OKRSO အဖွဲ့ ကို ချယ်လှယ်နေသော စောဖေသန်း နှင့် နန်းမြင့်အောင်(Angela Aung)သို့ ပေးစာ (၁)
https://albanykarennews.blogspot.com/2013/10/okrso-angela-aung.html
(OKRSO ကရင်အဖွဲ့အစည်းကြီးဟာ ကျွန်တော်အင်မတန်မှ လေးစားအားကျခဲ့တဲ့ အဖွဲ့အစည်းတခု လည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း OKRSO အတွင်းရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေကိုလည်း ကျွန်တော်တင်ဖြစ်ပါတယ်။ ဒါကလည်း ဆောင်းပါးတိုင်းမှာ အပြုသဘောဆောင်တဲ့ ကရင့်ရေးရာမိုလို့လည်း တင်ခဲ့တာ ဖြစ်ပါတယ်။
တကယ်လို့များ OKRSO အဖွဲ့အစည်းကြီးကို လက်ရှိဦးဆောင်ဦးရွက်နေတဲ့သူတွေအနေနဲ့ စတိတ်မန့်ပဲ ဖြစ်ဖြစ်၊ တုံ့ပြန်ရေးသားတဲ့စာတွေပဲဖြစ်ဖြစ် ပေးထားတဲ့ အီးမေးလ်အတိုင်း ရေးသားပေးပို့လာမယ်ဆိုရင် ကျွန်တော်မုချတင်ပေးမယ်ဖြစ်ကြောင်းကိုလည်း ကြိုတင်အသိပေးအပ်ပါတယ်။ )
OKRSO အဖွဲ့ ကို ချယ်လှယ်နေသော စောဖေသန်း နှင့်
တကယ်လို့များ OKRSO အဖွဲ့အစည်းကြီးကို လက်ရှိဦးဆောင်ဦးရွက်နေတဲ့သူတွေအနေနဲ့ စတိတ်မန့်ပဲ ဖြစ်ဖြစ်၊ တုံ့ပြန်ရေးသားတဲ့စာတွေပဲဖြစ်ဖြစ် ပေးထားတဲ့ အီးမေးလ်အတိုင်း ရေးသားပေးပို့လာမယ်ဆိုရင် ကျွန်တော်မုချတင်ပေးမယ်ဖြစ်ကြောင်းကိုလည်း ကြိုတင်အသိပေးအပ်ပါတယ်။ )
OKRSO အဖွဲ့ ကို ချယ်လှယ်နေသော စောဖေသန်း နှင့်
နန်းမြင့်အောင်(Angela Aung)သို့ ပေးစာ (၁)
09/10/2013.
ကျနော်လေးစားစွာဖြင့် စာရေးလိုက်တယ်။ ကိုယ်ရေးကိုယ်တာ ကိစ္စတော့မဟုတ်ပါ။ ခင်ဗျားတို့ ရဲ့  အပြုအမူတွေဟာ အဖွဲ့ အစည်းအပေါ် အမျိုးသားရေးအပေါ် အလွန်အန္တရာယ်ကြီးမားလာလို့ ဒီစာကို ရေးရခြင်းဖြစ်ပါတယ်။ဒါပေမဲ့ အခုကျနော်ရေးမဲ့ပြောမဲ့အကြောင်းအရာတွေဟာ ကျနော်တဦးတည်းရဲ့ အမြင်မဟုတ်ဘဲ သက်ဆိုင်ရာ ကရင်လူမျိုးအဖွဲ့ အစည်းအမြင်၊ လူတဦးချင်းတွေရဲ့ အမြင်တွေကို အခြေခံစုစည်းပြီး ရေးခြင်း၊ ပြောခြင်းဖြစ်တယ်ဆိုတာ ကြိုတင်အသိပေးပါရစေ။
ခင်ဗျားတို့ ရဲ့ လွဲချော်တဲ့လုပ်ရပ်တွေ ဆက်လုပ်နေဆဲ၊ ဖုံးဖိဖို့ လဲ အသေအလဲလုပ်နေဆဲမို့ 
လို့ ဒီစာကို ရေးရတာပါ။ခင်ဗျားတို့ မေ့ လျော့နေတာတခုက ယနေ့ ကမ္ဘာဟာ ကမ္ဘာ့ရွာကြီးဖြစ်သွားပြီးဆိုတာလေ။ အကြောင်းအရာတခုကို ကွန်ပျူတာ ခလုပ် တချက်နှိပ်လိုက်တာနဲ့ စက္ကန့် ပိုင်းအတွင်း တကမ္ဘာလုံး ပြန့် သွားတယ်။လူတွေအကြောင်းမပြောနဲ့  ခွေးကိုက်ပွဲတွေမှာတောင် လူမှုကွန်ရက်ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ မတွေ့ ချင်မှအဆုံးဘဲ။နောက်တခုက ကိုယ်မဟုတ်တာ လုပ်ရင် ဒီနေ့ မပေါ်သည့်တိုင် တနေ့ နေ့ တော့ ပေါ်လာရမှာဘဲ။။ ခင်ဗျားတို့ မဟုတ်တာ လုပ်တာကို တပါးသူတွေဆီက မပေါ်လာရင်လဲ ခင်ဗျားတို့ အရိုးတွေဆီကလဲ ပေါ်လာတတ်တာဘဲ။ မမေ့လိုက်နဲ့ အုံး။အမှန်တရားအတွက် အရိုးပြန်တွန်တတ်တယ်ဆိုတဲ့စကားဘဲ ကြားဖူးပေမဲ့၊ ခင်ဗျားတို့ မှာတော့ အမှားတွေရဲ့ အရိုးတွန်သံတွေဘဲ ပြန်ထွက်လာမယ်။
ခင်ဗျားတို့ ဆီ ပြောစရာ၊ ရေးစရာတွေတော့တပုံကြီးဘဲ။ ဘယ်ကစပြော/စရေးရမှန်းတောင် မသိတော့ဘူး။ .ပြီးခဲ့တဲ့မကြာခင်တုန်းက ခင်ဗျားတို့  အရူးသိုင်းကွက်နင်း ကျင်းပတဲ့ စည်းဝေးပွဲတခုကနေ စပြောမယ်။ မလုပ်စဖူး အလုပ်ထူးတဲ့ စည်းဝေးပွဲလို့ ခင်ဗျားတို့ အတွက် ပြောရမှာဘဲ။ အစည်းအဝေးလုပ်တော့လဲ နှစ်ချုပ်လိုလို၊ ညီလာခံတော်ကြီးလိုလို(ခင်ဗျားတို့ အမြင်မှာ)၊ဇာတ်ပွဲကသလိုလိုနဲ့ ။
OKRSOအဖွဲ့ အစည်းအပေါ် လာခွထိုင်သွားတဲ့ တနှစ်တိတိကါလမှာ ဗဟိုကော်မီတီဝင် မျက်နှာစုံညီအစည်းအဝေးကျင်းပတာ တခါမှ မတွေ့ ဘူး။ ခင်ဗျားတို့ အဖွဲ့ အစည်းအလုပ် ၊ အမျိုးသားရေးအလုပ်တွေ ကိုယ်ဖိရင်ဖိလုပ်လို့ တော်တော်အလုပ်ရှုပ်နေတယ်နဲ့ တူပါတယ်။ဒီအစည်းအဝေးမှာ OKRSO အဖွဲ့ ဝင်၊ ဗဟိုကော်မီတီဝင်များတွေသာမကဘဲ အခြားစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ အစည်းတွေ၊ အခြားလူမှုရေးအဖွဲ့ အစည်းတွေ၊ နယ်ခံကိုယ်စားလှယ်တွေပါ တက်ရောက်မဲ့အစည်းအဝေးလို့ ကြားလိုက်မိတာနဲ့ ကျနော်တော်တော် အားတက်မိသွားတယ်။ အာဏာကို မရ ရတဲ့နည်းနဲ့ ပူးပေါင်းကြံစည်ယူတာဘဲလုပ်လုပ်၊ အဖွဲ့ အစည်းကို မတရားအာဏာရယူတာဘဲခေါ်ခေါ် ၊ ပြန်ပေးဆွဲယူတာဘဲ ပြောပြော အခုအချိန်ကစပြီး OKRSO ခေါင်းဆောင်တွေ ။တာဝန်ရှိသူတွေ တကယ့်အဖွဲ့ အစည်းအလုပ်လုပ်တော့မယ်။ အမျိုးသားရေးအတွက် အလုပ်လုပ်တော့မယ်။ အဖွဲ့ အစည်းမှာ မသင့်မမြတ်ဖြစ်တဲ့ကိစ္စတွေ အကာင်းဆုံးရလဒ်ထွက်လာအောင် အကြေအလည်ဆွေးနွေးကြလိမ့်မယ်။ အခြားကရင်ယဉ်ကျေးမှုအဖွဲ့ အစည်း၊ လူမှုရေးအဖွဲ့ အစည်းနဲ့ တိုင်းရင်းသား မဟာမိတ်အဖွဲ့ အစည်းတွေနဲ့ ပေါင်းပြီး လူသားတွေအတွက် တက်ညီလက်ညီ ပူးပေါင်းအလုပ်လုပ်ကြတော့မယ်လို့ ကျနော်ထင်နေခဲ့မိတယ်။ ဒါပေမဲ့ အထင်နဲ့ အမြင်ဟာ တက်တက်စင်အောင်လွဲသွားတယ်။
ဆက်ပြောမယ်…..အစည်းအဝေးရဲ့ အာဂျင်တာ(Agendas)-- ကြည့်ရအောင်။ အစည်းအဝေးတခုလုပ်တယ်ဆိုတာ ကိုယ့်အဖွဲ့ အစည်းရဲ့ လုပ်ငန်းဆောင်တာတွေ ဘယ်လိုအကောင်အထည်ဖေါ်ကြမလဲ၊ ဘယ်ဌာနမှာဖြင့် လုပ်ငန်းတွေအကောင်အထည်ဖေါ်တဲ့နေရာမှာ အားနည်းချက်အားသာချက်တွေ အခက်အခဲတွေဘယ်လိုရှိကြတယ်ဆိုတာ တင်ပြကြမယ်။ အဲဒီတင်ပြလာတဲ့အချက်တွေကို အဖွဲ့ ဝင်တဦးချင်းဆီက ဘယ်လိုအမြင်တွေရှိသလဲ တင်ပြကြမယ်။ ပြီးတော့ အကောင်းဆုံးအဖြေရှာကြမယ် ဆုံးဖြတ်ချက်ချပြီး အကောင်အထည်ဖေါ်ကြမယ်။ဒီလိုဘဲ ရိုးရိုးလေး ကျနော်နားလည်ပါတယ်။
