့ရအောင် ထမင်းတစ်နပ် လျှော့စားပေါ့။ တလပြည့်လို့ရှိရင် ငါ ဘယ်လောက် ဆပ်နိုင်မလဲ၊ ခြောက်လဆိုရင် ဘယ်လောက်ဆပ်နိုင်မလဲ၊ ငါနဲ့ ငါ့မိသားစုတွေ လည်း တစ်နပ်လျှော့စားမယ်၊ ဒီလိုစိတ်ဓာတ်မျိုး ဥပုသ်စောင့်တဲ့ သဘောမျိုးပေါ့ဗျာ။ ကုသိုလ် လည်းရ၊ ဝမ်းလည်းဝပေါ့။၊ ငါတို့ ဥပုသ်စောင့်နေ တယ်။ ဒီလိုစိတ်ဓာတ်နဲ့လုပ်လိုက်ရင် အကြွေးကျေသွားမှာပေါ့။ ရလာပါလိမ့် မယ်ကွာ၊ ရလာပါ လိမ့်မယ်ကွာနဲ့ နေရင် မရရင် ကြွေး မကျေဘူး၊ အကြွေး မကျေ ရင် သံသရာထဲက လွတ်မှာမဟုတ်ဘူး။ နောင်ဘဝကျရင် ကျွန်ပြန်ဖြစ်လိမ့်မယ်
လယ်ဆည် ၀န်ကြီး ဦးမြင့်လှိုင် ၏ လယ်သမား များ ကို ပြောစကား
Post a CommentDefault CommentsFacebook Comments