ဝါရှင်တန်မှာ ပစ်ခတ်မှုကြောင့် အမျိုးသမီး တဦး သေဆုံး



အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီ မြို့တော်ရှိ သမ္မတအိမ်ဖြူတော်အနီးက အတားအဆီးတွေ ကို ဖြတ်မောင်းဖို့ ကြိုး စားခဲ့သူ အင်ဖင်နတီကားအနက်နဲ့ အမျိုးသမီးတဦးကို လိုက်လံ ပစ်ခတ်ရာမှာ အဆိုပါ အမျိုးသမီး သေဆုံးသွားပါတယ်။ 


ကား အတွင်းမှာ အသက် ၁ နှစ်အရွယ်သမီးငယ်ကလေးကျန်ခဲ့ပါတယ်။ အဲဒီကလေးငယ်မလေးကတော့ ဘာဒဏ်ရာမှ မရပဲ ရဲက ပြုစု စောင့်ရှောက်လိုက်ရပါတယ်။ 

မာရီယံ ကာလေး ဆိုသူ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးဟာ သူ့ ကားကို အိမ်ဖြူတော် လုံခြုံရေး အတားအဆီးတွေကို ဖြတ်မောင်းဖို့ ကြိုးစားရာက ကွန်ဂရက်လွှတ်တော်နားမှာပဲ ရဲနဲ့ လုံခြုံရေး ရဲတွေက လိုက်လံ တားဆီး ပစ်ခတ်ဖို့ ကြိုးစားခဲ့ လို့ အဆိုပါ အမျိုးသမီး သေဆုံးသွားရတာလို့ စီအန်အန်သတင်းက ဆိုပါတယ်။ 

သူက ကားကို မောင်းပြေးရင် လုံခြုံရေးကားတွေကို လိုက်တိုက်ခဲ့တာကြောင့်လည်း လုံခြုံရေးအရာရှိ ၂ ဦး ဒဏ်ရာ ရသွား ခဲ့ ကြတယ်လို့ သိရပါတယ်။ 

ကွန်ဂရက်လွှတ်တော်က ရဲအရာရှိကြီးကလည်း ဒါဟာ အကြမ်းဖက်မှု မဟုတ်ဘူးလို့ ပြေားထားပါ တယ်။ 

ဖြစ်စဉ်တွေကိုတော့ သမ္မတ အိုဘားမားကို အကျဉ်းချုပ် အစီရင်ခံထားတယ်လို့လည်း သိရပါတယ်။ 

အခုဖြစ်ရပ်မှာ တိုက်ဆိုင်တာက အမေရိကန် ကွန်ဂရက်က အစိုးရ အသုံးစရိတ် ဘတ်ဂျက်ဆိုင်ရာ အငြင်း ပွားနေချိန်၊ ဘတ်ဂျက်တွေ ကွန်ဂရက်က ချမပေးလို့ အစိုးရ ဋ္ဌာနတချို့ ပိတ်သိမ်းလိုက်ရချိန်လည်း ဖြစ်နေ ပါတယ်။ 

ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အသေးစိပ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပြီး ဘာကြောင့် ဖြစ်တယ်ဆိုတာ အဖြေရှာနေ ဆဲဖြစ်တယ်လို့ သိရပါတယ်။ 

Related

news 3047440932805408338

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item