အခုတော့ အစည်းအဝေးအစီအစဉ်စာရွက် ဖြန့် ကြည့်လိုက်တာနဲ့ အလာကြီးပါလား…အာပါပါ..။ တနှစ်ပါတ်လုံး ခင်ဗျားတို့ အဖွဲ့ အစည်းအလုပ် ဘာမှမလုပ်နိုင်ဘဲနဲ့ ၊ လုပ်နိုင်တဲ့သူတွေကို ကလိန်ကကျစ်နည်းလမ်းပေါင်းစုံသုံးပြီး အမျိုးမျိုးအပြစ်ရှာ ။ ခင်ဗျားတို့ ကိုယ် ခင်ဗျား တရားခံကနေ တရားလိုဖြစ်အောင်ပြန်လုပ်။ သူခိုးက လူကိုပြန်ဟစ်…တော်တော်တရားကျဖို့ ကောင်းပါတယ်။
ခင်ဗျားတို့ ဘာမှမလုပ်ဘူးလို့ ကျနော်ပြောလိုက်တော့ ခင်ဗျားတို့ နဲ့ ခင်ဗျားတို့ ရဲ့ သခင်မျက်နှာဖြူတို့ လုပ်တဲ့လုပ်ဆောင်ချက်တွေ နဲ့ ကိုယ်ရည်သွေးပြ၊ ကြွားလုံးထုတ်ပြချင်တယ်မဟုတ်လား။ထုတ်ပြလို့ ရပါတယ်။ ဒါပေမဲ့…..ခင်ဗျားတို့ ကလိမ်ကကျစ် ကြွားလုံးတွေဟာ ကျနော်တို့ အဖွဲ့ အစည်း ၊ကျနော်တို့ ကရင်လူမှုအသိုင်းအ၀ိုင်းအတွက် ၊ ကျနော်တို့ လူမျိုးတွေအတွက် အဆိပ်အတောက်တွေဘဲဆိုတာ ခင်ဗျားတို့ သိဖို့ /လက်ခံဖို့ လိုတယ်။
ခင်ဗျားတို့ နဲ့ ခင်ဗျားတို့ ရဲ့ သခင်တွေရဲ့ လုပ်ဆောင်ချက်တွေဟာ လူသားအကျိုးပြုတဲ့အမြင်တခုတည်းနဲ့ ဘဲကြည့်ရင် မလက်ခံနိုင်စရာအကြောင်းဘာမှမရှိပါဘူး။ ခင်ဗျားတို့ ကို တခုလောက် မေတ္တာရပ်ခံချင်တာက လောကကြီးကို နည်းနည်းလေးမျက်စိဖွင့်ပြီးကြည့်လိုက်ပါ။ ခင်ဗျားတို့ ပြောပြောနေတဲ့ လူသားတွေအတွက် နံပါတ်တစ်အရေးကြီးတာ ပညာရေး၊ နံပါတ်နှစ်…နံပါတ်သုံးလဲ ပညာရေး။ ခင်ဗျားတို့ ပြောမှ လူတွေသိတာမဟုတ်ဘူး။ ဒီထက်ရှင်းရှင်းလေးပြောရရင် ခင်ဗျားတို့ ဟာ လူဖြူတွေနဲ့ အခုမှတွေ့ ဖူး၊ ဆက်ဆံဘူးတဲ့လူတွေပါ။ မနာနဲ့ နော်။ အနီးစပ်ဆုံး နှိုင်းပြရရင် နယ်စပ်တကြောမှာ ကျနော်တို့ ကရင်တွေ လူဖြူတွေနဲ့ ဆက်ဆံခဲ့တာ နှစ်ပေါင်း 20-30 လောက်ရှိပါပြီး။ ခင်ဗျားတို့ အခုဆက်ဆံတဲ့လူဖြူတွေရဲ့ စရိုက်၊ ကါရိုက်တာ၊ သဘောထားတွေ ၊ လုပ်ဆောင်ချက်တွေလိုမျိုး တယောက်မှမရှိဘူး။ ရှိရင်လဲ ဘယ်သူ့ မှလက်ခံမှာ မဟုတ်ဘူး။ ခင်ဗျားတို့ သခင် မျက်နှာဖြူဆီက လာတဲ့ဒေါ်လာတွေဟာ လူရမ်းကားတွေ၊ သူခိုးဂျပိုးတွေ ၊ ဂုတ်သွေးစုပ်ကောင်တွေရဲ့ ညှီစော်နံတယ်။
နောက်တခုက ပညာရေးဒါနအသင်း ၊ ပညာရေးဖေါင်ဒေရှင်း ဆိုတဲ့စကားလုံးလဲ ခင်ဗျားတို့ ကြားဖူးမှာပေါ့။ မြန်မာတပြည်လုံးအတိုင်းအတာနဲ့ တော့ မပြာသေးဘူး ကျတော်တို့ ကရင်ပြည်နယ်မှာတင် ပညာရေးနဲ့ ပါတ်သက်တဲ့ အသင်းအဖွဲ့ တွေ ကျေးရွာတွေအဆင့်ကအစ အသင်းပေါင်း ရာဂဏန်းနီးပါးလောက်ရှိနေပြီး။ကျနော်ကိုယ်တိုင်လဲ ပညာရေးဒါနအသင်းတွေမှာ မကြာခဏဆိုသလို အလှူငွေတွေ ပေးပို့ ခဲ့ဖူးပါတယ်။ (ကြွားတာမဟုတ်)။ ကျနော်ဆိုလိုတာက ပညာရေးနဲ့ ပါတ်သက်တာ ဘယ်သူတွေ ဘာအဖွဲ့ ဘဲထောင်ထောင် အကူငွေ/အလှူငွေတွေ လူဖြူတွေဆီကဘဲလာလာ၊ လူမဲတွေဆီကဘဲလာလာ၊ ကိုယ့်မြန်မာနိုင်ငံသားအချင်းချင်းတွေဆီကဘဲလာလာ ၊ ဘယ်သူတွေဆီကဘဲလာလာ…အနှောင်အဖွဲ့ ရှိတာ၊ အပေးအယူလုပ်ယူရတာ၊ ချုပ်ကိုင်တာတွေ မရှိသလောက်၊ မကြားဘူးသလောက်ဘဲ။ ဒါပေမဲ့ ခင်ဗျားတို့ ရဲ့ သခင်က အဲဒါတွေနဲ့ လုံးလုံးဆန့် ကျင်ဘက်ဖြစ်နေတယ်ဆိုတာ သူ့ ရဲ့ ရာဇ၀င်က သက်သေပြနေပါတယ်။ ခင်ဗျားတို့ နဲ့ ခင်ဗျားတို့ သခင်တွေ လုပ်တဲ့အလုပ်မှာ ခင်ဗျားတို့ အချင်းချင်း ပုလင်းတူဗူးဆို့ တွေ အနေနဲ့ အန်ဝင်ခွင်ကျချင်ကျမယ်။ဒါပေမဲ့ ကိုယ့်လူမျိုးအဖွဲ့ အစည်းတခုခုနဲ့ လာဝင်ပါတ်သက်ရင်တော့ ဘယ်လိုမှလက်ခံနိုင်စရာအကြောင်းမရှိဘူး။ နောက်ခင်ဗျားတို့ မမြင်တဲ့အကြောင်းတခုက ကျနော်တို့ OKRSO အဖွဲ့ ဟာ အမျိုးသားရေးကို အခြေခံပြီး ဖွဲ့ စည်းထားတဲ့ လူမှုရေးအဖွဲ့ အစည်းတခုဖြစ်တယ်။ အမျိုးသားရေးရဲ့ လိုအပ်ချက်ကြောင့်၊ သမိုင်းရဲ့ တောင်းဆိုမှုကြောင့် ဒီအဖွဲ့ အစည်းဖြစ်ပေါ်လာတာဖြစ်တယ်။ လူမှုရေးအဖွဲ့ လို့ အမည်ခံထားပေမဲ့ သာမန်အခြား လူမှူရေးအမည်ခံအဖွဲ့ တွေထက် ပိုလေးနက်တယ်၊ ပိုပြီးတော့ နက်ရှိုင်းပါတယ်။ ခင်ဗျားတို့ အခုခံယူထားသလိုမျိုး အဖွဲ့ အစည်းဟာ ပရိုပိုရှယ်တွေတင်ပြီး အများတကါတွေဆီမှာ လက်ဖ၀ါးဖြန့် တောင်းဖို့ အတွက် ဖြစ်ပေါ်လာတာမဟုတ်ဘူး။ နောက်တခေါက်ထပ်ပြောပါမယ်။ ကျနော်တို့ OKRSO အဖွဲ့ ဟာ ပရိုပိုရှယ်တွေတင်ပြီး အများတကါတွေဆီမှာ လက်ဖ၀ါးဖြန့် တောင်းဖို့ အတွက် ဖြစ်ပေါ်လာတဲ့ အဖွဲ့ အစည်းမဟုတ်ဘူး။ ဒါဟာ အမှန်တရားဘဲ။
အစည်းအဝေးအကြောင်းဆက်ပြောမယ်....အဖွဲ့ အစည်းတခု အစည်းအဝေးလုပ်တယ်ဆိုတာ ဆွေးနွေးမယ့်ခေါင်းစဉ်ကအစ အဖွဲ့ ဝင်တွေ၊ အဖွဲ့ ရဲ့ ဌာနဆိုင်ရာတွေ တင်ပြလာတဲ့အချက်တွေပေါ်မူတည်ပြီး ဆွေးနွေးရမယ့်ခေါင်းစဉ်တွေတပ် အဖွဲ့ ဝင်တွေအားလုံး တဦးချင်းစီရဲ့ အမြင်တွေ ပါဝင်ဆွေးနွေးရတယ်မဟုတ်လား။ အခုဟာက ခင်ဗျားတို့ အာဏာရှင်ဆန်ဆန် ၊ အသွင်တူသူအချင်းချင်းကြိတ်ဆွေးနွေးပြီး ရွေးချယ်ထားတဲ့ခေါင်းစဉ်... ပြီးတော့ ကလေးကလားခေါင်းစဉ်တွေ ၊ ခေါင်းစဉ်တိုင်းမှာ ဘယ်သူမှမဆွေးနွေးရသေးဘဲ ခင်ဗျားတို့ နဲ့ ခင်ဗျားတို့ ခေါင်းခေါက်ရွေးချယ် လေ့ကျင့်ထားတဲ့လူတွေက ဘယ်အခန်း/ဘယ်ခေါင်းစဉ်ရောက်ရင် ဘယ်သူက ငါးစိမ်းသယ်လိုထပြော၊ ဘယ်သူက အမေကြမ်းလိုထအော်၊ ဘယ်သူက အာဏာရူးလို လိုက်ပိတ်ပြော၊ လိုရာဆွဲသွင်းလိုက်ပြောသွားတာကရော မလွန်လွန်းဘူးလား။ ခင်ဗျားတို့ အသွင်တူသူတွေအချင်းချင်း ဇာတ်တိုက်တာ၊ ဒိုက်ယာလော့လေ့ကျင့်တာ ဘယ်လောက်အချိန်အထိ စခန်းသွင်း အချိန်ယူဇာတ်တိုက်ရလဲမသိဘူးနော်။ အစည်းအဝေး အစီစဉ်ရေးဆွဲတဲ့ ကမ္ဘာကျော်ကလိမ်ကကျစ် တတ်သိပညာရှင် ဥာဏ်ပူဇော်ခကိုရော၊ ခင်ဗျားတို့ သခင်မျက်နှာဖြူတွေ ဘယ်လောက် ချီးမြှင့်ပေးလိုက်သလဲ။ တကယ်တော့ ခင်ဗျားတို့ ဇာတ်တဖွဲ့ ထောင်ပြီး ဇာတ်အုပ် တွေလုပ်စားလို့ ရပြီ။ အနည်းဆုံးတော့ ခင်ဗျားတို့ဇာတ်အဖွဲ့ ဟာ ပြောင်းဖူးရိုးဆု၊ ကျောက်ခဲ့ဆုတွေ ချီးမြှင့်ခံရမှာသေချာတယ်။ ဒီခေတ်တွေမှာ ဒီလိုမျိုးဖြစ်ရပ်တွေ၊လုပ်ရပ်တွေ ရှိသေးတာ ဘယ်လောက်ထိရှက်ဖို့ ကောင်းလဲ။ အစည်းအဝေးတခုလုံးဟာ ကလိမ်ကကျစ် လုပ်ဇာတ်သက်သက်ပါဘဲ။
