ရွေးကောက်ပွဲ ပြန်လုပ်ပေးမည့်အစီအစဉ် ထိုင်းဘုရင် အတည်ပြု
https://albanykarennews.blogspot.com/2013/12/blog-post_3462.html
ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲသစ် ကျင်းပမယ့် အစီအစဉ်ကို ဘုရင် ဘူမိဘော အဒူယာဒတ်က အတည်ပြု ပေးလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ပေးဖို့အစီအစဉ်ကို ဘုရင်ကြီးက အတည်ပြုတဲ့အကြောင်းကို တော်ဝင် ဂေဇက် (Royal Gazette)သတင်းစာမှာ ဖော်ပြ ထားပါတယ်။
ဝန်ကြီးချုပ် ယင်းလပ်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့က တီဗွီ မိန့်ခွန်းတခုမှာ ထိုင်းပါလီမန်ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပချိန်အထိ လက်ရှိ အစိုးရကပဲ ကြားဖြတ်အစိုးရအနေနဲ့ ဆက်လက်တာဝန်ယူထားမယ်လို့ ဒီနေ့ ထပ်မံပြောကြားပါတယ်။ အစိုးရ ဆန့်ကျင်ဆန္ဒပြသူတွေဟာ အစိုးရအိမ်တော်တ၀ိုက်မှာ ဒီနေ့မှာလည်း ဆက်လက် နေရာယူထားပါတယ်။
ဝန်ကြီးချုပ် ယင်းလပ်နဲ့ သူ့အစ်ကိုရဲ့ လွှမ်းမိုးမှုကို ထိုင်းနိုင်ငံရေးက မဖယ်ရှားပြီးမချင်း ဆက်လက် ဆန္ဒပြနေမယ်လို့ ပြောကြားကြပါတယ်။ မနေ့ကတော့ ယင်းလပ်ရဲ့ရုံးရှိရာ အစိုးရအိမ်တော်မှာ ဆန္ဒပြသူ ၁ သိန်း ၆ သောင်း လောက်ဟာ စုဝေးခဲ့ကြတယ်လို့ ရဲတွေကဆိုပါတယ်။
“ဆန္ဒပြခေါင်းဆောင် ဆူသက်ကတော့ နိုင်ငံအာဏာကို ထိုင်းပြည်သူတွေ ပြန်ယူခဲ့ပြီ။ ပြည်သူတွေက ၀န်ကြီးချုပ်အသစ်ကို ရွေးချယ်မှာဖြစ်တယ်” လို့ ကြေညာခဲ့ပါတယ်။ ဆန္ဒပြခေါင်းဆောင် ဆူသက်ကတော့ ဆန္ဒပြသူတွေကို ယင်းလပ် ယာယီဝန်ကြီးချုပ်ကနေ မထွက်မချင်း ဆက်လက်တိုက်ပွဲဝင်ဖို့ တိုက်တွန်းထားပါတယ်။
အစိုးရအိမ်တော်ရှေ့မှာ ညအိပ်ဆန္ဒပြတဲ့ လာရောက်ဆန္ဒပြသူတဦးက “ဆန္ဒပြသူတွေ ပိုမို ပူးပေါင်းပါဝင်လာရင် ကျနော်တို့ အောင်ပွဲရမှာပါ။ ကျနော်တို့ ဒီအဆင့်မှာတင် ရပ်နေမှာ မဟုတ်ပါဘူး။ ကျနော်တို့ ဆက်လက်တိုက်ပွဲဝင်ဦးမှာပါ” လို့ ပြောခဲ့ပါတယ်။
“ကျနော်က ဒီကို ပြန်မလာချင်တော့ပါဘူး။ ဒီတခါတော့ အပြတ်ဖြတ်မှာပါ။ သက်ဆင်ကို မောင်းထုတ်ခဲ့တုန်းကလည်း ပြတ်ပြီလို့ ထင်နေတာ။ ဒီတခေါက် ပြန်လာရပြန်တယ်။ ကျနော်တို့ လူထုတွေအတွက် မတရားပါဘူး” လို့ ဆန္ဒပြသူ နောက်တဦးက ဆိုပါတယ်။
ထိုင်းနိုင်ငံအတွင်း နှစ်ပေါင်း ၈၀ ကာလ စစ်တပ်အာဏာသိမ်းမှု ၁၈ ကြိမ်အတွင်း ဒီမိုကရေစီနည်းကျ ရွေးကောက်ခဲ့တယ်ဆိုတဲ့ ၀န်ကြီးချုပ်ကို ဒီတကြိမ်တော့ စစ်တပ်ရဲ့ အကူအညီမပါဘဲ ဖယ်ရှားနိုင်ခဲ့ပါတယ်။ #Aye #Chan #Mon မှ ပြန်လည်မျဝေပါသည်
Credit To:DVB TV News

Post a CommentDefault CommentsFacebook Comments