စောငပု(၁၉)နှစ် ဈာပနပြီးစီး
https://albanykarennews.blogspot.com/2013/11/blog-post_15.html
ယမန်နေ့ (14.11.2013) ရက်တွင်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မီးပုံးကျေးရွာ နေ အဖစောဖားလယ်၊ အမိနော်ပိုင်မု တို့၏သား မလေးရှားကရင်အမျိုးသား အဖွဲ့အစည်းဝင်နံပါတ် (10/MKO/355) အမည် စောငပု အသက်(19) နှစ် ၏ရုပ်အလောင်းကို (Tuluk Intan, Perak) သင်္ချိုင်းတွင် မီးရှို့ သင်္ဂြိုလ်ပြုလုပ်သွားခဲ့ပါသည်။
စောငပုသည် မလေးရှားတွင် အဖေ၊အကို တို့နှင့် အတူ Sugai Besar ပုဇွန်မွေးမြူရေးကန်တွင် အလုပ်အတူတူလုပ်ပါသည်။ စောငပုတွင် မောင်နှမ (6) ယောက်ရှိပြီး ၊ ဒုတိယမြောက်သားလေးဖြစ်သည်။ စောငပု၏ အဖေ နှင့် အကိုတို့၏ရှင်းပြ ချက်အရ စောငပုသည် (10.11.2013) နေ့တွင် အသည်းအသန် ဗိုက်အောင့်တဲ့ဝေဒနာကို ခံစားနေရပါသည်။
အကိုသည် ညီလေးခံစားနေရသော ဝေဒနာကိုမမြင်ရက်၍ ပုဇွန်ကန် အနီးအနားဆေးခန်းတွင် သွားရောက်ပြသခဲ့ပါသည်။ ဆေးခန်းရှိ ဆရာဝန်၏ ပေါ့ပျက်မှုကြောင့် စောငပု ရောဂါ ဝေဒနာကို အဖြေတစ်ခုမှ မရခဲ့ပါ။ ဘာမှ ထူးခြားချက်မရဘဲ ဆရာဝန် ပေးသော သောက်ဆေးများဖြင့်သာ ပြန်လာ ခဲ့ရသည်။
နောက်နေ့မနက် (11.11.2013) ရက်နေ့တွင် စောငပုသည် ဆရာဝန်ပေးသော သောက်ဆေးကိုပုံမှန်သောက်သော်လည်း ဝေဒနာဘာမှမသက်သာခဲ့ပါ။ (12.11.2013) ရက်နေ့တွင် ရောဂါ အခြေ အနေ ပို၍ဆိုးလာသည်။ အဲဒီနေ့တွင် ညီလေးရဲ့အခြေအနေကိုပြောပြရန် သူဌေး၊မန်နေဂျာ ကိုစောင့်နေ သော အစ်ကိုကြီးသည် ညီလေးရဲ့ဝေဒနာကို မမြင်ရက်သာလွဲ၍ ဘာတစ်ခုမှမကူညီးနိုင်ခဲ့ပါ။
သူတို့အလုပ်လုပ်သော နေရာသည် မြို့၊ဆေးရုံ တို့နှင့် ဝေးကွာပြီး လမ်းပန်းဆက်သွယ်ရေးလည်း မကောင်းပါ။ ထိုနေ့ မန်နေဂျာရောက်လာသော အချိန် ညနေပိုင်း (3:30) ဝန်းကျင်တွင် စောငပုသည် ကွယ်လွန် အနိစ္စ သွားခဲ့ရှာသည်။ ထိုနောက် စောငပု၏ ရုပ်အလောင်းကို (Tengku Ampuan Jemaah) ဆေးရုံတွင်အပ်ခဲ့ပါသည်။
စောငပု ရောဂါဝေဒနာကို သံသယဝင်နေသော အဖေ၊အကိုနှင့်ရွာသားများသည် စောငပုကို (Tengku Ampuan Jemaah) ခွဲစိတ်ခန်းတွင် ခွဲစိတ်ရာထိုမှတစ်ဆင့် စောငပုတွင် ဆိုးဆိုးရွားရွား အူတက်ပေါက်နေကြောင်းအဖြေမှန်သိရသည်။
စောငပု၏ ဈာပနာကို MKO ဥက္ကဌ မန်းဒုံယောင်းနှင့် ကိုယောရှု တို့ပါဝင်ပူးပေါင်းပါဝင်ပြီး ၊ ကျန်ရစ်သူ အဖေနှင့် အကို အတွက်မလေးရှားကရင်အဖွဲ့အစည်းကလည်း အလှူငွေပေးအပ်ခဲ့ပြီး ဈာပနာပွဲ ပြီးဆုံးသွားခဲ့ပါသည်။
စောငပု ကောင်းရာသုဂတိ လားပါစေ။
Post a CommentDefault CommentsFacebook Comments