` ခင်ဗျားတို့ စိတ်ကြိုက်ရွေးချယ်ထားတဲ့ခေါင်းစဉ်၊ စိတ်ကြိုက်ဇာတ်တိုက်ထားတဲ့ခေါင်းစဉ်တွေထဲက တချို့ ကိုထုတ်ပြချင်တယ်။ ကရင်လူမျိုးတည်ထောင်တဲ့အဖွဲ့ အစည်းတခုမှာ ရုံးထိုင်မှူးတာဝန်ကို ကရင်လူမျိုး မခန့် နိုင်ခြင်း ။ ။ ခင်ဗျားတို့ ဇာတ်တိုက်ယူထားတဲ့ လေသံတွေနဲ့ တော့ နှာခေါင်းပေါက်မရှိတဲ့သူတွေ ၊ ခေါင်းမရှိတဲ့သူတွေ ၊ မျိုးမစစ်တဲ့သူတွေ၊ ကိုယ်ကျိုးရှာသမားတွေ လက်ခံချင်လက်ခံမယ်။
အမှန်က အဖွဲ့ အစည်းစိတ်ဓါတ်ရှိတဲ့သူ၊ အမျိုးသားရေးစိတ်ဓါတ်ရှိတဲ့သူတွေ …ခင်ဗျားတို့ နဲ့ ၊ ခင်ဗျားတို့ ရဲ့ သခင်တွေ ၊ ချယ်လှယ်မှု၊ အုပ်ချုပ်မှုအောက်မှာ ဘယ်သူမှ ကြာကြာမခံနိုင်ဘူး။ ဒီလိုဖြစ်အောင်လဲ ခင်ဗျားတို့ တမင်တကါလုပ်ယူသလားဆိုတာ သံသယဖြစ်စရာ မလိုတော့သလောက်ဘဲ။ခင်ဗျားတို့ က အလိုတူ အလိုပါတွေပါ။ ရုံးထိုင်မှူးတွေ ဘယ်လိုအစော်ကားခံရသလဲ၊ ဘယ်လိုပတ်ထုတ်ခံရသလဲ။အစော်ကားခံရပေမဲ့ ပေတေပြီးဆက်နေသေးရင် ခင်ဗျားတို့ ရဲ့ သူခိုးဂျပိုးဇာတ်ကြောင်းတွေ ပေါ်လာမှာလဲ ခင်ဗျားတို့ စိုးရိမ်တယ်မဟုတ်လား။ စာလာသင်တဲ့ခလေးတွေရော ဘယ်လိုအစော်ကားခံရသလဲ။ စော်ကားခံရတဲ့ ကိုယ့်ကရင်လူမျိုးတွေ ခင်ဗျားတို့ ဘယ်လိုမသိကျိုးကျွံလုပ်ခဲ့သလဲ။ဒါတွေကို အစည်းအဝေးမှာဘာကြောင့် ထုတ်မပြောကြတာလဲ။ ခင်ဗျားတို့ ဒီလောက်ထိ ကိုယ်ကျင့်တရား ချွတ်ခြုံကျရသလား။
နောက်တခု ကရင်လူမျိုးတည်ထောင်တဲ့ အဖွဲ့ ရုံးတစ်ရုံးမှာ ဘာကြောင့်ကရင်စကားမပြောတာလဲခေါင်းစဉ်နဲ့ ။ ။ ဒါလဲ ခင်ဗျားတို့ ဇာတ်တိုက်ထားသလိုမျိုး အတိုင်အဖေါက်တော်တော်ညီကြတယ်နော်။ အဲဒီထဲမှာလဲ ကျနော်ကရင်စကားမတတ်လို့ ပါ။ အဖွဲ့ အစည်းထဲမှာရောက်တာ ကျနော့်………………အတွက်ကြောင့်ပါ။ ကျမကရင်လူမျိုးကို အထင်မကြီးလို့ ကရင်စကားမပြောတာပါ။ ကျမဒီအဖွဲ့ အစည်းထဲကိုရောက်တာ ………အတွက်ပါ။ ဒါတွေလဲအစည်းအဝေးမှာပြောလေ။ ခင်ဗျားတို့ ဘာကြောင့် နှုတ်ဆိတ်နေကြတာလဲ။ ကရင်စကားပြောကြဖို့  ဆန္ဒပြုတဲ့သူတွေကို ခင်ဗျားတို့ က၊ လူမျိုးရေးအစွဲကြီးတဲ့သူ၊ အစွန်းရောက်သူ၊ လူမျိုးရေးအမြင်ကျဉ်းမြောင်းတဲ့သူလို့  ခင်ဗျားတို့ ပြန်လည်တုံ့ ပြန်တာ ဘယ်လောက်ထိရှက်ဖို့ ကောင်းလဲ။
နောက်တချက် …မကြာသေးခင်က ကရင်သတင်းစဉ် KIC ဆီပေးပို့ တဲ့ ပညာရေးလှုပ်ရှားမှုသတင်းတပုဒ်နဲ့ ပါတ်သက်တဲ့ဆွေးနွေးချက်.....မရှိမဲ့ရှိမဲ့ အဖွဲ့ ရဲ့ လုပ်ဆောင်မှုတွေထဲမှာ ခင်ဗျားတို့ က မျက်နှာရချင်သေး။ ခင်ဗျားတို့ ကလွဲပြီး ဘယ်သူမှ သတင်းဌာနတွေနဲ့ အင်တာဗျူးလို့ မရဘူးဟုတ်လား။ ခင်ဗျားတို့ ဘယ်လောက်ထိ အာဏာရူးရူးသလဲ၊ ခင်ဗျားတို့ ဘယ်လောက်ထိ စိတ်ပိုင်းဆိုင်ချွတ်ယွင်းသလဲ၊ ခင်ဗျားတို့ ဘယ်လောက်ထိ စိတ်ဓါတ်ပိုင်းဆိုင်ရာ အောက်တန်းကျသလဲ၊ ဘယ်လောက်ထိအရှက်ကင်းမဲ့သလဲဆိုတာ သက်သေပြနေတယ်။ခင်ဗျားတို့ ရောဂါတွေဟာ ပေါ့သေးသေးတော့ မဟုတ်တော့ဘူး။ ကျနော် ဒီအကြောင်းတွေ စာနဲ့ ပေနဲ့ ရေးရတာတောင် အခြားနယ်ပယ်တွေမှာရှိတဲ့ ကျနော်တို့ ကရင်လူမှုအသိုင်းအ၀ိုင်းတွေနဲ့ ခင်ဗျားတို့ ကိုယ်စား ကျနော်အရမ်းရှက်မိတယ်.။ ခင်ဗျားတို့ တော်တော်ထင်ပေါ်ကျော်ကြားချင်ကြတယ် ဟုတ်လား ။ဒါပေမဲ့ ခင်ဗျားတို့ ဒီလိုမျိုးအကျင့်စရိုက်တွေနဲ့ ဆို ထင်ပေါ်ကျော်ကြားဖို့ အလားအလာအများကြီးရှိပါတယ်။ ဒါပေမဲ့ အကောင်းဘက်မှာတော့မဟုတ်ဘူး။ တခုမေးပါရစေ…ခင်ဗျားတို့ OKRSO အဖွဲ့ မှာ တာဝန်ရှိတဲ့သူတွေဖြစ်ကြောင်း ဘယ်အဖွဲ့ အစည်းတွေက သိသလဲ။ ခင်ဗျားတို့ OKRSO အဖွဲ့ အပေါ် တက်ခွထိုင်၊ နေရာယူထားတာ လူသိရှင်ကြား ထုတ်ပြန်ကြေငြာဖူးသလား။ ကြေငြာရဲတဲ့သတ္တိတွေရော ရှိကြသလား.။ (ကျနော်ဒီလိုပြောလိုက်တော့ ခင်ဗျားတို့ အတွက်အကြံကောင်းဆိုပြီး အခုချက်ချင်း ကျနော်/ကျမတို့ သည် ဘယ်အဖွဲ့ အစည်းမှာ တာဝန်ရှိသူဖြစ်ကြာင်း ထုတ်ပြန်ကြေငြာအပ်ပါသည်လို့  ထပ်မအော်လိုက်မိပါနဲ့ ။ ခင်ဗျားတို့ နောက်ကျသွားပါပြီး။ ခင်ဗျားတို့ သက်ဆိုး ကုန်ဆုံးသွားပါပြီး)နောက်…အခြားဘယ်ကရင်အဖွဲ့ အစည်းတွေနဲ့ (အခြားတိုင်းရင်းသား အဖွဲ့ အစည်းတွေနဲ့  မဆိုလိုသေးဘူး)ကွန်ယက်ဖွဲ့ တာ၊ အလုပ်တွဲလုပ်တာ ၊ ၀င်ထွက်သွားလာတာ ရှိသလဲ။
မဟာမိတ်အဖွဲ့ တွေနဲ့ ဆက်ဆံတဲ့အဆင့်မပြောသေးဘူး။ အဖွဲ့ ရဲ့ ရုံးစိုက်ရာ ဘန်ကောက်မြို့ နဲ့ အနီးတ၀ိုက်မှာရှိတဲ့ ကရင်ပြည်သူတွေဆီရော ခင်ဗျားတို့ သွားခဲ့ဖူးလား။ သူတို့ တတွေကရော ခင်ဗျားတို့ ကို အဖွဲ့ အစည်းတခုက တာဝန်ရှိတဲ့လူတွေလို့ သိကြသလား။အသိအမှတ်ပြုကြသလား။
ဥပမာတခုပြရရင်…ပြီးခဲ့တဲ့ KNU အဖွဲ့ က ဦးစီးကျင်းပတဲ့ ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးနှီးနှောဖလှယ်ပွဲမှာ OKRSO အဖွဲ့ ဖိတ်ကြားခံရတာကို ခင်ဗျားတို့ ဘာကြောင့်မသွားတာလဲ မျက်နှာမသွားပြရဲကြဘူးမဟုတ်လား။ အရင့်အရင်က တာဝန်ရှိသူတွေလက်ထက်တုန်းကဆိုရင် အမြဲတမ်းလိုလို သွားရောက်ပြီး အမျိုးသားရေးအတွက် လိုအပ်တဲ့အင်အားတွေ တတ်နိုင်တဲ့ဘက်မှာ ၀ိုင်းဝန်းကူညီဖြည့်စွက်ပေးတယ်။ အမျိုးသားရေးအတွက် အခြားကရင်အသိုင်းအ၀ိုင်းတွေ၊ ခေါင်းဆောင်တွေနဲ့ သွားရောက်ဆွေးနွေးတိုင်ပင်ကြတယ်။ အခုက မျက်နှာလဲမသွားပြရဲဘူး ။ ဒါပေမဲ့ ခင်ဗျားတို့ လေသံတချက်ကြားလိုက်သေးတယ် နှီးနှောဖလှယ်ပွဲမှာ ဆွေးနွေးမဲ့ခေါင်းစဉ်တွေက ခင်ဗျားတို့ အတွက် စံနှုန်းမမှီဘူးလား ဘာလားနဲ့ လေလုံးထွားလိုက်သေးတယ်။ ခင်ဗျားတို့ ဟာ အမျိုးသားရေးအတွက် တကယ်အမျှော်အမြင်ရှိတဲ့သူ၊ အရည်အချင်းရှိတဲ့သူတွေဖြစ်မယ်ဆိုရင် ဘာအကြောင်းဘဲဆွေးနွေး..ဆွေးနွေး ခင်ဗျားတို့ သွားရမယ်လေ။ ဒီလိုနေရာမျိုးကျတော့ ခင်ဗျားတို့ လိပ်ပြာမလုံတော့ဘူးမဟုတ်လား။ ဘ၀ကို ခက်ခဲစွာရုံးကန်နေရတဲ့ ရိုးသားဖြူစင်တဲ့၊ အားနာတတ်တဲ့ကရင်ပြည်သူတွေကြားမှာ၊ လေဒီယိုနားမထောင်အား၊ သတင်းစာတောင်ဖတ်မအားတဲ့ ပြည်သူတွေကြားမှာဆို ခင်ဗျားတို့ က သမ္မတအကြံပေးလိုလို၊ ပရိုဖက်ဆာလိုလို လိုက်လုပ်တတ်သေးတယ်မဟုတ်လား.။ ခင်ဗျားတို့ ရဲ့ ဝမ်းတွင်းပါအရူးရောဂါတခုဖြစ်တဲ့ ကလေးဗိုလ်လုပ်တာ ခင်ဗျားတို့  တော်တော်ခံတွင်းတွေ့ ပုံရတယ်။
လူမျိုးရေးအစွန်းရောက်တာ/အမြင်ကျဉ်းမြောင်းတာ ဆိုတဲ့ ခင်ဗျားတို့ ရဲ့  အရှက်မရှိလေသံ အကြာင်းဆက်ပြောမယ်…..ခင်ဗျားတို့  ခေါင်းထဲမှာရှိတာက ကရင်တမျိုးသားလုံး ဟန်ပြချစ်မယ်၊ မြန်မာတနိုင်ငံလုံးအတွက် အော်ပြမယ်၊ တကမ္ဘာလုံးအတွက်တွန်ပြမယ် ။ တကယ့်စေတနာ၊ စိတ်ဓါတ်ရှိရယ်လို့ တော့မဟုတ် သခင်မျက်နှာဖြူနဲ့ ခင်ဗျားတို့ အမွေးတွေတောက်ပြောင်ဖို့ အရေးဘဲ။ တကယ်တော့ ကျနော်တို့ ကရင်ရွေ့ ပြောင်းအလုပ်သမားတွေဟာ အမျိုးသားရေးအတွက် သူတို့ ဘာတွေလုပ်ပေးနိုင်သလဲ ။ ကိုယ်မြင်တတ်ရမယ်။ သူတို့ တတွေဟာ မိသားစုတာဝန်တွေကို မနိုင်မနင်းရုန်းကန်နေကြရတဲ့ကြားက မိမိတို့ ရဲ့ လူမှုရေး၊ စာပေ၊ ၇ိုးရာယဉ်ကျေးမှုဖေါ်ထုတ်မြင့်တင်ထိန်းသိမ်းရေးတွေ စွမ်းစွမ်းတမံ လုပ်နိုင်စွမ်းရှိတာကို ခင်ဗျားတို့ က သူတို့ တွေကို လူမျိုးရေးအမြင်ကျဉ်းမြောင်းသူ၊ လူမျိုးရေးအစွန်းရောက်သူလို့ ခင်ဗျားတို့ ရဲ့အရှက်မရှိတဲ့ပါးစပ်ပေါက်ကနေ စွပ်စွဲ၊ ပြောထွက်တာ ၊စော်ကားသွားတာရော မလွန်လွန်းဘူးလား။ တော်တော်ရုပ်ဆိုး အကျဉ်းတန်တဲ့လုပ်ရပ်တွေပါ။ ခင်ဗျားတို့ ဟာ ကရင်လူမျိုးတွေမှ ဟုတ်ကြရဲ့ လား။ ကျနော်တို့ ကရင်လူမျိုးတွေရဲ့ ဘ၀အဖြစ်မှန်ကို ခင်ဗျားတို့ စာနာနားလည်မှုမရှိဘဲနဲ့ ဒီအသိုင်းအ၀ိုင်းမှာ ခင်ဗျားတို့ဘာမှ လာပတ်သက်စရာမလိုဘူးလို့ ထင်တယ်။တကယ်တော့ ကျနော်တို့ ကရင်ရွေ့ ပြောင်းအလုပ်သမားတွေ၊ ပြည်သူတွေဟာ ဘ၀ပေးအခြေအနေအရ သူတပါးနိုင်ငံမှာ အလုပ်သမားဘ၀နဲ့ ရုန်းကန်နေရတာပါ။ ဒါပေမဲ့သူတို့ တွေရဲ့ ကိုယ့်လူမျိုးကိုချစ်တဲ့စိတ်၊ အမျိုးသားရေးတာဝန်ကိုသိတဲ့စိတ်က ခင်ဗျားတို့ ထက် အဆပေါင်းများစွာ သာပါတယ်။ ခင်ဗျားတို့ ကို ယှဉ်မနိုင်တာတွေက ခင်ဗျားတို့ ရဲ့ ကိုယ်ပိုင်အရည်အချင်းတွေဖြစ်တဲ့ သူရဲဘောကြောင်စိတ်၊ အရှက်တရားကင်းမဲ့တဲ့စိတ်ဓါတ်၊ ဘလောင်းဘလဲစိတ်ဓါတ်နဲ့ ကျွန်စိတ်ဓါတ်တွေပါဘဲ။တကယ်တမ်းကျတော့ ခင်ဗျားတို့ ဟာ သာမန်ရပ်ကျိုးရွာကျိုးအလုပ်တွေတောင် တခါမှလုပ်ဖူးတဲ့သူတွေမဟုတ်ဘူး။
ဆက်ပြောမယ်….စည်းဝေးပွဲမှာ…ခင်ဗျားတို့ ကလိန်ကကျစ်လုပ်ထားတဲ့ဇာတ်လမ်းတွေကို စွမ်းအားရှင်တွေကိုပါငှားပြီး အစည်းအဝေးမှာ ထောက်ခံပွဲလုပ်ခိုင်းတဲ့ကိစ္စ.။ ။OKRSO အဖွဲ့ နဲ့ ပြည်သူတွေ၊ နယ်မြေခံကိုယ်စားလှယ်တွေ၊ နယ်မြေခံ ယဉ်ကျေးမှုအဖွဲ့ အစည်းတွေဟာ ချစ်ချစ်ခင်ခင်၊စုစုစည်းစည်းနဲ့  တသားတည်းကျနေပြီး။သာယာကြည်နူးဖွယ်ကောင်းတဲ့ လူမှုအသိုင်းအသိုင်းတခုကို သူတို့ တည်ဆောက်နိုင်ပါပြီး။ ဒါကို ခင်ဗျားတို့ က မနာလိုမရှုစိတ်ဖြစ်ပြီး ဟိုတဖွဲ့ ကို စော်ကား၊ ဒီတဖွဲ့ ကို စည်းရုံးသိမ်းသွင်းပြီး ထောက်ခံပွဲလာလုပ်ခိုင်းနဲ့ ။ ခင်ဗျားတို့ ရဲ့ လုပ်ဇာတ်က ဗမာစစ်အစိုးရရဲ့ ကောက်ကျစ်ယုတ်မာမှုတွေနဲ့ ခြေရာတထပ်တည်းဘဲ။။ ကျနော်တို့ ကရင်လူမှုအသိုင်းအ၀ိုင်းတွေမှာ ခင်ဗျားတို့ လို အကျင့်စရိုက်မျိုး မရှိဘူး။
နောက် ကြွားလုံးလိုလို ခြိမ်းခြောက်စာလိုလို လာလိုက်သေးတယ် ခင်ဗျားတို့ အစည်းအဝေးမှာ ။ ။လေလုံးထွားတဲ့ကြွားလုံးတွေမှာ အမြီးအမောက်တွေတည့်အောင်၊ ရှေ့ နဲ့ နောက်ညီအောင်လဲလုပ်အုံး.။ ကြားဖူးနားဝ ဟိုစာတကြောင်း၊ ဒီစာတပုဒ်တွေ ကို ကပ်ဖြတ်ညှပ်လုပ်ယူပြီး ကြွားလုံးထုတ်တာ။. တကယ်တမ်းကြတော့လဲ ဘာမှမလုပ်ပြနိုင်။ OKRSO ရုံးကို ခင်ဗျားတို့ နဲ့ အသွင်တူသူကလွဲပြီး ဘယ်သူမှဝင်ထွက်လို့ မရ/မရှိ။ အဖွဲ့ အစည်းရဲ့ ဌာနဆိုင်ရာလုပ်ငန်းလဲ ဘာမှလုပ်ဆောင်တာမရှိ၊ ပြည်သူလူထုနဲ့ ဆက်ဆံတာ။ အခြားတိုင်းရင်းသားမဟာမိတ် အဖွဲ့ အစည်းတွေနဲ့ ဆက်ဆံတာလဲမရှိဘဲနဲ့  ခင်ဗျားတို့ ကြွားလုံးထုတ်ထားတဲ့အလုပ်တွေ ဘယ်လိုအကောင်အထည်ဖေါ်မလဲ။ လေနဲ့ ဘဲအကောင်အထည်ဖေါ်လို့ ရမှာပေါ့။ ဒီခေတ်မှာ အာရိုက်စားတဲ့ခေတ်မဟုတ်တော့ဘူး။ ဘယ်လောက်ဘဲလေလုံးထွားပြ ပြည်သူတွေဟာ ခေသူတွေမဟုတ်တော့ဘူး။အပြောနဲ့ အလုပ်မတည့်ရင် လူလိမ်လူညာတွေဘဲဖြစ်မယ်။
လူကိုခြိမ်းခြောက်သလို အာဏာရူးပြသလို လုပ်တာကရော။ ခင်ဗျားတို့  ကိုယ့်ကိုယ်ကို အရင်ပြန်စစ်ဆေးကြည့်၊ ခင်ဗျားတို့ OKRSO အဖွဲ့ အပေါ်ကို မခွစီးခင်ကတည်းက ခင်ဗျားတို့ ရဲ့ သခင်မျက်နှာဖြူတွေနဲ့ ပေါင်းပြီး အဖွဲ့ အစည်းအပေါ်၊ အမျိုးသားရေးအပေါ် ခင်ဗျားတို့ ဘယ်လိုသစ္စာဖေါက်ခဲ့သလဲ။ ဘယ်လိုဂုတ်သွေးစုပ်ခဲ့သလဲ ။ဘာတွေပူးပေါင်းကြံစည်မှုတွေ လုပ်ခဲ့သလဲ၊ အဲဒီအချိန်တုန်းက အဖွဲ့ အစည်းမှာ တာဝန်ရှိတဲ့သူတွေက OKRSO ဟာ လူမှုရေးအဖွဲ့ အစည်းတခုသာဖြစ်တယ်၊ စိတ်ဓါတ်တွေရှိကြလို့ စေတနာနဲ့ ဝိုင်းဝန်းပါဝင်လုပ်ကိုင်ကြတာဖြစ်တဲ့အတွက် သဘောထားကြီးကြီးထားပြီး ခင်ဗျားတို့ သစ္စာဖေါက်တွေအပေါ် နားလည်မှုပေးခဲ့တယ်လေ။ အဲဒါကို ခင်ဗျားတို့ က အခွင့်ကောင်းယူပြီး ပိုပြီးအတင့်ရဲလာကြတယ်။အဖွဲ့ အစည်းမှာ အာဏာရလာအောင် ကောက်ကျစ်နည်းလမ်းပေါင်းစုံသုံးပြီး အစီအစဉ်ရှိရှိ ပူးပေါင်းကြံစည်ခဲ့တယ်ဆိုသာ လူတိုင်းသိတယ်။အမှန်တော့ အခုထိလဲ ခင်ဗျားတို့ က OKRSOအဖွဲ့ အစည်းအပေါ်၊ အမျိုးသားရေးအပေါ် သစ္စာဖေါက်မြဲ၊ ဖေါက်တုန်းဘဲ။ကိုယ့်အဖွဲ့ အစည်း၊ ကိုယ့်လူမျိုးကို ရောင်းစားမြဲ ရောင်းစားနေတုန်းပါဘဲ။
ခင်ဗျားတို့ လို ရေသာခိုအချောင်လိုက်ချင်တဲ့စိတ်ဓါတ်၊ ကျွန်စိတ်ဓါတ်မရှိတဲ့သူတွေဖြစ်တဲ့....ခင်ဗျားတို့ နဲ့ အသွင်မတူတဲ့သူတွေဖြစ်တဲ့ အမျိုးသားရေးအပေါ် အဖွဲ့ အစည်းအပေါ် စိတ်ဓါတ်အမှန်အကန်ရှိတဲ့သူတွေကို ခင်ဗျားတို့ က ကလိန်ကကျစ်ဥာဏ်အမျိုးမျိုးသုံးပြီး တိုက်ရိုက်နည်းတမျိုး သွယ်ဝိုက်နည်းတဖုံနဲ့  ဘေးကိုရောက်သွားအောင်ပတ်ထုတ်၊ ဥပဒေပုဒ်မတွေအမျိုးမျိုးတပ်၊ တံခါးပိတ်ညှဉ်းဆဲ၊ ထုတ်ပယ်ဖို့ ကြိုးစားတာဟာ အင်မတန်ယုတ်ညံ့လွန်းပါတယ်။
တကယ်ဖြစ်သင့်တာက ခင်ဗျားတို့  ကိုယ့်ကိုယ်ကို ဥပဒေပုဒ်မတွေတပ်ပြီး ဒီအဖွဲ့ အစည်း၊ ဒီလူမှုအသိုင်းအ၀ိုင်းကနေ ထွက်သွားတာ အကောင်းဆုံးဘဲ။သူခိုးက လူကိုဟစ်တဲ့ကရင်တွေ ကျနော်တို့ ကရင်လူမှုအဖွဲ့ အစည်းတွေမှာ လက်ခံလို့ မရဘူး။ နောက် …ကိုယ်ဘာဘဲလုပ်လုပ် တာဝန်ယူဖို့ မမေ့နဲ့ ။ ကိုယ်လုပ်တဲ့အလုပ် လွဲချော်ရင် လွဲချော်သလို ထိုက်တန်တဲ့အရင်းအနှီးကို ပြန်ပေးဆပ်ရမယ်ဆိုတာ သတိရအုံး။ကိုယ်ဘာအပင်ဘဲစိုက်စိုက် ကိုယ်စိုက်သလို ပြန်ရိတ်သိမ်းရမယ်။
သခင်မျက်နှာဖြူနဲ့ ပေါင်းပြီး ခင်ဗျားတို့ အာဏာရူးတွေ ခြိမ်းခြောက်တာကို ၊ သူခိုးက လူကိုပြန်ဟစ်တာကို ကျနော်တို့ ကရင်တွေကြောက်မယ်လို့ ထင်လား။ကြောက်စရာရော လိုလို့ လား။ ကျနော်တို့ ကရင်တွေဟာ ခြိမ်းခြောက်တိုင်းကြောက်တဲ့ ရာဇ၀င်မရှိဘူး။ ခြိမ်းခြောက်တိုင်းကြောက်တဲ့သွေးလဲ တစက်မှမရှိဘူး။ ခင်ဗျားတို့ ခြိမ်းခြောက်တဲ့လူတွေဟာ ခင်ဗျားတို့ လိုမျိုး သစ္စာဖါက်လောက်ကောင်တွေမဟုတ်ဘူး။
နောက် ခင်ဗျားတို့ အာဏာရူးတွေ နှစ်ယောက်၊ သုံးယောက်ရဲ့ တဖက်သတ် အတ္တဆန်တဲ့သဘောထားကို ဗဟိုကော်မီတီရဲ့ သဘောထား/ဆုံးဖြတ်ချက်လို့ မကိုင်ပေါက်နဲ့ …နားမလည်ရင်ထပ်ရှင်းပေးလိုက်မယ်။ ဒါပေမဲ့မင်းတို့ နားလည်ပြီးသားလဲဖြစ်မယ် သို့ မဟုတ် မရှိမဲ့ရှိမဲ့အာဏာတွေ ယစ်မူးပြီး ရူးသွပ်သွားတာဖြစ်ချင်ဖြစ်မယ်။ ဆက်ပြောမယ်....ကျနော်တို့ ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ OKRSO ဟာ ပြည်ပမှာရောက်ရှိနေတဲ့(အထူးသဖြင့်ထိုင်းနိုင်ငံ)ကရင်လူမျိုးအားလုံးနဲ့ သက်ဆိုင်ပါတယ်။ နိုင်ငံတကာမှာရော ၊ ပြည်တွင်းမှာပါ ရှိတဲ့ အဖွဲ့ ဝင်ဟောင်းတွေ အားလုံးနဲ့ လဲ သက်ဆိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ အဖွဲ့ ဟာ လူမှုရေးအဖွဲ့ ဖြစ်တာနဲ့ အလျောက် ပြည်သူတွေနဲ့ လုံးဝဆက်စပ်နေတဲ့အဖွဲ့ ၊ တစ်သားတည်းကျနေတဲ့အဖွဲ့ ပါ။ အဖွဲ့ အစည်းရဲ့ လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ အမျိုးသားရေး၊ ပညာရေး၊ကျန်းမာရေး၊ လူမှုရေး နဲ့ ရိုးရာယဉ်ကျေးမှု ဖေါ်ထုတ်မြင့်တင်ထိန်းသိမ်းရေးတွေမှာလဲ ပြည်သူတွေနဲ့ လက်တွဲပြီး ပူးပေါင်းပါဝင်လုပ်ကိုင်ကြရတယ်။
အဖွဲ့ အစည်းရဲ့ လုပ်ငန်းဆောင်တာ အကောင်အထည်ဖေါ်တဲ့နေရာမှာ တချို့ ကိစ္စတွေမှာ ပြည်သူတွေ ပါဝင်ဖို့ မလိုအပ်သည့်တိုင် ဗဟိုကော်မီတီဝင်တွေရဲ့ စုပေါင်းခေါင်းဆောင်မှုနဲ့ အကောင်အထည်ဖေါ်ဆောင်ရွက်ကြပါတယ်။ နောက်OKRSO မှာ ချစ်စရာကောင်းတဲ့အစဉ်အလာတခုရှိတာက ဗဟိုကော်မီတီထဲမှာ နာမည်ပါပေမဲ့  အခြေအနေအရ ၀င်ရောက်မလုပ်နိုင်တဲ့သူရှိသလို၊ အဖွဲ့ ဝင်မဟုတ်ပေမဲ့၊ ဗဟိုကော်မီတီဝင်မဟုတ်ပေမဲ့ အနေအထားအရ အခြေအနေပေးလို့ ဝင်ရောက်လုပ်ကိုင်၊ ပေးဆပ်နိုင်တဲ့သူအများကြီးရှိတယ်။ဆိုလိုတာက အဖွဲ့ ဝင်တခါမှမဖြစ်ခဲ့ဘူးတဲ့သူဘဲဖြစ်ဖြစ်၊ ဗဟိုကော်မီဝင်သစ်၊ ကော်မီတီဝင်ဟောင်းတွေဘဲဖြစ်ဖြစ် နာမည်ပါမှု ၊ မပါမှု။ အဖွဲ့ ဝင်ဖြစ်မှု၊မဖြစ်မှုက အဓိကမကျဘူး။၊ သူ့ တာဝန်ကိုယ်တာဝန်လို့ သဘောမထားဘဲ၊ တဦးနဲ့ တဦး မတွက်ကပ်ကြဘဲ ညီရင်းအစ်ကိုမောင်နှမလို သဘောထားကြပြီး ကိုယ်ဘယ်အချိန်မှာ ဘယ်အလုပ်ကိုဝင်လုပ်ပေးနိုင်မလဲ၊ဘယ်အရာကို ၀င်ပေးဆပ်နိုင်မလဲဆိုတာက ပိုပြီးအဓိကကျပါတယ်။အားလုံးဟာ သူတပါးနိုင်ငံကို ရောက်လာတဲ့ ဧည့်သည်တွေဘဲမဟုတ်ပါလား။
အဖွဲ့ အစည်းအတွက် ၊ ကိုယ့်လူမျိုးအတွက် ၊ ကိုယ့်နိုင်ငံအတွက် သေရေးရှင်ရေးသမျှ အရေးကြီးလို့ ခေါင်းဆောင်တဦးတည်းရဲ့ သဘောထားနဲ့ ဆုံးဖြတ်ချက်ချ၊ လုပ်ကိုင်ရတယ်ဆိုတာ နိုင်ငံရေး၊စစ်ရေးနယ်ပယ်တွေမှာ ရှိချင်ရှိမယ်။ ကျနော်တို့ OKRSOအဖွဲ့ ရဲ့ သမိုင်းမှာ အဲသလောက်ထိအနေအထား တခါမှ မရှိခဲ့ဘူး။ ။ကျနော်တို့ အဖွဲ့ အစည်းဟာ လူမှုရေးအဖွဲ့ အစည်း၊စိတ်ဓါတ်ရှိလို့ ဝင်လုပ်ကြတယ်၊ ရယူဖို့ အတွက်မဟုတ်ဘူး၊ ပေးဆပ်ဖို့ အတွက်ဖြစ်တယ်။ ကျနော်တို့ ကရင်လူမျိုးတွေဟာ ယဉ်ကျေးပြီးသားလူမှုအဖွဲ့ အစည်းတွေဖြစ်တယ်။ အာဏာရူး၊ ကျွန်စိတ်ဓါတ်ရှိတဲ့သူတွေ လာအုပ်ချုပ်စရာလဲမလိုဘူး။အာဏာရူးတွေအတွက်တော့ ကျွဲ၊ နွားတွေဘဲ သွားအုပ်ချုပ်လို့ ရမယ်။
နိုင်ငံရေး၊ တော်လှန်ရေးတွေမှာ ပြည်သူတွေပူးပေါင်းပါဝင်မှု အရေးကြီးသလို လူမှုရေးအဖွဲ့ အစည်းမှာလဲ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုဟာ ပိုပြီးတော့အခရာကျပါတယ်။ ပြည်သူတွေမပါတဲ့ လူမှုရေး၊ နိုင်ငံရေး၊ တော်လှန်ရေးမှန်သမျှ၊ ဘယ်တော့မှ မအောင်မြင်နိုင်ဘူး။ တကယ်တော့ OKRSO မှာ ၀င်လုပ်တဲ့လူတွေလဲ ပြည်သူထဲက ပြည်သူတွေပါဘဲ။ ဘ၀င်လေဟနေမှာဆိုးလို့ ထပ်ပြီးသတိပေးတာပါ။ ဒီတော့ ခင်ဗျားတို့ အာဏာရူးတွေ နှစ်ယောက် သုံးယောက်ပြော…ပြောနေတဲ့ ``ဗဟိုကော်မီတီဝင်ရဲ့ သဘောထားကြောင့် ဒါတွေကိုလုပ်ရပါသည်။ ဗဟိုကော်မီဝင်တွေရဲ့ ဆန္ဒကြောင့် ဒီလူတွေကို ထုတ်ပယ်ဖို့ ကြံစည်ခဲ့မိပါသည်``ဆိုတဲ့လူပါးဝတဲ့ ခင်ဗျားတို့ ရဲ့ လေသံတွေ၊ စရိုက်ဆိုးတွေကို ခင်ဗျားတို့ ကိုယ်ခန္ဓာတွေနဲ့ ပေါင်းပြီး မီးသင်္ဂြိုလ်ပစ်လိုက်တော့။
OKRSO အဖွဲ့ ရဲ့ အနေအထားကို ခင်ဗျားတို့ မြင်အောင်ထပ်ပြောပြမယ်...အဖွဲ့ အစည်းဟာ သက်တမ်း20ကျော်ပြီ။ ပြည်သူတွေနဲ့ လဲ တသားထဲကျနေပြီး ။ OKRSO နဲ့ ပြည်သူဟာ ဒင်္ဂါးပြားတချပ်ရဲ့ ခေါင်းနဲ့ ပန်းလိုဘဲ ၊ ခွဲခြားလို့ မရဘူး။OKRSO လဲပြည်သူ၊ ပြည်သူလဲ OKRSO ဘဲ။ ကရင်ရွေ့ ပြောင်းအလုပ်သမားတွေနဲ့ ဖွဲ့ စည်းထားတဲ့ ကရင်လူမှုရေး၊ဘာသာရေး၊ စာပေ၊ယဉ်ကျေးမှုအဖွဲ့ အစည်းတွေ၊ ထိုင်းနိုင်ငံသားကရင်လူမျိုးတွေဖွဲ့ စည်းထားတဲ့ လူမှုရေး၊ စာပေယဉ်ကျေးမှုအဖွဲ့ အစည်း တွေနဲ့ အပြန်အလှန်နားလည်မှု ၊ ရိုင်းပင်းကူညီမှု၊စည်းလုံးညီညွတ်မှုတွေ ခိုင်ခိုင်မာမာတည်ဆောက်နိုင်ပြီး ။စည်းလုံးညီညွတ်မှုတွေတည်ဆောက်တဲ့နေရာမှာလဲ OKRSO ဟာ အဓိက အခန်းကဏ္ဍကနေ ပါတယ်။
OKRSO အဖွဲ့ နဲ့ အနီးတ၀ိုက်တွေမှာဘဲဖြစ်ဖြစ်၊ အလှမ်းဝေးတဲ့၊ လက်လှမ်းမမှီတဲ့ဒေသတွေမှာရှိတဲ့ ကရင်ဒေသခံတွေဘဲဖြစ်ဖြစ်၊ သူတို့ တည်ထောင်ချင်တဲ့ လူမှုရေးအခြေခံတဲ့၊ ယဉ်ကျေးမှုကို အခြေခံတဲ့အဖွဲ့ အစည်း ဖွဲ့ ဖို့ အတွက်သော်လည်းကောင်း၊ သူတို့ အဖွဲ့ အစည်းရဲ့လုပ်ငန်းအကောင်အထည်ဖေါ်ဖို့ အတွက်သော်လည်ကောင်း၊ အားလုံးဟာ၊ ကိုယ့်လူမျိုးအတွက် လုပ်ကြတာဖြစ်တဲ့အတွက် OKRSO က လူအင်အား၊ အကြံဥာဏ်အား၊ စိတ်ဓါတ်ရေးရာအင်အားတွေနဲ့ အားကြိုးမာန်တက် ၊ သဘောထားကြီးကြီးနဲ့ ဝိုင်းဝန်းကူညီပေးခဲ့တယ်။ဒါကြောင့်မို့ အဆိုပါအဖွဲ့ အစည်းတွေရော သာမန်ပြည်သူတဦးချင်းတွေဆီကအစ OKRSO ကို လူပုဂ္ဂိုလ်အရ သော်လည်းကောင်း။၊ အဖွဲ့ အစည်းအရသော်လည်းကောင်း ယုံကြည်လေးစားကြတယ်၊ အစ်ကိုကြီး အစ်မကြီးတွေလို သဘောထားပြီး ချစ်ခင်လေးစားယုံကြည်အားထားကြပါတယ်။OKRSO ဟာ သူတို့ တွေအတွက် ပြည်သူတွေအတွက် လမ်းပြကြယ် တစ်စင်းဖြစ်တယ်။
OKRSO နောက်မှာ စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ငယ်လေးတွေ၊ လူမှုရေးအဖွဲ့ တွေ၊ ပြည်သူတွေ အင်အားအပြည့်အ၀ရှိတယ်။အခြားတိုင်းရင်းသားအဖွဲ့ တွေနဲ့ လဲ OKRSO ဟာ မိတ်ကောင်းဆွေကောင်း အဖွဲ့ အစည်းတခု အနေနဲ့ ရပ်တည်ခဲ့တယ်။ ရှင်းရှင်းပြောရရင် OKRSO ဟာ ကရင်လူမျိုးတွေရဲ့ (အထူးသဖြင့် ထိုင်းနိုင်ငံ)စည်းလုံးညီညွတ်ခြင်းသင်္ကေတ၊ OKRSO ဟာ စည်းလုံးညီညွတ်ခြင်းရဲ့ြ့ပယုဂ်တခုဖြစ်ပါတယ်။(ပြည်တွင်းပြည်ပအတိုင်းအတာအရ ဒီနေရာမှာ မပြောသေးဘူး)။ဒီလိုမျိုး ရပ်တည်လာနိုင်အောင် ခင်ဗျားတို့ လို အာဏာရူး၊ ကလိမ်ကကျစ်တယောက်စ၊ နှစ်ယောက်စရဲ့ အစွမ်းအစတွေ နည်းနည်းမှမပါဘူး။စိတ်ဓါတ်မှန်ကန်တဲ့ သူတွေ၊ စိတ်ပုံမှန်ရှိတဲ့သူတွေရဲ့ အစွမ်းအစနဲ့ ဘဲလုပ်သွားတာ။။ အဲဒါ ခင်ဗျားတို့ အာဏာရူးတွေ မြင်မလားမသိဘူး။
အစဉ်အလာကြီးမားတဲ့အဖွဲ့ အစည်းတခု ၊ အခု..ခင်ဗျားတို့ ရောက်လာတဲ့အချိန်အခါမှာတော့ OKRSO ရဲ့ အနေအထားဟာ လုံးဝပြောင်းပြန်ဆန်ခတ်ဖြစ်သွားပါပြီး။ တကယ်တော့ OKRSO နဲ့ ခင်ဗျားတို့ နဲ့ လုံးဝမတန်ဘူး။ကျနော်ပြောရဲတယ်။ လုံးဝဆက်စပ်လို့ မရဘူး ။ OKRSOနဲ့ ခင်ဗျားတို့ ဟာ နတ်သုဒ္ဒါနဲ့ မစင်လိုဘဲ ကွာခြားတယ်။ခင်ဗျားတို့  ၀င်ရောက်ချယ်လှယ်တဲ့ နှစ်မှာဘဲ အဖွဲ့ အစည်းဟာ အစဉ်အလာအရ စည်းလုံးညီညွတ်ခြင်းပြယုဂ်အဖြစ် ရပ်တည်ရာကနေ အခုတော့OKRSO ဟာ ကျနော်တို့ ကရင်ပြည်သူတွေ၊ လူမှုအသိုင်းအ၀ိုင်းတွေရဲ့ စည်းလုံးညီညွတ်မှုကို သပ်လျှိုဖြိုခွဲတဲ့ပြယုဂ်၊ ကျနော်တို့ ကရင်လူမျိုးတွေကို ပြန်ပြီး အထင်သေးအမြင်သေး၊ ပြန်စော်ကားတဲ့ပြယုဂ်၊ အာဏာရူးတွေ ၊ ကြီးစိုးတဲ့ ပြယုဂ်၊ ကိုယ့်နဲ့ မတူသူ ကိုယ့်ရန်သူ၊ အချင်းချင်းဘေးပတ်ထုတ်၊ ဖြုတ်ထုတ်ဖယ်ရှားတဲ့ပြယုဂ်၊ကလိမ်ကကျစ် ဘလောင်းဘလဲပြယုဂ် ဖြစ်သွားပြီလေ။အဖွဲ့ အစည်းကို ဒီလိုအကျီးတန်တဲ့ပြယုဂ်ဖြစ်သွားအောင် စွမ်းဆောင်သွားတဲ့လူတွေကို ကျနော်တို့ ကရင်လူမျိုး၊ ကရင်လူမှုအသိုင်းအ၀ိုင်းမှာ လုံးဝ(လုံးဝ)အလိုမရှိတော့ဘူး။
နောက် နာယကတွေကိုပါ စည်းကမ်းချက်ထုတ်၊ ချုပ်ကိုင်ဖို့ တောင် လုပ်လာတယ်ဆိုဘဲ။ ခင်ဗျားတို့ အခုလိုမျိုး OKRSO အပေါ် ခွထိုင်လို့ ရအောင်၊ ခိုးစားဝှက်စားရအောင် နာယကဆိုတဲ့သူတွေက ဘယ်လောက်ထိ အနစ်နာခံခဲ့သလဲ။ ကိုယ့်လူမျိုးကို ချစ်တဲ့စိတ်တခုတည်းနဲ့ ဘာအကျိုးကိုမှ မမျှော်ကိုးဘဲ ပေးဆပ်ခဲ့တယ်။ ခင်ဗျားတို့ အရှက်မရှိတဲ့ ပါးစပ်မို့ လို့ ပြောထွက်တယ်။ ကမ္ဘာလောကကြီးထဲမှာ ခင်ဗျားတို့ နဲ့ ခင်ဗျားတို့ ရဲ့ သခင်မျက်နှာဖြူတွေဘဲ နေတာမဟုတ်ဘူး။ လူဆိုတာ လူ့ အသိုင်းအ၀ိုင်းနဲ့ နေရတယ်။ အရှက်မရှိ၊ စိတ်ရူးပေါက်တိုင်း ထင်ရာစိုင်းလုပ်လို့ မရဘူး။ ခင်ဗျားတို့ အကျနာမှာစိုးလို့ သတိပေးတာပါ။
တကယ်တော့ ခင်ဗျားတို့ လို အခွင့်အရေးသမား တယောက်စ၊ နှစ်ယောက်စကလွဲရင် ကျန်တဲ့ အဖွဲ့ ဝင်တွေ၊ ဗဟိုကော်မီတီဝင်တွေ၊ ဒေသခံအဖွဲ့ အစည်းတွေ၊ ပြည်သူတွေက ခင်ဗျားတို့ ကို ဒီဒေသ၊ ဒီလူမှုအသိုင်းအ၀ိုင်းမှာ လုံးဝမမြင်ချင်တော့ဘူး။(ခင်ဗျားတို့ အဖွဲ့ အစည်းထဲကို ၀င်ရှုပ်တဲ့အချိန်ကစလို့  ဒီကနေ့ အထိ၊ အဖွဲ့ ဝင်၊ မဟာမိတ်အဖွဲ့ ၊ ပြည်သူရဲ့ အမြင်ဆန္ဒ ၊ သဘောထား၊ မှတ်တမ်းတွေ အပြည့်အစုံရှိတယ်။)ခင်ဗျားတို့ ရဲ့ လူပါးဝတဲ့လုပ်ရပ်တွေ၊ စော်ကားမော်ကားလုပ်ရပ်တွေကြောင့် ရိုးသားတဲ့၊ အားနာတတ်တဲ့ကျနော်တို့ လူမျိုးတွေ ကြိတ်မိတ်ပြီး ခံသွားတဲ့သူရှိသလို၊ တချို့ ဆို မခံစားနိုင်တဲ့အဆုံး ခံစားချက်တွေ ပေါက်ကွဲလာတာ လူမှုကွန်ယက်စာမျက်နှာတွေမှာ ခင်ဗျားတို့ တွေ့ မိ၊ဖတ်မိမယ်ထင်ပါတယ်။ ဂရုစိုက်ရင်ပေါ့။
ခင်ဗျားတို့ သခင်တွေ လုပ်စားတဲ့အလုပ်နဲ့ ပတ်သက်ပြီး တယောက်ယောက်က OKRSOမှာ ဟန်ပြလာရှင်းပြမယ်။ ခင်ဗျားတို့ သခင်ကြီးကိုယ်တိုင်တော့ မျက်နှာမလာပြရဲဘူးလို့ ကြားတယ်။ ဘယ်အကွေ့ မှာ ဘာတက်နဲ့ လှော်ရမလဲ၊ဘယ်လိုရှောင်ရမလဲ၊ ဘယ်နေရာမှာ ဘယ်သူ့ ကို အသုံးချရမလဲဆိုတာ ခင်ဗျားတို့ နဲ့ ၊ ခင်ဗျားတို့ သခင်တွေ ကျမ်းကြေနေပြီမဟုတ်လား။ပုပ်ပွပြီး ဖုံးမနိုင်ဖိမရတဲ့အချိန်မှ အိုးနင်းခွက်နင်း လာရှင်းပြတော့ရော ဘာအကျိုးတွေရမှာမို့ လဲ။ ဖုတ်ကောင်ကို အသက်ပြန်သွင်းဖို့ မကြိုးစားပါနဲ့ ။ ဘယ်လိုဘဲ လုပ်ဇာတ်တွေ ခင်းပြ၊ခင်းပြ ခင်ဗျားတို့ နဲ့ ခင်ဗျားတို့ သခင်တွေရဲ့ လုပ်ရပ်တွေ ဘယ်သူမှမယုံဘူး။ဘယ်သူမှလဲ လက်မခံဘူး။
ပြီးတော့ ဒီလုပ်ဇာတ်ပွဲအတွက် ပိုင်ပိုင်နိုင်နိုင် ခင်ဗျားတို့ တိုက်ထားပြီးပြီလား။ ဘယ်အခန်းရောက်ရင် ဘယ်လို ဇာတ်ရုပ်နဲ့ ထွက်ရမလဲပေါ့။ စွမ်းအားရှင်တွေရော သွားငှားထားသေးလား။ တည့်တည့်ဘဲဖွင့်ချလိုက်ပါဗျာ.။. ခင်ဗျားတို့ ရဲ့ ဥာဏ်နီဥာဏ်နက်တွေ လူတွေအကုန်သိကုန်ပါပြီး။
" OKRSO အဖွဲ့ ကို ဘယ်လိုအလွဲသုံးစားလုပ်ခဲ့သလဲ။ သခင်မျက်နှာဖြူက သစ္စာဖေါက်ကရင်တွေကို ဘယ်လိုစည်းရုံးသိမ်းသွင်းရသလဲ၊ လာဘ်ဘယ်လောက်ထိုးခဲ့ရ၊ ဘယ်လို ဝေစားမျှစား လုပ်ခဲ့ရသလဲ။ အမျိုးသားရေးအပေါ်၊OKRSO အပေါ်သစ္စာရှိတဲ့ကရင်တွေကို အပြင်ကိုရောက်သွားအောင် အစီအစဉ်ရှိရှိဘယ်လိုစော်ကား၊ ရိုင်းပြခဲ့ရသလဲ။ သစ္စာဖေါက်ကောင်တွေကို ဘယ်လောက် သွေးထိုးလှုပ်ဆော်ပေးခဲ့ရသလဲ။ တခါက OKRSO အမာခံ ထောက်ပံ့ကြေးမယူတော့တာကို ဘယ်ရှေ့ နေ၊ရှေ့ ရပ်တွေနဲ့ ငှားဖို့  ကြိုးစားခဲ့ရ၊ ခြိမ်းခြောက်ခဲ့ရသလဲ။OKRSO အဖွဲ့ ဝင်တွေကြား ဘယ်လိုသွေးခွဲခဲ့သလဲ။ထမင်းအိုးမကွဲဖို့ OKRSO နဲ့ ကရင်လူမျိုးတွေကို ဘယ်လောက်ထိ အငမ်းမရ ဟန်ဆောင်ချစ်ပြခဲ့ရသလဲ။ အခုလုပ်တဲ့ ပရောဂျက်ဟာ OKRSO အဖွဲ့ တွေလက်ခံလာအောင် အသွင်တူသူအချင်းချင်း ဘယ်လောက်ထိ ခေါင်းချင်းဆိုင် အကွက်ဆင်ယူ ဇာတ်တိုက်ခဲ့ရသလဲ ၊ ဘယ်လောက်ထိ ဘလောင်းဘလဲလုပ်ရသလဲ"``စတာတွေပေါ့။
ဒီတော့ ခင်ဗျားတို့ အုပ်စုတွေရဲ့ လုပ်ရပ်တွေက ခင်ဗျားတို့ ..ကိုယ့်ကိုယ်ကို တန်းဖိုးဖြတ်လိုက်ပြီးဖြစ်တယ်။ ဒါပေမဲ့OKRSO အဖွဲ့ အစည်းရဲ့ တန်ဖိုးကို ခင်ဗျားတို့ ဈေးပေါပေါနဲ့ တန်ဖိုးဖြတ်ဖို့ ကြိုးစားနေတာကို ရပ်တန်းက ရပ်တော့။ကျနော်အပါအ၀င် စိတ်ဓါတ်အမှန်အကန်ရှိတဲ့ OKRSO ဗဟိုကော်မီတီဝင် အသစ်/အဟောင်း၊ ပြည်သူတွေ၊ မဟာမိတ်အဖွဲ့ တွေက ခင်ဗျားတို့ OKRSO အဖွဲ့ ရဲ့ တန်ဖိုးကို ဖြတ်ဖို့ ကြိုးစားရင် လက်ပိုက်ကြည့်နေမှာမဟုတ်ဘူး။ OKRSO အဖွဲ့ အစည်းရဲ့ တန်ဖိုးဟာ ပြည်သူတွေဘဲ ဆုံးဖြတ်လို့ ရမယ်။ သူခိုးဂျပိုးတွေလက်ထဲတော့ OKRSO အဖွဲ့  အပျောက်မခံနိုင်ဘူး။
.ယနေ့ အချိန်ကါလမှာ ကရင်လူမျိုးတွေအတွက် စည်းလုံးညီညွတ်ခြင်းဟာ အသက်တမျှအရေးကြီးနေတဲ့အချိန်အခါဖြစ်ပါတယ်။ စည်းလုံးညီညွတ်မှုဟာ ကျနော်တို့ ကရင်လူမျိုးတွေ ဘယ်ကစပြီး အစကောက်ရမှန်းမသိတဲ့အချိန်မှာ ….ပမာဏအားဖြင့် သိပ်မပြောပလောက်ပေမဲ့ ကမ္ဘာရဲ့ တထောင့်တနေရာမှာ အတိုင်းအတာတခုအနေနဲ့ စည်းလုံးညီညွတ်ပြီးသား ကိုယ့်ကရင် ပြည်သူတွေ၊ကိုယ့်ကရင်လူမှုအသိုင်းအ၀ိုင်းတွေကို ဖြိုခွဲဖျက်ဆီးဖို့ ၊ကြံစည်ကြိုးစားတဲ့ ဘယ်လူပုဂ္ဂိုလ်၊ ဘယ်အဖွဲ့ အစည်းမဆို အမျိုးသားရေးတာဝန်တရပ်အနေနဲ့ ဖယ်ရှားပစ်ရမှာဘဲ။
…………………………………….
ခင်ဗျားတို့ အပေါ် ကျနော်နားမလည်ဆုံးတခုက ခင်ဗျားတို့ ဘာဖြစ်လို့ ဒီလောက်ထိတောင်မှ သဲကြီးမဲကြီးနဲ့  ကလိမ်ကကျစ် လုပ်ဇာတ်တွေခင်း၊ ဖုတ်ကောင်တွေကို အသက်ပြန်သွင်း၊ ကိုယ့်နဲ့ အမြင်မတူသူတွေကို ဘေးပတ်ထုတ်၊ဖြုတ်ထုတ်သတ်ဝါဒတွေလုပ်ရတာလဲ။ အခုဆိုရင် ခင်ဗျားတို့ ရဲ့ အာဏာရူးသက်တမ်း ကုန်ဆုံးသွားပြီလေ။ ခင်ဗျားတို့ ကိုယ့်ကိုယ်ကို သိရဲ့ လားမသိဘူး။
ဘာလဲ…ကိုယ့်သက်ဆိုး…ကိုယ့်ဘာသာ ကိုယ်ပြန်ဆွဲဆန့် ဖို့ ကြိုးစားအုံးမလို့ လား ။ သတင်းကြားထားလို့ ပါ။ ပြီးတော့ အဖွဲ့ အစည်းကို အားရပါးရချယ်လှယ်လို့ ရအောင် ဖွဲ့ စည်းပုံပါ အချက်တွေ ထပ်ဖြည့်စွက်ချင်သေးတယ်။ တော်ပါတော့…. ကျနော်တို့ ကရင်လူမျိုးတွေ ခင်ဗျားတို့ ကို အလိုမရှိတော့ဘူး။သခင်တွေနဲ့ ပေါင်းပြီး ကိုယ့်အဖွဲ့ အစည်းကို ကိုယ့်လူမျိုးတွေကို ခင်ဗျားတို့ စော်ကားလို့ မ၀သေးဘူးလား။ ပြီးတော့ ခင်ဗျားတို့ ရဲ့ သက်တမ်း ကိုယ့်ဘာသာကိုယ် ဆွဲ့ ဆန့် ချင်တိုင်းဆွဲဆန့် လို့ ရမတဲ့လား။ ဖွဲ့ စည်းပုံရော ဖြည့်စွက်ချင်တိုင်း ဖြည့်စွက်လို့ ရမတဲ့လား။ ဟိုးအစကတည်းက ခင်ဗျားတို အဖွဲ့ စည်းထဲကို စ၀င်လာတဲ့ခြေလှမ်းတွေက မရိုးသားဘူးဆိုတာ လူတိုင်းသိနေတယ်။ ကျနော်ပြောခဲ့သလို OKRSO ဟာ လူတစုအတွက်မဟုတ်ဘူး။ လူတစုတည်းနဲ့ လဲဆိုင်တာမဟုတ်ဘူး။ ပြည်တွင်းပြည်ပမှာရောက်ရှိနေတဲ့ အဖွဲ့ ဝင်ဟောင်း/သစ်၊ ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ ကရင်လူမျိုးတွေ အားလုံးနဲ့ သက်ဆိုင်တယ်။ ခင်ဗျားတို့ လုပ်ချင်တိုင်းလုပ်လို့ မရဘူး။
ဗဟိုကော်မီတီဝင်သက်တမ်းဟာ ရွေးကောက်ပွဲမလုပ်ခင်ကတည်းက သတ်မှတ်ရပါတယ်။ ဥပမာအားဖြင့် ..ရွေးကောက်ပွဲလုပ်တော့မယ်ဆိုရင် …ဒီအခုတာဝန်ယူမဲ့ ဗဟိုကော်မီတီရဲ့ သက်တမ်းဟာဖြင့် ဒီလောက်၊ ဒီလောက်ရှိတယ်။ တနှစ်ဆိုရင်တနှစ်၊ နှစ်နှစ်ဆိုရင်နှစ်။ ရွေးကောက်ပွဲကော်မရှင်တွေ အရွေးခံမဲ့သူတွေ၊ ဗဟိုကော်မီတီအဖြစ်၊ အဖွဲ့ ဝင်အဖြစ်တာဝန်ယူမဲ့သူတွေ ၊ မဲပေးမဲ့ကရင်ပြည်သူတွေနဲ့ ပါ အားလုံး သဘောတူညီချက် အရင်ရယူရပါတယ်။
ကိုယ့်ဘာသာကိုယ်၊ ကိုယ့်သက်တမ်းကိုယ်ဆွဲဆန့် တာ ဘယ်အဖွဲ့ အစည်း၊ ဘယ်နိုင်ငံရဲ့ အစိုးရမှာမှ မရှိဘူး။ ရှိရင်လဲ ဘယ်သူ့ မှလက်ခံလို့ မရဘူး။ ဘယ်သူ့ မှအသိအမှတ်ပြုမှာ မဟုတ်ပါဘူး။
ဒီတော့ ခင်ဗျားတို့ အတွက် အသင့်တော်ဆုံး၊ ဂုဏ်သိက္ခာအရှိဆုံးက ရွေးကောက်ပွဲအသစ်လုပ်ဖို့ ဘဲ။ခင်ဗျားတို့ လဲ ဆက်လုပ်ချင်သေးတယ်ဆိုရင် ပြန်လည်အရွေးခံပေါ့။ သက်တမ်းတွေသတ်မှတ်ကြပေါ့။
ရွေးကောက်ပွဲအသစ်လုပ်ဖို့ လဲ ခင်ဗျားတို့ ကို လျော့တွက်လို့ တော့မရဘူး။ ခင်ဗျားတို့ သခင် မျက်နှာဖြူတွေက လက်ဝါးဖြန့် တောင်းယူထားတဲ့ ဒေါ်လာတွေက သုံးမကုန်ဖြုန်းမကုန်မဟုတ်လား။ ခင်ဗျားတို့  သခင်နဲ့ ကျွန် စရိုက်တွေကလဲ ဗမာစစ်အာဏာရှင်စရိုက်တွေဆိုတော့ ရွေးကောက်ပွဲအနိုင်ရရှိအောင်၊ အာဏာကို တသက်လုံးချယ်လှယ်လို့ ရတဲ့ ဖွဲ့ စည်းပုံ ရေးဆွဲလို့ ရအောင် ညောင်နှစ်ပင်ညီလာခံလိုကျင်းပဖို့ သန်းရွှေတို့ သိန်းစိန်တို့ ကိုပါ ပညာရှင်တွေအနေနဲ့ ခင်ဗျားတို့ သခင်တွေ အငှားခေါ်ပေးမလားမသိဘူး။ အကျိုးတူ၊ အကြံတူတွေဆိုတော့ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး။ အဲဒါကတော့ ခင်ဗျားတို့ အပိုင်းပါ။
ဒါပေမဲ့ ကိုယ့်သက်တမ်း ကိုယ့်ဘာသာကိုယ်ဆွဲဆန့် ဖို့ ကြိုးစားရင်တော့ ဘယ်သူမှ အသိအမှတ်ပြုမှာမဟုတ်သလို ၊ ဘယ်သူမှလဲ လက်ခံမှာမဟုတ်ပါကြောင်း အသိပေးအပ်ပါတယ်။
စောအာကါကျော် (OKRSO ဥက္ကဌဟောင်း ၊နာယကဟောင်း)
မှတ်ချက်…………..ငှင်းပေးစာသည် အခြား ကရင်ကွန်မြူနတီတွင်လဲ ပို့ ပေးထားပါကြောင်း။

Post a CommentDefault CommentsFacebook Comments